Wednesday, September 30, 2015

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ကျွန်းဓါတ်ကျေးရွာတောင်ဘက် (၁)ဖာလုံ ခန့်အကွာ ဂန့်ဂေါ-ကလေး ကားလမ်းမိုင်တိုင်အမှတ် ၃/၃နှင့် ၃/၄ အကြားတွင် နေ့လည် (၂း၄၅) အချိန်တွင် ယာဉ် တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရ ဂန့်ဂေါမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

 မွှေ့လယ်ရွာဘက်မှ ဂန့်ဂေါဘက်သို့ ဂန့်ဂေါမြို့၊ ကျောတိုက်ရပ်ကွက်နေ သူရထွန်း(၂၇)နှစ်သည် 9J/6456 FUSO အဖြူရောင်(၁၂)ဘီးယာဉ်ပေါ်တွင် ၂က/xxxx ၊ ဒိုင်နာယာဉ်အပြာနုရောင်ကားအား တင်ဆောင် ၊မောင်းနှင်လာပြီး ကျော်ကျေးရွာမှ ကျွန်းဒတ်ကျေးရွာဘက်သို့ ဂန့်ဂေါမြို့၊ ကျွန်းဒတ်ရွာနေ ညီညီထွေး (၂ဝ)နှစ်တစ်ဦးတည်းမောင်းနှင်လာသော ၂၄ယ/xxx ၊ KENBO 125 အစိမ်းရောင် ဆိုင်ကယ်တို့ လမ်းအကွေ့တွင် မျက်နှာချင်းဆိုင် ကား၏ရှေ့ဝဲဘက်ဘန်ကာအားတိုက်မိ၍ ညီညီထွေး တွင် ဦးခေါင်း ထိပ်(၃)လက်မခန့်ပေါက်ပြဲဒဏ်ရာ၊ ဦးနှောက်ထွက်ဒဏ်ရာများ ရရှိသေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိ ရသဖြင့် ယာဉ်အား မဆင်မခြင်မောင်းနှင်သူ သူရထွန်းအား ဂန့်ဂေါမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၃၂/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။ 


၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကလေး-ဂန့်ဂေါကားလမ်း မိုင်တိုင်အမှတ် ၂၆/၃နှင့် ၂၆/၄အကြား ရဲလှရွာအနီးတွင် ည (၉း၄၅) အချိန်ခန့်တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ တောင်ခင်ရမ်းရဲကင်း စခန်းမှ တပ်ဖွဲ့ဝင်များသည်သက်သေများနှင့်အတူသွားရောက်စစ်ဆေးခဲ့ ကြောင်းသတင်းရရှိပါသည်။ 

ကလေးဘက်မှ ဂန့်ဂေါဘက်သို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ပင်လုံရပ်နေ ဝေယံထွန်း (၂၇)နှစ် မောင်းနှင်သော ၄ခ/xxx ၊ NISSAN B45 နို့နှစ်ရောင်ယာဉ်ပေါ်တွင် ဆန်အိတ်အလုံး (၇ဝ) တင်ဆောင်မောင်းနှင်လာစဉ် ကျော်ရွာဘက်မှ မြောက်ခင်ရမ်းဘက်သို့ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရမ်း ရွာနေ စန်းအောင် (၂၈)နှစ်မောင်းနှင်ပြီး နောက်မှ တစ်ရွာတည်းနေ မြင့်စိုး(၂၈)နှစ်လိုက်ပါလာသည့် ၁ဝယ/xxxx ၊ ZIP STAR 110 အနက်ရောင်ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် ကား၏ရှေ့ဘန်ကာ ဝဲဘက်ခြမ်း အားတိုက်မိ၍ မြင့်စိုးတွင် ယာလက်ဖျံပေါက်ပြဲဒဏ်ရာ၊ ပါးစပ်သွေးထွက်ဒဏ်ရာ၊ ရှေ့သွား ကျိုး/မေးရိုး ယာဘက်ခြမ်းပေါက်ပြဲဒဏ်ရာများရရှိကာ စန်းအောင်တွင် ဝဲ/ယာမျက်ခုံး(၁)လက်မခန့် ပေါက်ပြဲဒဏ်ရာ၊ ယာပခုံးပွန်းပဲ့ဒဏ်ရာ၊ ဦးခေါင်းနောက်စေ့(၄)လက်မခန့် ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ဝေယံထွန်းအား ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေ ရဲစခန်း ယာဉ်(ပ)၁၈/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က/၃၃၈ အရ အမှုဖွင့် အရေးယူဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။



၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက် 
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ နွားထိန်းကျေးရွာနေ မငြိမ်းအေး(၂၇)နှစ်သည် ၎င်းနေ့ ၊နေ့လည် (၁) နာရီအချိန် နေအိမ်တွင်ရှိနေစဉ် ခင်ပွန်းဖြစ်သူ ကိုနိုင်လင်း(၂၉)နှစ်နှင့် တစ်ရွာ တည်းနေ ကိုအုန်းခိုင် (၄၄)နှစ်တို့ စကားများရန်ဖြစ်ကြောင်း သိရှိရ၍လိုက်သွားရာ ရွာတောင်ဘက် ပေါ်တော်မူဘုရား အနီးတွင် ခင်ပွန်းဖြစ်သူ ကိုနိုင်လင်းမှာ မြေပြင်တွင် ပက်လက်လဲကျကာ ပါးစပ်မှအမြှုပ်ထွက်နေသည် ကိုတွေ့ရှိရ၍ အနီးရှိလူများအား မေးမြန်းရာ ကိုအုန်းခိုင်မှ ကိုနိုင်လင်းအား အရိုးအသွား (၉)လက်မခန့်ရှိ ဓါးဖြင့်ထိုးသွားကြောင်း ပြောပြသိရှိရပြီး ကိုနိုင်လင်းမှာ ဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌သေဆုံးသွားသဖြင့် ကိုအုန်းခိုင်အား အရေးယူပေးရန် မငြိမ်းအေးမှ တရားလို ပြုလုပ်တိုင်တန်းသဖြင့် ရေစကြိုမြို့နယ်၊ မြို့မ ရဲစခန်း (ပ)၁၉၃/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၂ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။ 


Tuesday, September 29, 2015

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ကွမ်းဇဲသစ်တောကြိုးဝိုင်းအတွင်း ၂၈.၉.၂ဝ၁၅ ရက်နေ့ (၁၂)နာရီအချိန်ခန့်တွင် သစ်ပင်အား ဖြတ်လှဲစဉ် လူတစ်ဦးသေဆုံးကြောင်း သတင်းအရ ဂန့်ဂေါမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်မှာ ဂန့်ဂေါမြို့နယ်၊ ကွမ်းဇဲသစ်တောကြိုးဝိုင်း သစ်ထုတ်လုပ်ကွက် အမှတ်(၅၃)တွင် သစ်ထုတ် လုပ်ရေးဌာနမှ ဂန့်ဂေါမြို့နယ်၊ ပိုဦးကျေးရွာနေ ဆင်ဦးစီး စိုးသူ(၃၁)နှစ်သည် သစ်ပင်အမှတ် (၁၈)၊ လုံးပတ်(၆)ပေခန့်၊ အမြင့် (၃ဝ)ပေခန့်ရှိသော ထောက်ကြံ့ပင်အား ချိမ်းဆော့ဖြင့်ဖြတ်လှဲစဉ် အနီးအနား တွင် သစ်ထုတ်လုပ်ရေး ဌာနမှ ဦးဖေမှီနှင့် ဇော်မင်းထွန်းတို့ရှိနေပြီး သစ်ပင် ပင်စည်မပြတ်မီ သစ်ပင်မှာ ကွဲအက်လဲကျကာ သစ်ပင်၏ သစ်ချွန်စနှင့် စိုးသူအား ရိုက်မိရာ သစ်ပင်ခြေရင်းနှင့် (၁၅)ပေခန့် အကွာသို့ လွင့်စင်ကာ မြေကြီးပေါ်သို့ လဲကျသွားပြီး စိုးသူ၏ ဝဲဘက်ဦးခေါင်း ဂျိုစောင်း (၅)လက်မခန့်အရှည် ကွဲကြေ ဒဏ်ရာ ရရှိခဲ့၍ ဂန့်ဂေါပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခရီး၌ သေဆုံးသွားသဖြင့် သေဆုံးခြင်း အကြောင်းရင်းမှန်အား သိရှိနိုင်ရန်အတွက် ဂန့်ဂေါမြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁၂/၂ဝ၁၅) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိ ကြောင်း သတင်းရရှိပါသည်။ 

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့၊ အမှတ်(၈)စိတ္တသုခရပ်ကွက်နေသူ ဦးရန်နိုင် (၆၀)နှစ် အား နှစ်လုံးထီ၊ သုံးလုံးထီ လောင်းကစားဒိုင်ပြုလုပ်မှုဖြင့် ရေစကြိုမြို့မရဲစခန်းမှ အရေးယူ ထားရှိကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်မှာ ၂၈.၉.၂ဝ၁၅ ရက်နေ့ နံနက် (၁၁)နာရီ အချိန်ခန့်တွင် ရေစကြိုမြို့မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် သတင်းအရ သက်သေများနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်း အမှတ် (၂၂/၂ဝ၁၅)ဖြင့် ရေစကြိုမြို့၊ အမှတ်(၈)စိတ္တသုခ ရပ်ကွက်နေသူ ဦးရန်နိုင် (၆၀)နှစ်၏ နေအိမ်အတွင်း ဝင်ရောက်ရှာဖွေခဲ့ရာ နှစ်လုံးထီနှင့် သုံးလုံးထီလောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်း များနှင့် လောင်းကြေးငွေ စက္ကူရောရာ ၂,၃ဝဝိ/- တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် တရားမဝင် နှစ်လုံးထီနှင့်သုံးလုံးထီ လောင်းကစားဒိုင် ပြုလုပ်သူ ဦးရန်နိုင်အား ရေစကြိုမြို့နယ်၊ မြို့မရဲစခန်း (ပ) ၁၉၁/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က)အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။ 

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၊ မြို့မရပ်ကွက်၊ အထက်တန်းကျောင်းခွဲတွင် အမျိုးသမီး တစ်ဦးမှ ပထမတန်းကျောင်းသူ၏ လည်ပင်းတွင် ဆွဲထားသော ဆွဲကြိုးအား ဖြုတ်ယူသွားခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်မှာ ဂန့်ဂေါမြို့၊ မြို့မတောင်ကုန်းရပ်ကွက်နေ ဒေါ်မော်မော်လွင် (၄၅)နှစ်၏ သမီးဖြစ်သူ ပထမတန်း ကျောင်းသူ မထက်အိအိခိုင် (၆)နှစ်သည် ၂၈.၉.၂ဝ၁၅ ရက်နေ့ (၁၁း၀၅)နာရီ အချိန်ခန့် ထမင်းစား ကျောင်းဆင်းချိန်တွင် တစ်ရပ်ကွက်တည်းနေ ဒေါ်ဇင်မာဖြိုး(၃၁)မှ ကျောင်းဝင်းအတွင်းသို့ ၄င်း၏ သားဖြစ်သူ မောင်ကြည်မင်းခန့် (၅)နှစ်အား ထမင်းလာပို့စဉ် မထက်အိအိခိုင် အား တွေ့၍ နှုတ်ဆက်ပွေ့ချီ ကာ လည်ပင်းတွင် ဆွဲထားသော (၁)မတ်သားခန့် သံကွင်းဆက်ဆွဲကြိုး (တန်ဘိုး ၂၃၀,၀၀၀ိ/- ခန့်) အား ဖြုတ်ယူသွား ခဲ့ကြောင်းကို ညနေ ကျောင်းဆင်းချိန်တွင် သမီးဖြစ်သူ မထက်အိအိခိုင် မှ ပြောပြ သိရှိရသဖြင့် ဆွဲကြိုးဖြုတ်ယူသွားသူ ဒေါ်ဇင်မာဖြိုးအား အရေးယူပေးပါရန် ၂၈.၉.၂ဝ၁၅ ရက်နေ့ ည (၁၁း၃၀)နာရီအချိန် ဒေါ်မော်မော်လွင်မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ဂန့်ဂေါမြို့နယ်၊ မြို့မရဲစခန်း (ပ) ၉၉/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉(နှိုက်) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေး-တောင်တွင်းကြီးကားလမ်း မိုင်တိုင်အမှတ် ၂၈၉ နှင့် ၂၈၉/၁ အကြားတွင် ၂၈.၉.၂ဝ၁၅ ရက်နေ့ နံနက် (၅) နာရီအချိန် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သစ်ရာကောက်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်မှာ တောင်တွင်းကြီးဘက်မှ မကွေးဘက်သို့ တောင်တွင်းကြီးမြို့၊ တောင်ပြင် (၁)ရပ် ကွက်နေ ကျော်နိုင် (၂၆)နှစ်မောင်းနှင်သော ၂၅ယ/xxx၊ FOLLOW ME-125 ဖြူနက်ကြား ဆိုင်ကယ်ဖြင့် နောက်တွင် တစ်ရပ်ကွက်တည်းနေ မသန္တာသိမ့်(၂၃)နှစ်အား တင်ဆောင်မောင်းနှင်လာစဉ် မကွေးမြို့ ဘက်မှ တောင်တွင်းကြီးမြို့ဘက် သို့ တောင်တွင်းကြီးမြို့၊ မောင်းတိုင်(၁)ရပ်နေ ငွေယံစိုး (၂၂)နှစ် မောင်းနှင်လာသော 8H/xxx ၊ STAREX GRX အမျိုးအစား အဖြူရောင် ''ဇာနည်အောင် မော်တော် ယာဉ်လိုင်း" ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောအတွင်း ဝင်ရောက်တိုက်မိခဲ့သဖြင့် ဆိုင်ကယ်စီးနင်းသူ ကျော်နိုင်နှင့် မသန္တာသိမ့် တို့(၂)ဦးမှာ ရရှိသော ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ တွင် သေဆုံးသွားခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ငွေယံစိုးအား မကွေးမြို့နယ်၊ မိကျောင်းရဲ နယ်မြေရဲစခန်း ယာဉ်(ပ) ၂၂/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။ 

Monday, September 28, 2015

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ (၃)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် တောင်တွင်းကြီးမြို့နယ်၊ ရွာသစ်(အရှေ့) ကျေးရွာတွင် အမျိုးသားတစ်ဦး သစ်ပင်ပေါ်မှ ပြုတ်ကျ သေဆုံး နေကြောင်း ထန်းပင်တဲ ကျေးရွာခွဲတာဝန်ခံ ဦးသန်းအောင်မှ ဖုန်းဆက် အကြောင်းကြား သဖြင့် အခင်းဖြစ် နေရာသို့ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ထန်းပင်တဲ ကျေးရွာနေ ဇော်မင်း (၄၀) နှစ်ဖြစ်ပြီး ၄င်းသည် နံနက် (၁၁)နာရီ အချိန်ခန့်က ရွာသစ်(အရှေ့) ကျေးရွာနေ ဦးသိန်းဦး ၏ နေအိမ်ဝိုင်းအတွင်းရှိ ကုက္ကိုပင်အား ထင်းအဖြစ် အသုံးပြုရန် အကိုင်း တက်ခုတ်ရာ ကုက္ကိုပင် အမြင့် ပေ(၂၀) ခန့်မှ အောက်သို့ပြုတ်ကျပြီး ဒဏ်ရာများ ရရှိသေဆုံးနေ သည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ၄င်းသေဆုံးခြင်းမှာ ဓမ္မတာအတိုင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေး နိုင်ရန် တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွား နယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၉/၂၀၁၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။ 

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ ည (၆)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ဗဟင်းနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် တာဝန်ဆောင်ရွက်နေစဉ် ဗဟင်း တိုက်နယ်ဆေးရုံသို့ ကလေးတစ်ဦး ရေနစ်သေဆုံး၍ ရောက်ရှိနေကြောင်း သတင်းအရ သက်သေ များ နှင်အတူ သွားရောက်စစ်ဆေးရာ မြိုင်မြို့နယ်၊ စဘေကန်ကျေးရွာနေ ဦးဇော်မင်းနိုင်၏ သားများ ဖြစ်ကြသော ဇင်ကိုဦးနှင့် ဇင်ကိုဖြိုး (၆)နှစ်တို့ (၂)ဦးသည် ညနေ (၅)နာရီခွဲ အချိန်ခန့်တွင် စဘေကန် ကျေးရွာ၏ အနောက် မြောက်ဘက် (၂)ဖာလုံခန့် အကွာရှိ အလျား ၁၀၀ ပေ၊ အနံ ၅၀ ပေ၊ အနက် ၅ ပေခန့်ရှိ ရေကန်အတွင်း ရေဆင်းချိုးရာမှ ဇင်ကိုဖြိုးမှာ ရေနစ်သွားသဖြင့် ဇင်ကိုဦးမှ အော်ဟစ် အကူအညီတောင်း၍ ရွာသားများ ရောက်ရှိလာပြီး ၀ိုင်းဝန်းရှာဖွေခဲ့ရာ ရေကန်ဘောင်နှင့် (၅)ပေခန့် အကွာ၊ ရေအနက် ၅ ပေခန့်၌ ဇင်ကိုဖြိုးအား သေဆုံးလျှက် တွေ့ရှိရကြောင်း ပြောပြ သိရှိရသဖြင့် ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေး နိုင်ရန်အတွက် မြိုင်မြို့နယ်၊ ဗဟင်းနယ်မြေ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၁၁/၂၀၁၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။ 

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ (၅)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေ များနှင့် အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်း အမှတ် ၆၂/၂၀၁၅ ဖြင့် မကွေးမြို့၊ အောင်မင်္ဂလာ အုပ်စု၊ ရန်ကင်းရပ်ကွက်၊ (၄)လမ်းနှင့် ဇီဇ၀ါလမ်းထောင့်ရှိ ပွင့်ဖြူမြို့နယ်၊ ကျောင်းတော်ရာ ကျေးရွာနေသူ စိုးလွင်ဖြိုး (၁၉)နှစ်၏ နေအိမ်အား ၀င်ရောက် ရှာဖွေရာ စိုးလွင်ဖြိုး နှင့်အတူ ကျောင်းတော်ရာ ကျေးရွာနေ ထက်လှိုင်မျိုး (၁၉) နှစ်၊ အောင်ရဲကျော် (၂၀) နှစ်တို့ (၃)ဦးသည် ဖဲလောင်းကစား ပြုလုပ်နေ ကြသည် ကို တွေ့ရှိရပြီး ကျောင်းတော်ရာကျေးရွာနေသူ ဖြိုးဝေလင်း (၂၁)နှစ်နှင့် မကွေးမြို့၊ ကန်သာရပ်ကွက် (ဘီ-၆လမ်း)နေသူ အောင်ကိုကိုလွင် (၂၇)နှစ် တို့(၂)ဦးအား ဖဲဝိုင်းအနီးတွင် တွေ့ရှိရကာ ၄င်းတို့ထံမှ AAA တံဆိပ်ပါ ဖဲချပ်(၁၀၈)ချပ် ဖဲရိုက်လောင်းကစား ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်း များနှင့် လောင်းကြေး ငွေစက္ကူရောရာ ၆၅၂၀၀ိ/-တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသဖြင့် ဖဲလောင်း ကစား ပြုလုပ်သူ စိုးလွင်ဖြိုးပါ (၃)ဦးနှင့် ဖဲဝိုင်းအနီးရောက်ရှိနေသော ဖြိုးဝေလင်း ပါ(၂)ဦး၊ ပေါင်း(၅)ဦး တို့အား မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း (ပ)၂၅၃/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/၁၄(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ(၃)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ် ပြည်သူ့ဆေးရုံဝန်း အတွင်း ရပ်ထားသော TOHON-110 အမျိုးအစား အနက်ရောင် ဆိုင်ကယ် (၁)စီး ပျောက်ဆုံးကြောင်း သတင်းအရ ဂန့်ဂေါမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် သက်သေ များနှင့်အတူ ဂန့်ဂေါ-ပုလဲသွားကားလမ်း မိုင်တိုင်အမှတ် ၁၀၉/၈ နှင့် ၁၁၀/၀ အကြား တွင် စောင့် ဆိုင်းနေစဉ် မက/၂၉၄၇၆ HI-BIRD-110 အနက်ရောင် ဆိုင်ကယ်ပေါ် တွင် TOHON-110 အနက်ရောင် ဆိုင်ကယ် တစ်စီးအား ကန့်လန်ဖြတ် တင်ဆောင်၍ မောင်းနှင် လာသည့် လူတစ်ဦးအား မသင်္ကာသဖြင့် ရပ်တန့်စစ်မေးရာ ၄င်းမှာ ဂန့်ဂေါမြို့နယ်၊ တဇန်း ကျေးရွာနေသူ မြင့်ဇော် (၃၃)နှစ် ဖြစ်ပြီး တင်ဆောင် လာသော ဆိုင်ကယ်နှင့် ပတ်သက်၍ ပိုင်ဆိုင် ကြောင်း အထောက် အထား တစ်စုံတစ်ရာ ပြောဆိုပြ သနိုင်ခြင်း မရှိသဖြင့် မြင့်ဇော်အား ဂန့်ဂေါ မြို့နယ်၊ မြို့မရဲစခန်း (ပ)၉၈/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉/ကျင့် ၅၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။ 

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် (၁၁း၂၀)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ပခုက္ကူမြို့၊ အမှတ်(၁၂) ရပ်ကွက်၊ ပွဲလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ (၁၁း၁၉) အချိန်ခန့်တွင် “စိန်နေ” ဖိနပ်လုပ်ငန်း လုပ်ကိုင်သူ မမာမာ(ခ)ဇင်မာ (၃၀)နှစ် ၏ (၂x၃) ပင်မြေစိုက်၊ သွပ်မိုး၊ ထရံကာနေအိမ်၏ အနောက်ဘက်တွင် ဖိနပ်လုပ်ငန်းလုပ်ကိုင်ရန် ဆောက်လုပ် ထားသည့် အဖီအတွင်း အမဲသားကြော်နေရာမှ လျှပ်စစ်ဒယ်အိုး အပူလွန်ကဲပြီး အနီးရှိ ဖိနပ်လုပ်ရာတွင် အသုံးပြုသည့် ပလပ်စတစ်ပုံးဖြင့် ထည့်ထားသော ကော်ရည်အား မီးဟပ်ပြီး မီးကူးစက် လောင်မှုဖြစ် ပွားခဲ့ရာ မီးလောင်ရာနေရာသို့ ပခုက္ကူခရိုင်မီးသတ် ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင် (၁၆)ဦး၊ ပခုက္ကူမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်(၁၃)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်(၂၀)ဦး၊ ပြည်သူ(၅၀)ဦး တို့မှ မီးသတ်ယာဉ် (၂)တို့ဖြင့် ၀ိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ (၁၁း၂၁) အချိန် မီးငြိမ်း သွားခဲ့ပြီး ဖိနပ်သုတ်ကော်ရည် (၁)ဂါလံခန့်နှင့် (၃)လက်မပတ်လည် ဖိနပ်လုပ်သည့် ဆိုးပြား(၁)ပြား (တန်ဘိုး ၅၀၀၀ိ/-)ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ မီးလောင်မှုကြောင့် မမာမာ(ခ)ဇင်မာ တွင် ဒူးခေါင်း နှစ်ဘက်အောက်တွင် မီးဟပ်သည့် ဒဏ်ရာများ ရရှိခဲ့ကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် လျှပ်စစ်မီး ပေါ့ဆစွာ သုံးစွဲသူ မမာမာ(ခ) ဇင်မာအား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း (ပ)၃၈၀/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅/ ၃၃၇ အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။ 

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ ည (၁၁)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ ချောက်မြို့နယ်၊ ဂွေးပင်နယ်မြေစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ချောက်မြို့နယ်၊ ဇီးချိုပင် ကျေးရွာ အနီး ဂွေးချို-ရေနံချောင်းသွား ကားလမ်း မိုင်တိုင်အမှတ် ၃၈၀/၅ နှင့် ၃၈၀/၆ အကြားတွင် ယာဉ်တိုက်မှု ဖြစ် ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ဂွေးချိုရွာ ဘက်မှ ဂွေးပင်ရွာဘက် သို့ ချောက်မြို့နယ်၊ ထန်းခြောက်ပင်ရွာနေသူ အောင်အောင် (၁၉) နှစ် မောင်းနှင်ပြီး နောက်တွင် ဇီးချိုပင်ကျေးရွာနေသူ အောင်အေးမိုး (၁၉) နှစ် လိုက်ပါသော ၂၄ယ/xxxx၊ လော့ဂျား-၁၁၀ အနက်ရောင် ဆိုင်ကယ်နှင့် ထန်းခြောက်ပင်ရွာနေသူ ကျော်သီဟ (၁၉)နှစ် မောင်းနှင်သော ၄၁ယ/xxxx ဆိုင်ကယ်နှစ်စီး တို့သည် အရက်သောက်စားမူးယစ်ပြီး လမ်းပေါ်တွင် ယှဉ်ပြိုင်စီးရာမှ တစ်စီးနှင့်တစ်စီး တိုက်မိပြီး အောင်အောင် ၊ ကျော်သီဟနှင့် အောင်အေးမိုး တို့တွင် ဒဏ်ရာများ ရရှိခဲ့ကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် ဆိုင်ကယ်မဆင်မခြင် မောင်းနှင်သူ အောင်အောင်နှင့် ကျော်သီဟ တို့ ချောက်မြို့ နယ်၊ ဂွေးပင်နယ်မြေရဲစခန်း ယာဉ်(ပ) ၈/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် (၈း၄၀)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ မအူရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ပခုက္ကူ-မုံရွာသွားကားလမ်း မိုင်တိုင်အမှတ် (၁၀/၄)နှင့် (၁၀/၅)အကြား၊ သစ်ခေါက်ဆိပ်ကျေးရွာ ဇရပ်အနီး ကားလမ်းမပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများ နှင့်အတူ သွားရောက်စစ်ဆေးရာ ၄င်းလမ်း အတိုင်း ပခုက္ကူမြို့မှ မုံရွာမြို့ဘက်သို့ မြိုင်မြို့နယ်၊ သရက်ကျေးရွာနေသူ ယာဉ်မောင်း သန်းမင်းစိုး (၂၀) နှစ် မောင်းနှင်သော ၁ဂ/xxxx နစ်ဆန်းအမျိုးအစား ခရီးသည်တင် မှန်လုံယာဉ် သည် ၄င်းလမ်း အတိုင်း ရှေ့မှစီးနင်းနေသော ချောင်းဦးမြို့နယ်၊ တောင်ချောင်းကြီး ကျေးရွာနေသူ ဦးပြည့်ဌေး (၆၅)နှစ်၏ မိန်းမစီး ဖီးဆင့်အမျိုးအစား ခရမ်းရောင် စက်ဘီးအား အရှိန်မထိန်းနိုင်ဘဲ နောက်မှ ၀င်ရောက် တိုက်မိရာ ဦးပြည့်ဌေးတွင် ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ သန်းမင်းစိုးအား ရေစကြိုမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၂၁/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။ 

Sunday, September 27, 2015

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်၊
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အကြိုလှုပ်ရှားမှုအဖြစ် မကွေးခရိုင်၊ မကွေးမြို့၊ တိုင်းပြည်သူ့ ဆေးရုံကြီးဝန်းအတွင်း (၂၇.၉.၁၅)ရက်နေ့ (၀၇း၀၀)နာရီအချိန်မှ စတင်၍ မကွေးတိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်း၊ ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်စိုးဝင်း၊ ဦးစီး(ပ) / ဦး/ရေး/ထောက် ဒုတိယရဲမှူးကြီး မောင်မောင်အေး၊ ရဲအကူတပ်ဖွဲ့ခွဲမှူး ယာယီ ဒုတိယရဲမှူးကြီး ချန်ထွန်းအောင်တို့မှ ဦးဆောင်၍ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်(၃၉)ဦး၊ ရဲအကူတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင် (၅၀)ဦး၊ မကွေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်/စာရေးဝန်ထမ်း (၅၅)ဦး၊ မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး မှတပ်ဖွဲ့ဝင်(၆)ဦး၊ မကွေးမြို့မ ရဲစခန်းနှင့် မကွေးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်(၃၄)ဦး၊ အမှတ်(၄)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်(၁၀)ဦး၊ သတင်းဒုတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်(၅)ဦး၊ အမှတ်(၄)မှုခင်း တပ်ဖွဲ့ခွဲမှတပ်ဖွဲ့ဝင်(၂)ဦး၊ အမှတ်(၁၅) မူးယစ်တပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင် (၂)ဦး၊ အမှတ်(၂) လူကုန်တား တပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင် (၄)ဦး၊ စုစုပေါင်း အရာရှိ/ အခြား အဆင့် တပ်ဖွဲ့ဝင်/စာရေးဝန်ထမ်း (၂၀၇)ဦးတို့မှ ပေါင်းမြက်များ၊ ချုံနွယ်များ၊ အမှိုက်သရိုက်များအား စုပေါင်း သန့်ရှင်းရေး ပြုလုပ်ခဲ့ရာ (၁၀း၁၅) နာရီအချိန် ပြီးဆုံးခဲ့ပါကြောင်း သတင်းရရှိပါသည်။ 

မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ မကွေးမြို့၊ ပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်တွင် စုပေါင်း သွေးလှူဒါန်းပွဲ အခမ်းအနားအား (၂၇.၉.၁၅) ရက်နေ့ (၀၉း၀၀)နာရီအချိန်မှ စတင်ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်း၊ ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်စိုးဝင်း၊ ဦးစီး(ပ)/ဦး/ရေး/ထောက် ဒုတိယရဲမှူးကြီး မောင်မောင်အေး၊ ရဲအကူတပ်ဖွဲ့ခွဲမှူး ယာယီ ဒုတိယရဲမှူးကြီး ချန်ထွန်းအောင်တို့မှ ဦးဆောင်၍ အရာရှိ/ အခြားအဆင့် တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ၊ စုစုပေါင်းအင်အား (၁၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင် (၃၆)ဦး၊ တိုင်းဒေသကြီး ရဲအကူတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင် (၃၄)ဦး၊ မကွေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးနှင့် မကွေးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်(၂၅)ဦး၊ အမှတ်(၄) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်(၅)ဦး၊ စုပေါင်းတပ်ဖွဲ့ဝင် (၁၀၀)ဦးတို့မှ စုပေါင်းသွေးလှူဒါန်းမှု ပြုလုပ်ခဲ့ကြောင်းနှင့် (၁၁း၃၀) နာရီအချိန် အခမ်းအနား ပြီးဆုံးခဲ့ပါကြောင်း သတင်းရရှိပါသည်။ 

အလားတူ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ (၅၁)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အကြိုလှုပ်ရှားမှု အဖြစ် မကွေးတိုင်း ဒေသကြီး၊ ရဲအကူတပ်ဖွဲ့ခွဲ စစ်ရေးပြကွင်းတွင် (၂၇.၉.၂၀၁၅)ရက်နေ့ (၁၀း၀၀) နာရီအချိန်မှ (၁၁း၃၀)နာရီ အချိန်ထိ မိသားစု ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်း၊ ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်စိုးဝင်း၊ ဦးစီး(ပ) ဦး/ ရေး/ထောက် ဒုတိယရဲမှူးကြီး မောင်မောင်အေး၊ ရဲအကူတပ်ဖွဲ့ခွဲမှူး ယာယီ ဒုတိယရဲမှူးကြီး ချန်ထွန်းအောင် နှင့် အရာရှိ/ အခြားအဆင့် တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ၊ စုစုပေါင်းအင်အား (၁၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး ဘောလီဘော ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲ၊ စားပွဲတင် တင်းနစ်ပြိုင်ပွဲ၊ အပ်နဖားထိုး ပြိုင်ပွဲ၊ မီတာ(၁၀၀) အပြေးပြိုင်ပွဲ၊ (၂)ယောက်တွဲ သုံးချောင်းထောက် အပြေးပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ သံပုံးရိုက်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ပြီး ပြိုင်ပွဲများ၌ (ပထမ/ဒုတိယ/တတိယ) ဆုရရှိခဲ့သည့် ပြိုင်ပွဲဝင် အသင်းများနှင့် ပြိုင်ပွဲဝင် ကစားသမား များအား ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်စိုးဝင်း၊ ဦးစီး(ပ)ဦး/ရေး/ထောက် ဒုတိယ ရဲမှူးကြီး မောင်မောင်အေး၊ ရဲအကူတပ်ဖွဲ့ခွဲမှူး ယာယီ ဒုတိယရဲမှူးကြီး ချန်ထွန်းအောင်တို့မှ ဆုများ အသီးသီး ချီးမြှင့်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
မကွေးမြို့ပြည်သူ့ဆေးရုံဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း မှတ်တမ်းဓါတ်ပုံ





မကွေးမြို့ပြည်သူ့ဆေးရုံရှိ သွေးလှူဘဏ်တွင် စုပေါင်းသွေးလှူဒါန်းမှု မှတ်တမ်းဓါတ်ပုံ





မကွေးမြို့ ရဲအကူတပ်ဖွဲ့ခွဲ စစ်ရေးပြကွင်းအတွင်း မိသားစုပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲပြုလုပ်မှု 










ချောက် စက်တင်ဘာ ၂၆ ရက်
ချောကိမြို့အမှတ်(၁၀)နယ်မြေအေးစေတီရပ်ကွက်ရှိရွှေတိဂုံတူရတ
နာမာရ်အောင်စေတီတော်မြတ်ကြီး၏ရွှေထီးတော်တင်ပွဲနှင့်ဘုရားအနေကဇ
တင်ပူဇော်ပွဲကိုယနေ့နံနက်(၀၆း၄၅)အချိန်ကနမောတသ(၃)ကြိမ်ရွတ်ဆိုဖွင့်
လှစ်ကာမိတ္ထိလာမြို့ရေလယ်တောင်ဆရာတော်အဂမဟာသဒ္စမဇောတိက
ဓဇဘဒ္စန္ထလာဘဝံသမှကိုးပါးသီလခံယူကာတရားနာပရိတ်သတ်(၁၀၀)ဦးခန့်
နာယူခဲ့ကြောင်းသိရသည်။
ဆက်လက်၍ဒုတိယဗိုလ်ချုပ်ကြီးကိုကိုနှင့်ဇနီးဒေါ်စင်နွန်းခွန်စံ၊ဒုဝန်
ကြီးဗိုလ်မှူးချုပ်ကျော်ဇံမြင့်နှင့်ဇနီးအဖွဲ့မှစိန်ဖူးတော်ထီးတော်ဌာပနာတို့အား
ဆက်ကပ်လှုဒါန်းခဲ့သည်။
ယင်းနောက်ပြည်ထဲရေးဝန်ကြီးနှင့်အဖွဲ့မှရွှေထီူတော်၊စိန်ဖူးတော်၊
ငှက်မြတ်နားတော်၊ဌာပနာတို့အားဒေဝါဝင်း၊ရာဇာဝင်းတို့နင့်ပင့်ဆောင်၍ရွှေ
တိဂုံပုံတူရတနာမာရ်အောင်စေတီတော်မြတ်ကြီးအားလက်ယာရစ်(၃)
ပါတ်ရစ်၍ပူဇော်ခဲ့ပြီးရတနာမာရ်အေါင်စေတီတော်မြတ်ကြီး
အရှေ့တောင်ထောင့်ရှိတံခွန်တိုင်နှင့်ကမ္ပည်းကျောက်စာတိုင်
အားပြည်ထဲရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးနှင့်ဇနီးတို့မှဖဲကြိုးဖြတ်ဖွင့်လှစ်ပေး
ခဲ့ကြောင်းသိရှိရသည်။
ထို့နောက်ပန်းရထား၊မြလေယာဉ်ဖြင့်ထီးတော်နှင့်ဆပ်သဖူးတော်
အားလည်းကောင်းအဆင့်ဆင့်ကပ်လှု၍အမွေနံ့သာရည်များဖြင့်ပက်ဖျန်းပူ
ဇော်၍သံဃာတော်(၃၆)ပါးတို့မှကံပွင်ကံမြင့်စေတီတော်အားအနေကဇာတင်
ပူဇော််ခဲ့ပြီးသံဃတော်များအားလှုဖွယ်ပစ္စည်းများဆက်ကပ်၍ဗုဒ္စသာသနစိရံ
တိဌတု(၃)ကြိမ်ရွတ်ဆိုကာအခမ်းအနားအားအောင်မြင်စွာကျင်းပပြုလုပ်ခဲ့
ကြောင်းသိရှိရသည်။




 မြို့သစ် စက်တင်ဘာ ၂၆
။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာပြန့်ပွါးရေးဗဟို အဖွဲ့ခွဲ(၁)နေပြည်တော်
ယာဉ်ကျေးလိမ္မာစင်တာ၏သြဝါဒခံယူလျှက်မကွေးတိုင်းဒေသကြီး မြို့သစ်မြို့
နယ်ဗုဒ္ဓ -ဘာသာယာဉ်ကျေးလိမ္မာပြန့်ပွါးရေးအဖွဲ့ကဦးဆောင်ပြီး ဓမ္မကျောင်းတော်(၄၀)စုပေါင်းဖွင့်ပွဲ ။ နယ်လှည့်နည်ပြဆရာဖြစ်သင်တန်းဖွင့်ပွဲနှင့် သင်ရိုးစာအုပ်များပေးအပ်လှူဒါန်းပွဲအခမ်းအနားကို (၁၃၇၇/ခုနှစ်တော်သလင်းလဆန်း(၁၃)ရက်စက်တင်ဘာလ(၂၆)ရက်နေ့နေ့လည်(၁)နာရီအချိန်
ကမြို့သစ်မြို့ဈေးဝန်းမင်းကျောင်းစာသင်တိုက်ရှိဓမ္မသုခဗိမ္မာန်တော်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို""နမောတဿ""မဟာပဏာမဘုရားရှိခိုး သုံးကြိမ်ရွတ်ဆို၍
အခမ်းအနားဖွင့်လှစ်ပြီးမြန်မာနိုင်ငံလုံးဆိုင်ရာဗုဒ္ဓဘာသာယာဉ်ကျေးလိမ္မာပြန့်ပွါးရေးဗဟိုအဖွဲ့ခွဲ
(၁)နေပြည်တော်ယာဉ်ကျေးလိမ္မာစင်တာသြဝါဒါစရိယတောင်တွင်ကြီးမြို့မင်္ဂလာတိုက်သစ်ဆရာတော်
ထံမှငါးပါးသီလ
ခံယူဆောက်တည်ခဲ့သည်။
ဆက်လက်၍မြန်မာနိုင်ငံလုံးဆိုင်ရာဗုဒ္ဓဘာသာယာဉ်ကျေးလိမ္မာပြန့်ပွါးရေးအဖွဲ့
ဗဟိုအဖွဲ့ခွဲ(၁)နေပြည်တော်ယာဉ်ကျေးလိမ္မာပြန့်ပွါးရေးစင်တာ ၊ သြဝါဒါစရိယ
ဆရာတော်ဂန္ဓာရုံဘုံကျောင်းဆရာတော်ထံမှသြဝါဒခံယူခြင်း ။ ယာဉ်ကျေးလိမ္မာပြန့်ပွါးရေးဗဟိုအဖွဲ့ခွဲ(၁)နာယကဆရာတော်
မြို့သစ်မြို့နယ် စည်သာကျေးရွာရွာဦးကျောင်းဆရာတော် မှမြန်မာနိုင်ငံလုံးဆိုင်ရာယူဉ်ကျေးလိမ္မာပြန့်ပွါးရေးအဖွဲ့(ဗဟို)အတွင်း
ရေးမှူး(၁)နေပြည်တော်ယာဉ်ကျေးလိမ္မာစင်တာဓမ္မကျောင်းတော်ဗုဒ္ဓဘာသာ
ယာဉ်ကျေးလိမ္မာနည်ပြဆရာဖြစ်သင်တန်းဌာနသြဝါဒါစရိယ ၊ နေပြည်တော်ရန်ကင်းတောရဆရာတော်၏သဝဏ်လွှာအားဖတ်
ကြားပြီး မြန်မာနိုင်ငံလုံးဆိုင်ရာဗုဒ္ဓဘာသာယာဉ်ကျေးလိမ္မာပြန့်ပွါးရေးအဖွဲ့ ဗဟိုအတွင်းရေးမှူး ဓမ္မရောင်ခြည် ဥက္ကဌဦးလှမျိုး က ဓမ္မကျောင်း တော်များရေရှည်တည်တံ့ရေးအတွက် အကြံပြုမြွက်ကြား
ခြင်း ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးဝင်းမောင် မှ ဝမ်းမြှောက်ကျေးဇူးတင်လွှာ ဖတ်ကြားခဲ့ပြီး မြို့သစ်မြို့နယ်ဗုဒ္ဓဘာသာယာဉ်ကျေးလိမ္မာပြန့်ပွါးရေးအဖွဲ့မှဓမ္မကျောင်းတော်(၄၀)စု
ပေါင်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ရှင်းလင်းလျှောက်ထားခဲ့သည် ။
ထို့နောက်မြန်မာနိုင်ငံလုံးဆိုင်ရာဗုဒ္ဓဘာသာယာဉ်ကျေးလိမ္မာပြန့်ပွါးရေးဗဟို
အဖွဲ့ခွဲ(၁)မှဓမ္မကျောင်း(၄၀)အတွက်ဗီနိုင်းဆိုင်းဘုတ်များ ၊ မြို့သစ်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ဓမ္မကျောင်းတော်များအတွက်ဗလာစာအုပ်များ နှင့် မြို့သစ်မြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်း
မိသားစုများမှလှူဒါန်းသောအလှူငွေကျပ်(၇၀၀၀၀ိ/ )ခွန်နှစ်သောင်းကျပ်နေပြည်တော်ကောင်စီနယ်မြေ အလှစုကုမ္ပဏီမှ ဦးကျော်စွာ၊ ဒေါ်စုမွန်သိန်းမိသားစုမှအလှူငွေ(တစ်သိန်းကျပ်)မြို့သစ်မြို့နယ်
မိုးကောင်းကျေးရွှာဆရာ ဦးမြင့်ရွှေ ။ ဒေါ်ဝင်းဝင်းခိုင် မိသားစုမှ အလှူငွေ( ၇၀၀၀၀ိ )ကျပ် ။ မြို့သစ်မြို့နယ်ဓမ္မကျောင်းတော်ကော်မတီဝင်ဦးတင်လှ မှဗလာစာအုပ် များ ကိုအသီးသီးပေးအပ်လှူဒါန်းခဲ့ပြီး အခမ်းအနားကိုဗုဒ္ဓသာသနံစိရံတိဋ္ဌတု"""(၃)ကြိမ်ရွတ်ဆို၍အခမ်းအနားပြီးမြှောက်ကြောင်းသိရသည် ။


နတ်မောက် စက်တင်ဘာ၂၆
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့သို့ရန်ကုန်မြို့ရှိသီတဂူစက္ခုဒါနစေတနာရှင်
မျက်စိနှင့်သွားဆရာဝန်ကြီးများမှမျက်စိအထူးကုဒေါက်တာဒေါ်နီလာသိန်း
ဦးစီးပြီးနတ်မောက်မြို့အောင်ဆန်းရပ်ကွက်တွင်စက်တင်ဘာ၂၆ရက်နံနက်
၁၀နာရီကဗိုလ်ချုပ်အောင်ဆန်းအထိမ်းအမှတ်အလယ်တန်းကျောင်းရှိကျောင်း

သားကျောင်းသူကလေးငယ်များကိုသွားနှင့်ခံတွင်းသန့်ရှင်းရေးပြုစုကုသ
ခဲ့ကြောင်းသိရသည်။
ထို့နောက်ဗိုလ်ချုပ်အောင်ဆန်းအထိမ်းအမှတ်အလယ်တန်းကျောင်း

သားကျောင်းသူကလေးငယ်များကိုသွားဆရာဝန်ကြီးများနှင့်ဆရာမများကသွားတိုက်
နည်းနှင့်အစာစားပြီးတိုင်းသွားများကိုပြောင်စင်အောင်တိုက်ကြရန်မှာကြား
ခဲ့ပြီးကျောင်းသားကျောင်းသူ(၃၈၅)ဦးအားသွားတိုက်ဆေးဗူး၊သွားတိုက်တံနှင့်
မုန့်များကိုတစ်ဦးချင်းစီပေးအပ်ခဲ့ပြီးသွားပိုးစားကျောင်းသားကျောင်းသူ(၅၀)
ဦးခန့်ကိုအခမဲ့သွားနုတ်ကုသပေးခဲ့ကြောင်းသိရသည်။

သရက် စက်တင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး သရက်မြို့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၇)နာရီက အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း အတွင်း ကျင်းပရာ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဦးမူနှင့် တပ်ဖွဲ့ဝင်များ၊မိသားစုဝင်များ၊မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အုန်းဟန်ဦး နှင့် တပ်ဖွဲ့ဝင်များ၊မိသားစုဝင်များ၊စခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊မိသားစုဝင်များ စုပေါင်း၍ ကျောင်းဝန်း အတွင်း သန့်ရှင်းရေး လုပ်ငန်းများ စုပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် (၀၀း၄၅)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ပခုက္ကူမြို့၊ အမှတ်(၃) ရပ်ကွက်၊ အောင်ချမ်းသာရပ်တွင် လူတစ်ဦး ဓါးကိုင်ရမ်းကား နေကြောင်း ဖုန်းဆက် အကြောင်းကြား ချက်အရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ ပခုက္ကူမြို့၊ အမှတ်(၃) ရပ်ကွက်နေသူ ခင်မောင်အေး (၂၃)နှစ်သည် အရိုးအသွား (၁)ပေ (၅)လက္မခန့်ရှိ သံရိုးတပ် ဓါးဦးချွန် ဓါးမြှောင် တစ်ချောင်းအား ကိုင်ဆောင်ပြီး ရပ်ကွက်အတွင်း ရမ်းကားနေသည်ကို တွေ့ရှိရသဖြင့် ဓါးကိုင် ရမ်းကားသူ ခင်မောင်အေးအား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း (ပ)၃၇၉/၂၀၁၅၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ ညနေ (၆း၀၅)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်၊ ရေနံချောင်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေ များ နှင့်အတူ မြို့မမြောက်ရုံးရပ်ကွက်ရှိ ဗောဓိတစ်ထောင် ဘုရားဝန်းအတွင်း ၀င်ရောက် စုံစမ်း ရှာဖွေ ဖမ်းဆီးရာ မြရတနာစေတီ အရှေ့ဘက် ခြေရင်းတွင် ရေနံချောင်းမြို့၊ ရွှေဘုံသာ အရှေ့ပိုင်း ရပ်ကွက်နေသူ ကျော်သက်စိုး (၂၁)နှစ်၊ ရေနံချောင်းမြို့၊ ဘေးမဲ့ဘုရားကုန်းရပ်နေသူ ထွန်းနေ၀င်း (၃၆)နှစ်၊ ရေနံချောင်းမြို့၊ ဆုံတိုက်ရပ်ကွက်နေ ရဲလင်းဦး (၃၀)နှစ်၊ အောင်အောင်ဦး (၄၀)နှစ်နှင့် ရေနံချောင်း မြို့၊ အိုးဘိုစည်ပင်သာယာ မြောက်ရပ်နေသူ အေးသော် (၅၈)နှစ် တို့ (၅)ဦးအား တရားမ၀င် ဘောလုံးလောင်းကစား ပြုလုပ်နေ သည်ကို တွေ့ရှိရပြီး ဘောလုံးလောင်း ကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ လောင်းကြေး ငွေစက္ကူ ရောရာ (၂၁၂၃၅၀ိ/-) တို့အား ရှာဖွေသိမ်းဆည်း ရမိသဖြင့် တရားမ၀င်ဘောလုံး လောင်း ကစား ပြု လုပ်သူ ကျော်သက်စိုး ပါ(၅)ဦးအား ရေနံချောင်းမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၅၄/၂၀၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၃(က)/၁၄(က) အရ အမှုဖွင့် အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။
 
အလားတူ ယင်းနေ့ ညနေ (၆း၁၅)နာရီ အချိန်ခန့်တွင် မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ စလင်းမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်း အမှတ် (၁၅/၂၀၁၅)ဖြင့် စလင်းမြို့နယ်၊ အနောက် ကန်ဘောင် ကျေးရွာနေသူ မကြည်ကြည်ရွှေ (၃၂)နှစ် ၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ ဘောလုံးလောင်းကစား ရာတွင် အသုံးပြုသော စာရွက် စာတမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့် လောင်းကြေး ငွေစက္ကူရောရာ (၃၁၁၀၀၀ိ/-) တို့အား ရှာဖွေ သိမ်းဆည်း ရမိသဖြင့် တရားမ၀င် ဘောလုံးလောင်းကစား ပြုလုပ်သူ မကြည်ကြည်ရွှေ အား စလင်းမြို့နယ်၊ မြို့မရဲစခန်း (ပ) ၉၁/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် (၈)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မကွေးမြို့၊ အောင်ချမ်း သာအုပ်စု၊ ရန်အောင်ရပ်ကွက်အတွင်း နယ်မြေသတင်းစုံစမ်းနေစဉ် ပြည်တော် သာလမ်းနှင့် အဝေရာ လမ်းထောင့် တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကြက်ယင်းခေါင်း ကျေးရွာ နေသူ သန်းဇော်(ခ) သန်းဇော်ဦး (၃၁)နှစ်သည် ဆင်းကဒ် (၂)ကဒ်ပါ MOMO 9 3G အမျိုးအစား ဟန်းဆက် ဖုန်း(၁)လုံး (တန်ဖိုး ၅၀၀၀၀ိ/-) ခန့်အား လိုက်လံ ရောင်းချနေသည်ကို မသင်္ကာဖွယ် တွေ့ရှိရသဖြင့် စစ်ဆေးရာ ၎င်းဖုန်းနှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်းခိုင်လုံစွာ ပြောဆိုနိုင်ခြင်း မရှိသဖြင့် တစ်နေရာရာမှ ခိုးယူလာသည်ဟု ယုံကြည်ရန် အကြောင်းရှိ၍ သန်းဇော်(ခ) သန်းဇော်ဦး အား မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း (ပ) ၂၅၂/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀/၅၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။ 

Saturday, September 26, 2015

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက် 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ သမထီးကျေးရွာတွင် တရားမဝင်နှစ်လုံး ထီ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ စကုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ သမထီးကျေးရွာ ရွာလယ်လမ်းမတွင် နေ့လည် (၂း၁၅) အချိန်ခန့်တွင် စောင့်ဆိုင်းနေစဉ် ၎င်းရွာနေ ခိုင်ဇော်လင်း(၃၄)နှစ်စီးနင်းလာသော ၃ဝယ/xxx၊ ဒါရန်း ၁၂၅ အနက်ရောင်ဆိုင်ကယ်အား မသင်္ကာ၍ ရပ်တန့်ရှာဖွေစစ်ဆေးခဲ့ရာ ၎င်းကိုင်ဆောင်သော ဟာဝေးအမျိုးအစား ဟန်းဆက်အတွင်းမှ တရားမဝင် နှစ်လုံးထီလောင်းကစားပြုလုပ်ရောင်းချရာတွင် အသုံးပြုသောအထောက်အထား Phone message မှတ်တမ်းအထောက်အထားနှင့်အတူ ငွေစက္ကူရောရာ ၁ဝ၇,၅၅ဝိ/-တို့အား ရှာဖွေ သိမ်းဆည်း ရမိသဖြင့် တရားမဝင်နှစ်လုံးထီလောင်းကစားပြုလုပ်သူ ခိုင်ဇော်လင်းအား မင်းဘူး(စကု) မြို့နယ်၊ စကု နယ်မြေရဲစခန်း(ပ)၁၂ဝ/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရအမှုဖွင့် အရေး ယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။ 

အလားတူ ၎င်းနေ့ ညနေ (၃) နာရီအချိန်ခန့်တွင် မကွေးခရိုင်၊ မကွေးမြို့၊ မကွေးနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မကွေးမြို့နယ်၊ ဘုရားပြို(မြောက်)ရွာနေ သန်းလွင်(၃၄)နှစ်၏ နေအိမ် တွင် တရား မဝင်နှစ်လုံးထီလောင်းကစားပြုလုပ်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ မကွေးမြို့နယ် ရဲတပ် ဖွဲ့မှူး ၏လောင်းကစားဖမ်းဝရမ်းအမှတ် (၆၁/၂ဝ၁၅) ဖြင့် ဝင်ရောက်ရှာဖွေရာ နေအိမ်ခေါင်းရင်းအဖီတဲ အတွင်း ဝါးကွပ်ပျစ်ပေါ်ရှိစားပွဲပေါ်မှ နှစ်လုံးထီလောင်းကစားရာတွင် အသုံးပြု သောစာရွက် စာတမ်းများ ၊ နှစ်လုံးထီ အကြွေးစာရင်းစာအုပ်များနှင့် လောင်းကြေးငွေ ၈၅,ဝဝဝိ/-တို့ အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် တရားမဝင်နှစ်လုံးထီလောင်းကစားပြုလုပ်သူ သန်းလွင်အား မကွေး မြို့နယ်၊ မကွေးနယ်မြေရဲစခန်း (ပ)၂၅၁/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။ 


၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်
 မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ဆည်မုန်းကျေးရွာနေ ကျေးရွာကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးစိုးနိုင်(၄၆)နှစ်သည် ၂ဝ၁၅ခုနှစ်၊ ရွေးကောက်ပွဲတွင်မဲပေးနိုင်မည့် မဲဆန္ဒရှင်အမည် စာရင်း အား အများပြည်သူသိရှိနိုင်ရန် ဆည်မုန်းအုပ်စု၊ ရှားတောညွှန့်ကျေးရွာ၊ ရွာလယ်ဓမ္မာရုံ၌ ၁၄.၉.၂၀၁၅ ရက်နေ့ တွင် ကြော်ငြာကပ်ထားခဲ့ရာ ၂၄.၉.၂ဝ၁၅ ရက်နေ့ ၁၉ဝဝ အချိန်ခန့်တွင် ရှားတောညွှန့်ရွာနေ ဘိုသိန်း (၂၉)နှစ်မှ မဲဆန္ဒရှင်အမည်စာရင်းပါ စာရွက်များကပ်ထားသည့် ဗီနိုင်းစ(၃)ခုအား ဓါတ်ငွေ့ မီးဖိုဖြင့် မီးရှို့ ဖျက်ဆီးခဲ့သဖြင့် ဘိုသိန်းအား ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းနယ်မြေရဲစခန်း(ပ)၅၁/၂ဝ၁၅၊ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၅၉(က) အရလည်းကောင်း၊ ဗီနိုင်းစ(၃)ခုအား ဓါတ်ငွေ့မီးဖိုဖြင့် မီးရှို့ ဖျက်ဆီးခဲ့သဖြင့် စုစုပေါင်း တန်ဖိုး ၁၈,ဝဝဝိ/- ဆုံးရှုံးသွားခဲ့၍ ဘိုသိန်းအား လယ်ကိုင်းနယ်မြေရဲစခန်း (ပ) ၅၂/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆ အရလည်းကောင်း အမှုဖွင့် အရေးယူဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။



၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက် 
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၊ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် (၂၃၆/၄) နှင့် (၂၃၆/၅) အကြား ဘန့်ပြင်ရွာလမ်းပေါက်အနီး၌ နံနက် (၉း၄၀) အချိန်ခန့်တွင် ယာဉ်တိုက်မှု ဖြစ် ပွားကြောင်း သတင်းအရ ရှမ်းတပ်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ ကန်တုတ်ဘက်မှရှမ်းတပ်ဘက်သို့ မင်းလှမြို့နယ်၊ အောက်ကိုင်းကျေးရွာနေ မင်းစိန် (၄၂)နှစ်မောင်းနှင်ပြီး နောက်မှတစ်ရွာတည်းနေ ရွှေမောင်(၃၅)နှစ် လိုက်ပါလာသောနံပါတ်မပါ ရင်ဇင်း ၁၁ဝ အနက်ရောင်ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိ ဖုန်းကြိုးတိုင်အား ဝင်ရောက် တိုက်မိပြီး ရွှေမောင်တွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ (သေဆုံး)နှင့် မင်းစိန်တွင် နဖူးပေါက်ပြဲ ဒဏ်ရာရရှိ သေဆုံးသွားသဖြင့် ဆိုင်ကယ်မဆင်မခြင်မောင်းနှင်သူ မင်းစိန်အား မင်းလှ မြို့နယ် ၊ ရေနံမ နယ်မြေရဲစခန်း ယာဉ်(ပ) ၁၈/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။ 




ဂန့်ဂေါ စက်တင်ဘာ ၂၅
ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာပေလေ့ လာဖတ်ရှုမှုတိုးတက်စေရန်ရည်ရွယ်လျှက် ပုံပြောပြိုင်ပွဲကို စက်တင် ဘာ ၂၄ ရက်နံနက်က ဂန့်ဂေါမြို့နယ် လာပို့ရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) တွင်ပြုလုပ်ရာ ကျောင်း အုပ်ဆရာကြီး ဦးရာသောင်းက အမှာ စကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးအေးက ပုံပြောပြိုင်ပွဲကျင်းပခြင်းနှင့်စပ်လျှဉ်း၍ ရှင်းလင်းတင်ပြသည်။
အဆိုပါပုံပြောပြိုင်ပွဲတွင် တစ်ခါတုန်းက မဲလုံး ခေါင်းစဉ်ဖြင့် အလယ်တန်းအဆင့်တွင် ၈ ဦး၊ မိသားစု ကမ္ဘာ ပျော်စရာ ခေါင်းစဉ်ဖြင့် မူလတန်းအဆင့်တွင် ၁၄ ဦးတို့ပါဝင်ယှဉ်ပြိုင်ကြရာ အလယ်တန်းအဆင့်ပြိုင်ပွဲ တွင် ဆဌမတန်းမှ မလပြည့်လင်းက ပထမဆုကိုလည်းကောင်း၊ မူလတန်းအဆင့်ပြိုင်ပွဲတွင် စတုတ္ထတန်းမှ မခြူးနွယ်ထက်က ပထမဆုကိုလည်းကောင်း အသီးသီးရရှိကြ၍ တာဝန်ရှိသူများက ဆုများချီးမြှင့်ကြောင်းနှင့် ပါဝင်ယှဉ်ပြိုင်ကြသူအားလုံးကိုလည်း ယှဉ်ပြိုင်ဆုများချီးမြှင့်ကြကြောင်း သိရသည်။


လွန်ချီကျေးရွာ ပညာဒီပါ စာကြည့်တိုက် ဖွင့်ပွဲကျင်းပ
ဆင်ပေါင်ဝဲ စက်တင်ဘာ ၂၅
ဆင်ပေါင်ဝဲမြို့နယ် လွန်ချီကျေးရွာ ပညာ ဒီပါ စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနား ကို ယနေ့ နံနက် (၉)နာရီက အဆိုပါ စာကြည့် တိုက် ရှေ့ ၌ ကျင်းပရာ မြို့နယ် အုပ်ချုပ် ရေး မှူးနှင့် ဌာနဆိုင်ရာများ| မြို့နယ် ဖွံ့ဖြိုး တိုး တက်ရေး အထောက်အကူပြု ကော်မတီ ဝင်များ |လူမူရေးအသင်း အဖွဲ့များ| ကျေးရွာ ပြည်သူများ တက်ရောက်ကြသည်။
ရှေ့ဦးစွာ မြို့နယ် အုပ်ချုပ်ရေး မှူး ဦးတင့်လွင်က ပညာဒီပါ စာကြည့်တိုက် ဆိုင်းဘုတ်အား စက်ခ လုတ်နှိပ်ဖွင့်လှစ် ပေးပြီး နောက် မြို့နယ်အုပ်ချုပ် ရေးမှူး | မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး| ကျေးရွာ အုပ်ချုပ်ရေးမှူး တို့က စာကြည့်အား ဖဲကြိုး ဖြတ်ဖွင့်လှစ် ပေးကြသည်။
ဆက်လက် ၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်လွင်ကအဖွင့်အမှာစကား ပြောကြား ပြီး မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံ ရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်မျိုးမျိုးသွယ်က စာ ကြည်တိုက် ရေရှည်ရှင်သန်ဖွံဖြိုး တိုးတက်ရေးနှင့် စာဖတ်ကျင့်ရှိရေးတို့ကို ရှင်းလင်း ဟောပြောဆွေးနွေးသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ| မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက် အကူပြု ကော်မတီဝင်များ| လူမူရေးအသင်းအဖွဲ့များ |ကျေးရွာ ပြည်သူ များ က သုတရသ စာအုပ်စာစောင် (၃၅၀) အုပ်နှင့် ငွေပဒေသာပင် ကျပ်တစ်သိန်း တို့အား စုပေါင်းလှူဒါန်းကြရာ ပညာဒီပါ စာကြည့်တိုက်ကော်မတီဥက္ကဌဦးလှညွှန့်ကလက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

အဆိုပါ စာကြည့်တိုက်သည် သွပ်မိုး |အုတ်ကာ |သမံတလင်းခင်း ဖြစ်ပြီး မြန်မာ နိုင်ငံစာကြည့်တိုက် ဖောင်ဒေးရှင်းထောက်ပံ့ ငွေ ကျပ် ဆယ်သိန်းနှင့် ကျေး ရွာ ပြည်သူ ထည့်ဝင်ငွေ ကျပ် သိန်းနှစ်ဆယ် တို့ဖြင့် လှူဒါန်း ဆောက်လုပ် ထားခြင်း ဖြစ် ကြောင်း သတင်းရရှိပါသည်။

ကံမ စက်တင်ဘာ ၂၅
သရက်ခရိုင်၊ကံမမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်အသေးစားစက်မှုလက်မှုလုပ်ငန်း
ဦးစီးဌာနတို့ပူးပေါင်း၍ အသက်မွေး ၀မ်းကျောင်းအထောက်အကူပြုသဘာဝသီးနှံအခြေခံစားသောက် ကုန်ထုတ်လုပ်မှု လုပ်ငန်း ဖွင့်ပွဲကို စက်တင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီက ကျွန်းကလေးကျေးရွာ
အုပ်စု၊ထုံးကြီးကျေးရွာတွင်ကျင်းပပြုလုပ်ခဲ့သည်။သင်တန်းကာလမှာ ၅ ရက်ကြာမြင့်မည်ဖြစ်ပြီး သင်တန်းသား၃၀ ဦးတက်ရောက်ခဲံကြောင်း သိရသည်။

ဂန့်ဂေါ စက်တင်ဘာ ၂၄
ဂန့်ဂေါမြို့နယ် ကျောမြို့ လမ်းဦးစီးဌာနရိပ်သာ၌ စက်တင်ဘာ ၂၄ ရက်နံနက် ၉ နာရီခွဲက စွမ်းအင် ဝန်ကြီးဌာန သဘာဝဓာတ်ငွေ့ လုပ်ငန်းက ကျောမြို့ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတင်ဒါရောင်းချပွဲပြုလုပ် သည်။
တင်ဒါရောင်းချပွဲတွင် ဂန့်ဂေါခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဇင်က အမှာ စကားပြောကြားပြီး
 မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(လူမှုစီးပွါးရေးနှင့်ဖွံ့ဖြိုးရေး) အင်ဂျင်နီယာချုပ် ဦးလှဝင်းက တင်ဒါ စည်းကမ်းချက်များကို ရှင်းလင်းတင်ပြသည်။
အဆိုပါ တင်ဒါရောင်းချပွဲတွင် ကျောမြို့ဒေသ စကားရွာ ၆၀၀ ပေ၊ ၁၈ ပေရှိကျေးရွာလမ်းပြုပြင်ဆောင် ရွက်ရန် ဦးမြင့်ဦးကလည်းကောင်း ၊ ကျေးရွာစာသင်ကျောင်း တံခါးပိတ်နံရံအချောသပ်နှင့် မျက်နှာကျက်ဆောင် ရွက်ရန် ဦးစန်းဝင်းကလည်းကောင်း၊ စက်ရေတွင်း ၃ တွင်းအတွက် ဦးသန်းဝင်း၊ ဦးအောင်ဝင်း၊ ဦးခင်မောင်ရင် တို့ကလည်းကောင်း အသီးသီး တင်ဒါအောင်မြင်သွားကြကြောင်း သိရသည်။


မကွေး စက်တင်ဘာ ၂၅
မကွေးတိုင်းဒေသကြီးမကွေးခရိုင်မကွေးမြို့ပေါ်ပြည်တော်သာလမ်းနှင့်မေတ္တာလမ်းထောင့်ရှိအမေချိုကဖေးနှင့်
စားဖွယ်စုံဆိုင်ရှေ့မှစတင်ကာဒေါ်ခင်အေးဆင့်(ခ)မဆင့်ကတစ်ကိုယ်တော်ငြိမ်းချမ်းစွာလွှတ်စားသားပါ ဆိုင်ပုဒ်အားကိုင်ဆောင်၍နံနက်၁၀၀၅အချိန်ကစတင်ထွက်ခွါခဲ့သည်။လွှတ်စာသားပါဆိုင်ဘုတ်တစ်ခုကိုင်
ဆောင်ကာပါးစပ်အားတိတ်အမဲဖြင့်ပိတ်ပြီးစီတန်းလှည်လည်ခဲ့ရာ၁၀၀၅အချိန်တွင်၂×၃ပေကဒ်ထူစက္ကူပေါ်

တွင်အနီရောင်ဖြင့်ရေးသားထားသော လွှတ် စာသားပါဆိုင်ဘုတ်ကိုကိုင်ဆောင်ကာပြည်တော်သာလမ်း
နှင့်သစ္စာလမ်းထောင့်သို့လည်းကောင်းအထက၁လမ်းနှင့်သစ္စာလမ်းထောင့်သို့လည်းကောင်း အထက၁လမ်းနှင့်မေတ္တာလမ်းထောင့်သို့လည်ကောင်းသွားရောက်ကာအမေချို ကဖေးနှင့်စားဖွယ်စုံဆိုင်ရှေ့
တွင်ပြန်လည်ရောက်ရှိကြောင်းသိရသည်။

Find Us on Facebook

Popular Posts

Video