Sunday, June 28, 2015






မကွေး   ဇွန်    ၂၈
    ၂၀၁၅ခုနှစ် ဇူလိုင်(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ဆိုင်းဘုတ်တင်ပွဲကို ယနေ့နံနက်(၈)နာရီက မကွေးမြို့ လမ်းငါးသွယ်အ၀ိုင်းပတ်တွင် ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့်ဇနီး မကွေးတိုင်းဒေသကြီးအမျိုးသမီးရေးရာ နာယက ဒေါ်စမ်းစမ်းမြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ် အဆင့်ဌာန ဆိုင်ရာများ၊ တိုင်း/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းသူများတို့ တက်ရောက်ါသည်။
    မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာဥက္ကဌ ဒေါ်သင်းသင်းထွေးက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာ နာယက ဒေါ်စမ်းစမ်းမြင့်က ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပါသည်။
    ဆက်လက်ပြီးမကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၏ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  မြန်မာ့ရိုးရာအစားအစာရောင်းချပွဲ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုပဒေသာကပွဲ၊ ၀တ်စားဆင်ယင်မှုပြိုင်ပွဲကို မကွေးမြို့ မြို့တော်ခန်းမတွင် ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်အားပေးပါသည်။
ယင်းနောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ပဒေသာကပွဲနှင့် ၀တ်စားဆင်ယင်မှုပြိုင်ပွဲကို ဆက်လက် ကျင်းပရာ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသူလေးများက မြန်မာအမျိုးသမီး များနေ့သီချင်းဖြင့် ဂုဏ်ပြု သီဆိုဖျော်ဖြေခဲ့ပြီး ပေါင်းစုညီညာအမျိုးသမီးရေးရာ၊ ဗိုလ်ရှုသဘင်၊ ထာဝရသစ္စာ၊ မိုးဇာဗြောများဖြင့်လည်းကောင်း၊ ဆေးတက္ကသိုလ်မှ ကျောင်းသား/သူများက ချင်းရိုးရာတေးသရုပ်ဖော်အက၊ မကွေးတက္ကသိုလ်မှ မွန်တို့ဌာနေ ရာမညမြေ၊ ပညာရေးကောလိပ်မှ သားလိမ္မာအကများ၊ အခြေခံကျန်းမာရေးတက္ကသိုလ်မှ ကျောင်းသား/သူများက ရှမ်းရိုးရာအကများဖြင့်လည်းကောင်း၊ အမျိုးသမီး ရေးရာ အဖွဲ့များက ခန့်ညာဝင့်ထည်လှသွေးကြွယ်မျိုးနွယ်ဂုဏ်မြင့်ပွဲလယ်တင့်အမည်ဖြင့် မြန်မာ့ရိုးရာ ၀တ်စား ဆင်ယင်မှုများဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ကြပါသည်။
    ယင်းနောက် ဆုရရှိသူများအား မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်စမ်းစမ်းမြင့်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video