Sunday, June 28, 2015

ဂန့်ဂေါ ဇွန် ၂၆
    ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ဂန့်ဂေါခရိုင်အတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆောမြို့နယ်များတွင် ဇွန် ၈ ရက်မှ ၂၁ ရက်ထိထုတ်ပြန်ကြေညာခဲ့ရာ အမည်မပါသူများ၊ အ မည်(သို့) အချက်အလက်မှားယွင်းမှုများ၊မဲစာရင်းတွင်မပါဝင်သင့်သူများတို့နှင့် စပ်လျှဉ်း၍
 လျှောက်ထားရမည့် အချက်အလက်များတို့ကို မဲစာရင်းတွင်ပါရှိသူများ မဲပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် မေတ္တာရပ်ခံချက်များ ဖော်ပြပါရှိသည်။
    ထိုသို့ကြေညာခဲ့ရာ အဆိုလွှာတင်သွင်းခြင်း၊ ပြင်ဆင်လွှာတင်သွင်းခြင်း၊ ကန့်ကွက်လွှာတင်သွင်းခြင်း တို့အရ ဂန့်ဂေါမြို့နယ်တွင် မူလအခြေခံမဲစာရင်း ၉၄၁၅၄ မှ အခြေခံမဲစာရင်း ၉၄၅၀၈ ဦးရှိပြီး ၃၅၄ ဦးတိုးလာ ခြင်း၊ ထီးလင်းမြို့နယ်တွင် မူလအခြေခံမဲစာရင်း ၃၈၉၀၁ ဦးမှ အခြေခံမဲစာရင်း ၃၈၈၈၆ ဦးရှိပြီး ၁၅ ဦး လျှော့ သွားခြင်း၊ ဆောမြို့နယ်တွင် မူလအခြေခံမဲစာရင်း ၅၂၂၃၈ ဦးမှ အခြေခံမဲစာရင်း ၅၂၅၀၇ ဦးရှိပြီး ၂၆၉ ဦးတိုး လာခြင်းများ ရှိလာသည့်အတွက် ခရိုင်အတွင်းရှိ မူလအခြေခံမဲစာရင်း ၁၈၅၂၉၃ မှ တောင်းဆိုလွှာ၊ ပြင်ဆင် လွှာ၊ ကန့်ကွက်လွှာများတင်သွင်းပြီးသည့်အခါတွင် အခြေခံမဲဆန္ဒရှင်စာရင်းမှာ ၁၈၅၉၀၁ ဖြစ်ကြောင်းနှင့် အဆို ပါစာရင်းတွင် တပ်မတော်သားများ၊ အတူနေမဲဆန္ဒရှင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အတူနေအိမ်ထောင်စုမဲဆန္ဒရှင် စာရင်းများ ပါဝင်ခြင်းမရှိကြောင်း ဂန့်ဂေါခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ထုတ်ပြန်ကြေညာချက်အရ သိရ သည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video