၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ဆည်မုန်းကျေးရွာနေ ကျေးရွာကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးစိုးနိုင်(၄၆)နှစ်သည် ၂ဝ၁၅ခုနှစ်၊ ရွေးကောက်ပွဲတွင်မဲပေးနိုင်မည့် မဲဆန္ဒရှင်အမည် စာရင်း အား အများပြည်သူသိရှိနိုင်ရန် ဆည်မုန်းအုပ်စု၊ ရှားတောညွှန့်ကျေးရွာ၊ ရွာလယ်ဓမ္မာရုံ၌ ၁၄.၉.၂၀၁၅ ရက်နေ့ တွင် ကြော်ငြာကပ်ထားခဲ့ရာ ၂၄.၉.၂ဝ၁၅ ရက်နေ့ ၁၉ဝဝ အချိန်ခန့်တွင် ရှားတောညွှန့်ရွာနေ ဘိုသိန်း (၂၉)နှစ်မှ မဲဆန္ဒရှင်အမည်စာရင်းပါ စာရွက်များကပ်ထားသည့် ဗီနိုင်းစ(၃)ခုအား ဓါတ်ငွေ့ မီးဖိုဖြင့် မီးရှို့ ဖျက်ဆီးခဲ့သဖြင့် ဘိုသိန်းအား ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းနယ်မြေရဲစခန်း(ပ)၅၁/၂ဝ၁၅၊ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၅၉(က) အရလည်းကောင်း၊ ဗီနိုင်းစ(၃)ခုအား ဓါတ်ငွေ့မီးဖိုဖြင့် မီးရှို့ ဖျက်ဆီးခဲ့သဖြင့် စုစုပေါင်း တန်ဖိုး ၁၈,ဝဝဝိ/- ဆုံးရှုံးသွားခဲ့၍ ဘိုသိန်းအား လယ်ကိုင်းနယ်မြေရဲစခန်း (ပ) ၅၂/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆ အရလည်းကောင်း အမှုဖွင့် အရေးယူဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment