Tuesday, June 30, 2015

၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့ နံနက် (၆) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ မြို့နယ်သစ်တောဦးစီးအရာရှိ ဦးတင်ထွဏ်း (၃၈)နှစ်နှင့်အဖွဲ့ သည် တောင်တွင်းကြီး မြို့အ၀င် မောင်းတိုင်ဂိတ်တွင် သတင်းအရ စောင့်ဆိုင်းနေစဉ် အောင်လံဘက် မှ တောင်တွင်းကြီး ဘက်သို့ တောင်တွင်း ကြီးမြို့နယ်၊ ချောင်းနက်အရှေ့စု ကျေးရွာနေသူ ယာဉ်မောင်း နော်လွန်းဇော် (၃၇)နှစ် မောင်းနှင်လာသော ယာဉ်အမှတ် 6A/1174 (၆)ဘီးအပြာ DONFENG ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမ၀င် ကျွန်းသစ်(၁)လုံး (၀.၀၆၇၆)တန် (တန်ဘိုး-၁၀၁၄၀ိ/-)၊ ကျွန်းဒါးရွှေ (၁၇)ချောင်း (၁.၅၇၀၂)တန် (တန်ဘိုး-၄၇၁၀၆၀ိ/-)၊ ကျွန်းမျှောတိုင် (၄)လုံး (၀.၂၄၀၈)တန် (တန်ဘိုး- ၈၀၀၀ိ/-)၊ နှောတိုင်(၂)လုံး (၀.၁၂၈၂)တန် (တန်ဘိုး-၂၄၀၀ိ/-)၊ နှော ဒါးရွှေ တုံး(၂)တုံး (၀.၁၅၈၈)တန် (တန်ဘိုး-၁၂၇၀၄ိ/-)၊ စုစုပေါင်း ကျွန်း(၁.၈၇၈၆)တန်၊ အခြားသား (၀.၂၇၈၀)တန်၊ စုစုပေါင်းတန်ဘိုး-၅၀၄၃၀၄ိ/-တို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် တရားမ၀င် ကျွန်း သစ်နှင့် အခြားသားသစ်များ သယ်ဆောင်သူ နော်လွန်းဇော် အား အရေးယူပေးပါရန် ၂၉.၆.၂၀၁၅ ရက်နေ့ တွင် မြို့နယ်သစ်တောဦးစီးအရာရှိ ဦးတင်ထွဏ်းမှ တရားလိုပြုလုပ် တိုင်တန်း သဖြင့် တောင်တွင်းကြီး မြို့နယ်၊ မြို့မရဲစခန်း(ပ)၂၆၁/၂၀၁၅၊ သစ်တောဥပဒေပုဒ်မ ၄၃(က) အရ အမှုရေးဖွင့် ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video