Sunday, June 28, 2015


နတ်မောက်           ဇွန်၂၆မကွေးတိုင်းဒေသကြီးနတ်မောက်မြို့တွင်မြို့နယ်ပြန်/ဆက်ဦးစီးဌာနနှင့်မြို့နယ်ရဲတပ်ဖွဲတို့ပူးပေါင်း
၍အောင်ဆန်းရပ်ကွက်ရှိအခြေခံပညာအလယ်တန်းကျောင်းတွင်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲ
သုံးမှုနှင့်တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ဟောပြောပွဲ၊နံရံကပ်စာစောင်နှင့်ဓါတ်ပုံပြပွဲအခမ်းအနား
ကိုဇွန်၂၆ရက်နံနက်၉နာရီကအဆိုပါကျောင်းတွင်ကျင်းပသည်။
အခမ်းအနားတွင်အလယ်တန်းပြဆရာမဒေါ်လှိုင်လှိုင်ဦးမှအဖွင့်အမှာစကားပြောကြားပြီးမြို့နယ်ပြန်/ဆက်
ဦးစီးမှူးဒေါ်ဥမ္မာခင်မှမူးယစ်ဆေးဝါးအန္တရာယ်သိကောင်းစရာများကိုလည်းကောင်းမြို့နယ်ရဲတပ်ဖွဲ့ရဲအုပ်သီရိ
တင်မှမူးယစ်ဆေးဝါးများ၏ဆိုးကျိုးနှင့်မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ
အကြောင်းကိုဟောပြောခဲ့ပြီးမူးယစ်ကင်စင်ကမ္ဘာတစ်ခွင်စာစီစာကုံးပြိုင်ပွဲမှဆုရရှိသည့်ကျောင်းသားလူငယ်
များကိုမြို့နယ်ပြန်/ဆက်ဦးစီးမှူးနှင့်မြို့နယ်ရဲတပ်ဖွဲ့ရဲအုပ်တို့ကဆုများအသီးသီးချီးမြှင့်ခဲ့သည်။ထို့နောက်မြို့ပေါ်
လူငယ်များစုပေါင်းလှူဒါန်းသည့်ဗလာစာအုပ်နှင့်ဘောပင်များကိုအလယ်တန်းရှိကျောင်းသားကျောင်းသူ(၁၂၂)ဦး
အားခွဲဝေလှူဒါန်းပေးပြီးမြို့နယ်ပြန်/ဆက်ဦးစီဌာနမှခင်းကျင်းပြသထားသည့်စာအုပ်၊စာစောင်၊နံရံကပ်နှင့်ဓါတ်ပုံ
များကိုကျောင်းသားလူငယ်များကလိုက်လံကြည့်ရှုမှတ်သားနေကြကြောင်းသိရသည်။             လှဝင်း(IPRD)

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video