Sunday, June 28, 2015
12:24 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မကွေး ဇွန် ၂၈
ပညာရေးမြှင့်တင်မှုအကောင်အထည်ဖော်ရေး ဆွေးနွေးပွဲကို ယနေ့နံနက်က မကွေးမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီ တက်ရောက်အဖွင့်အမှာစကားပြောကြားပါသည်။
ယင်းနောက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းက အမှာစကားပြောကြားပြီး အမျိုးစားပညာရေးဥပဒေနှင့် ဆက်စပ်ဥပဒေများကိုရှင်းလင်းတင်ပြရာတွင် မကွေးမြို့နယ် မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးက အခြေခံပညာရေးဥပဒေ(မူကြမ်း)ကို လည်းကောင်း၊ ချောက်မြို့နယ်ပညာရေးမှူး ဒေါ်ကြည်ကြည်ဝင်းက နည်းပညာနှင့် အသက်မွေးပညာရေးဥပဒေ(မူကြမ်း) ကိုလည်းကောင်း၊ တောင်တွင်းကြီးမြို့နယ် ဒုတိယ ပညာရေးမှူး ဦးဆက်အောင်က ပုဂ္ဂလိကပညာရေး ဥပဒေ(မူကြမ်း)ကိုလည်းကောင်းဖတ်ကြားပါသည်
ယင်းနောက် ဒေသလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအမြင်ဖြင့် မူကြိုမှ အဆင်မြင့်ပညာအထိ လိုအပ်ချက်များ၊ ကျောင်းပြင်ပ ပညာရေး၊ အသက်မွေးပညာရေးလိုအပ်ချက်များ၊ ကျောင်း၊ သင်ထောက်ကူနှင့် ဆရာလိုအပ်ချက်များကိုက်ညီစီမံနိုင်ရန် လိုအပ်ချက်များ၊ အခြေခံပညာရေးဥပဒေ(မူကြမ်း)၊ နည်းပညာနှင့် အသက်မွေးပညာရေးဥပဒေ(မူကြမ်း)၊ ပုဂ္ဂလိကပညာရေးဥပဒေ(မူကြမ်း)များနှင့် ပတ်သက်သည့် အကြံပြုချက်များကို ပြန်လည်ဆွေးနွေးကြပါသည်။
အဆိုပါ ပညာရေးမြှင့်တင်မှုအကောင်အထည်ဖော်ရေး ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ အငြိမ်းစားပညာရေးဝန်ထမ်းများ၊ တက္ကသိုလ်/ကောလိပ်များမှ ဆရာ/မများ၊ တိုင်း/ခရိုင်/မြို့နယ်မှ ပညာရေးဝန်ထမ်းများ၊အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment