Saturday, September 26, 2015

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက် 
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၊ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် (၂၃၆/၄) နှင့် (၂၃၆/၅) အကြား ဘန့်ပြင်ရွာလမ်းပေါက်အနီး၌ နံနက် (၉း၄၀) အချိန်ခန့်တွင် ယာဉ်တိုက်မှု ဖြစ် ပွားကြောင်း သတင်းအရ ရှမ်းတပ်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ ကန်တုတ်ဘက်မှရှမ်းတပ်ဘက်သို့ မင်းလှမြို့နယ်၊ အောက်ကိုင်းကျေးရွာနေ မင်းစိန် (၄၂)နှစ်မောင်းနှင်ပြီး နောက်မှတစ်ရွာတည်းနေ ရွှေမောင်(၃၅)နှစ် လိုက်ပါလာသောနံပါတ်မပါ ရင်ဇင်း ၁၁ဝ အနက်ရောင်ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိ ဖုန်းကြိုးတိုင်အား ဝင်ရောက် တိုက်မိပြီး ရွှေမောင်တွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ (သေဆုံး)နှင့် မင်းစိန်တွင် နဖူးပေါက်ပြဲ ဒဏ်ရာရရှိ သေဆုံးသွားသဖြင့် ဆိုင်ကယ်မဆင်မခြင်မောင်းနှင်သူ မင်းစိန်အား မင်းလှ မြို့နယ် ၊ ရေနံမ နယ်မြေရဲစခန်း ယာဉ်(ပ) ၁၈/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။ 


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video