၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့ ညနေ (၃) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင်၊ အောင်လံမြို့နယ်၊ အောင်လံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေ အတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် တရော်ကုန်းရပ်ကွက်၊ တိုးချဲ့(၁)လမ်း အရောက် တွင် အောင်လံမြို့၊ ဇေယျဝတီရပ်ကွက်နေသူ ကျော်ဇင်ဦး (၃၄)နှစ်သည် BONOR U-10 အနက်ရောင် လက်ကိုင်ဖုန်း ဟန်းဆက်(၁)လုံးအား လိုက်လံရောင်းချနေကြောင်း သတင်းအရ စစ်မေးရာ ၄င်း ပိုင်ဆိုင်ကြောင်း ပြောဆိုနိုင်ခြင်း မရှိသည့်အပြင် လွန်ခဲ့သော(၁၀)ရက်ခန့်က HUAWEI C-8813D ဖြူနက် လက်ကိုင်ဖုန်း (၁)လုံးအား တရော်ကုန်းရပ်ကွက်နေ ကိုမျိုးချစ်ထံသို့ ငွေ-၃၀၀၀၀ိ/-ဖြင့် ရောင်းချ ခဲ့ကြောင်း ပေါ်ပေါက်ပြီး အဆိုပါ ဖုန်းနှင့်ပတ်သက်၍လည်း ပိုင်ဆိုင်ကြောင်း အထောက် အထား တစ်စုံတစ်ရာ ပြောဆိုနိုင်ခြင်း မရှိသဖြင့် နေအိမ်အဆောက်အဦ တစ်ခုခုအတွင်းမှ ခိုးယူလာ သည်ဟု မသင်္ကာ၍ ကျော်ဇင်ဦးအား အောင်လံမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၇/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀/ ကျင့် ၅၄ အရ အမှုရေးဖွင့် ဆောင်ရွက် ထားကြောင်း သတင်းရရှိပါသည်။
Tuesday, June 30, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment