Sunday, September 27, 2015

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ ညနေ (၆း၀၅)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်၊ ရေနံချောင်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေ များ နှင့်အတူ မြို့မမြောက်ရုံးရပ်ကွက်ရှိ ဗောဓိတစ်ထောင် ဘုရားဝန်းအတွင်း ၀င်ရောက် စုံစမ်း ရှာဖွေ ဖမ်းဆီးရာ မြရတနာစေတီ အရှေ့ဘက် ခြေရင်းတွင် ရေနံချောင်းမြို့၊ ရွှေဘုံသာ အရှေ့ပိုင်း ရပ်ကွက်နေသူ ကျော်သက်စိုး (၂၁)နှစ်၊ ရေနံချောင်းမြို့၊ ဘေးမဲ့ဘုရားကုန်းရပ်နေသူ ထွန်းနေ၀င်း (၃၆)နှစ်၊ ရေနံချောင်းမြို့၊ ဆုံတိုက်ရပ်ကွက်နေ ရဲလင်းဦး (၃၀)နှစ်၊ အောင်အောင်ဦး (၄၀)နှစ်နှင့် ရေနံချောင်း မြို့၊ အိုးဘိုစည်ပင်သာယာ မြောက်ရပ်နေသူ အေးသော် (၅၈)နှစ် တို့ (၅)ဦးအား တရားမ၀င် ဘောလုံးလောင်းကစား ပြုလုပ်နေ သည်ကို တွေ့ရှိရပြီး ဘောလုံးလောင်း ကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ လောင်းကြေး ငွေစက္ကူ ရောရာ (၂၁၂၃၅၀ိ/-) တို့အား ရှာဖွေသိမ်းဆည်း ရမိသဖြင့် တရားမ၀င်ဘောလုံး လောင်း ကစား ပြု လုပ်သူ ကျော်သက်စိုး ပါ(၅)ဦးအား ရေနံချောင်းမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၅၄/၂၀၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၃(က)/၁၄(က) အရ အမှုဖွင့် အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။
 
အလားတူ ယင်းနေ့ ညနေ (၆း၁၅)နာရီ အချိန်ခန့်တွင် မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ စလင်းမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်း အမှတ် (၁၅/၂၀၁၅)ဖြင့် စလင်းမြို့နယ်၊ အနောက် ကန်ဘောင် ကျေးရွာနေသူ မကြည်ကြည်ရွှေ (၃၂)နှစ် ၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ ဘောလုံးလောင်းကစား ရာတွင် အသုံးပြုသော စာရွက် စာတမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့် လောင်းကြေး ငွေစက္ကူရောရာ (၃၁၁၀၀၀ိ/-) တို့အား ရှာဖွေ သိမ်းဆည်း ရမိသဖြင့် တရားမ၀င် ဘောလုံးလောင်းကစား ပြုလုပ်သူ မကြည်ကြည်ရွှေ အား စလင်းမြို့နယ်၊ မြို့မရဲစခန်း (ပ) ၉၁/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video