၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ သမထီးကျေးရွာတွင် တရားမဝင်နှစ်လုံး ထီ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ စကုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ သမထီးကျေးရွာ ရွာလယ်လမ်းမတွင် နေ့လည် (၂း၁၅) အချိန်ခန့်တွင် စောင့်ဆိုင်းနေစဉ် ၎င်းရွာနေ ခိုင်ဇော်လင်း(၃၄)နှစ်စီးနင်းလာသော ၃ဝယ/xxx၊ ဒါရန်း ၁၂၅ အနက်ရောင်ဆိုင်ကယ်အား မသင်္ကာ၍ ရပ်တန့်ရှာဖွေစစ်ဆေးခဲ့ရာ ၎င်းကိုင်ဆောင်သော ဟာဝေးအမျိုးအစား ဟန်းဆက်အတွင်းမှ တရားမဝင် နှစ်လုံးထီလောင်းကစားပြုလုပ်ရောင်းချရာတွင် အသုံးပြုသောအထောက်အထား Phone message မှတ်တမ်းအထောက်အထားနှင့်အတူ ငွေစက္ကူရောရာ ၁ဝ၇,၅၅ဝိ/-တို့အား ရှာဖွေ သိမ်းဆည်း ရမိသဖြင့် တရားမဝင်နှစ်လုံးထီလောင်းကစားပြုလုပ်သူ ခိုင်ဇော်လင်းအား မင်းဘူး(စကု) မြို့နယ်၊ စကု နယ်မြေရဲစခန်း(ပ)၁၂ဝ/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရအမှုဖွင့် အရေး ယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။
အလားတူ ၎င်းနေ့ ညနေ (၃) နာရီအချိန်ခန့်တွင် မကွေးခရိုင်၊ မကွေးမြို့၊ မကွေးနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မကွေးမြို့နယ်၊ ဘုရားပြို(မြောက်)ရွာနေ သန်းလွင်(၃၄)နှစ်၏ နေအိမ် တွင် တရား မဝင်နှစ်လုံးထီလောင်းကစားပြုလုပ်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ မကွေးမြို့နယ် ရဲတပ် ဖွဲ့မှူး ၏လောင်းကစားဖမ်းဝရမ်းအမှတ် (၆၁/၂ဝ၁၅) ဖြင့် ဝင်ရောက်ရှာဖွေရာ နေအိမ်ခေါင်းရင်းအဖီတဲ အတွင်း ဝါးကွပ်ပျစ်ပေါ်ရှိစားပွဲပေါ်မှ နှစ်လုံးထီလောင်းကစားရာတွင် အသုံးပြု သောစာရွက် စာတမ်းများ ၊ နှစ်လုံးထီ အကြွေးစာရင်းစာအုပ်များနှင့် လောင်းကြေးငွေ ၈၅,ဝဝဝိ/-တို့ အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် တရားမဝင်နှစ်လုံးထီလောင်းကစားပြုလုပ်သူ သန်းလွင်အား မကွေး မြို့နယ်၊ မကွေးနယ်မြေရဲစခန်း (ပ)၂၅၁/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment