Sunday, September 27, 2015

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် (၈)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မကွေးမြို့၊ အောင်ချမ်း သာအုပ်စု၊ ရန်အောင်ရပ်ကွက်အတွင်း နယ်မြေသတင်းစုံစမ်းနေစဉ် ပြည်တော် သာလမ်းနှင့် အဝေရာ လမ်းထောင့် တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကြက်ယင်းခေါင်း ကျေးရွာ နေသူ သန်းဇော်(ခ) သန်းဇော်ဦး (၃၁)နှစ်သည် ဆင်းကဒ် (၂)ကဒ်ပါ MOMO 9 3G အမျိုးအစား ဟန်းဆက် ဖုန်း(၁)လုံး (တန်ဖိုး ၅၀၀၀၀ိ/-) ခန့်အား လိုက်လံ ရောင်းချနေသည်ကို မသင်္ကာဖွယ် တွေ့ရှိရသဖြင့် စစ်ဆေးရာ ၎င်းဖုန်းနှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်းခိုင်လုံစွာ ပြောဆိုနိုင်ခြင်း မရှိသဖြင့် တစ်နေရာရာမှ ခိုးယူလာသည်ဟု ယုံကြည်ရန် အကြောင်းရှိ၍ သန်းဇော်(ခ) သန်းဇော်ဦး အား မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း (ပ) ၂၅၂/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀/၅၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။ 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video