Sunday, June 28, 2015


မင်းဘူး        ဇွန်       ၂၇
    မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင် မီးသတ်ဦးစီးဌာနရှိ မီးသတ်စခန်းအား အဆောက်အဦသစ် တိုးချဲ့ ဆောက်လုပ်ရန် ဇွန်လ(၂၇)ရက်နေ့ နံနက်(၈)နာရီအချိန်က ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပပြုလုပ်ရာ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်လင်းအောင်မှ  မင်္ဂလာအခါတော်အချိန်တွင် အဆောက်အဦ ဗဟိုပန္နက်အား (၉)ချက်ရိုက်၍ ပန္နက်တင်ပေးပြီး တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။
    အဆိုပါအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြုအဖွဲ့ဝင် နှင့် မီးသတ်တပ်ဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး၊တိုးချဲ့မီးသတ်စခန်းအဆောက်အဦအား ပြည့်စုံလျှံဆောက်လုပ်
 ရေးမှ တာဝန်ယူ၍ (၆၅x၅၂x၂၆)ပေ၊(၅)ယူနစ် RCC (၂)ထပ် မီးသတ်စခန်းကို တာဝန်ယူဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video