Sunday, June 28, 2015

အောင်လံ ဇွန်လ ၂၆ ရက်
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်တွင်၂၀၁၅ ခုနှစ်ဇွန်လ၂၆ရက်နံနက်၉နာရီအချိန်က
အောင်လံမြို့အ-ထ-က(၁) ရွှေရတုခန်းမတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှု့နှင့်တရားမ၀င်
ရောင်းဝယ်မှု့တိုက်ဖျက်ရေးနေ့အခမ်းအနားကျင်းပခဲ့သည်။
    အခမ်းအနားတွင်အောင်လံမြို့နယ်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရယ်
တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဌမြို့နယ်အုပ်ချုပ်ရေးမှူးဦးသိန်းဆင့်ကအဖွင့်အမှာစကားပြောကြားပြီးနောက်
မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့
ဥက္ကဌပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို ထံမှ ပေးပို့သည့် သ၀ဏ်လွှာအားမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးတင်ကိုကိုကဖတ်ကြားခဲ့ပြီးနောက်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေး
ဝါးအလွဲသုံးမှု့နှင့်တရားမ၀င်ရောင်းဝယ်မှု့တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ပန်းချီ၊ကာတွန်း၊စာစီစာကုံး၊
ပိုစတာပြိုင်ပွဲများတွင်ဆုရရှိကြသူကျောင်းသား၊ကျောင်းသူ  (၁၃)ဦးတို့အား  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့အမှု့ဆောင်အရာရှိ ဦးမောင်မောင်အေး  မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်အေးအေးသန့်နှင့်အ-ထ-က(၁)ကျောင်း အုပ်ဆရာမကြီး ဒေါ်စန်းစန်းဌေးတို့မှဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်းသိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video