၂၀၁၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ နေ့လည် (၁)နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင် ၊ အောင်လံမြို့နယ်၊ အောင်လံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သတင်း အရ အောင်လံမြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ် (၆/၂ဝ၁၅)ဖြင့် အောင်လံမြို့မ ဈေး အတွင်းရှိ အောင်လံမြို့၊ ဇေယျဝတီရပ်ကွက်နေ မတင်တင်စန်း(၅ဝ)နှစ်၏ ကွမ်းသီး ကွမ်းရွက် အရောင်း ဆိုင်အား ဝင်ရောက်ရှာဖွေခဲ့ကြောင်း သတင်းရရှိပါသည်။
အောင်လံမြို့၊ ဇေယျဝတီရပ်ကွက်နေ မတင်တင်စန်း(၅ဝ)နှစ်၏ထမီအတွင်း ချဲထီ ဘောက်ချာ စာအုပ်များ သိမ်းဆည်းယူဆောင်သွားသည်ကိုတွေ့ရှိရ၍ အမျိုးသမီးရဲမေဖြင့် သက်သေများရှေ့တွင် ရှာဖွေစစ်ဆေး ခဲ့ရာ မတင်တင်စန်း၏ထမီအတွင်းမှ လောင်းကစားရာတွင်အသုံးပြုသော စာရွက် စာတမ်းများနှင့် ငွေ စက္ကူရောရာ (၅၈,၅၅ဝိ/-) တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသဖြင့် ချဲထီ လောင်းကစားပြုလုပ်သူ မတင်တင်စန်းအား အောင်လံမြို့နယ်၊ မြို့မရဲစခန်း (ပ) ၁၂၁/ ၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ အမှုရေးဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။
0 comments:
Post a Comment