Saturday, September 26, 2015



ဂန့်ဂေါ စက်တင်ဘာ ၂၅
ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာပေလေ့ လာဖတ်ရှုမှုတိုးတက်စေရန်ရည်ရွယ်လျှက် ပုံပြောပြိုင်ပွဲကို စက်တင် ဘာ ၂၄ ရက်နံနက်က ဂန့်ဂေါမြို့နယ် လာပို့ရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) တွင်ပြုလုပ်ရာ ကျောင်း အုပ်ဆရာကြီး ဦးရာသောင်းက အမှာ စကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးအေးက ပုံပြောပြိုင်ပွဲကျင်းပခြင်းနှင့်စပ်လျှဉ်း၍ ရှင်းလင်းတင်ပြသည်။
အဆိုပါပုံပြောပြိုင်ပွဲတွင် တစ်ခါတုန်းက မဲလုံး ခေါင်းစဉ်ဖြင့် အလယ်တန်းအဆင့်တွင် ၈ ဦး၊ မိသားစု ကမ္ဘာ ပျော်စရာ ခေါင်းစဉ်ဖြင့် မူလတန်းအဆင့်တွင် ၁၄ ဦးတို့ပါဝင်ယှဉ်ပြိုင်ကြရာ အလယ်တန်းအဆင့်ပြိုင်ပွဲ တွင် ဆဌမတန်းမှ မလပြည့်လင်းက ပထမဆုကိုလည်းကောင်း၊ မူလတန်းအဆင့်ပြိုင်ပွဲတွင် စတုတ္ထတန်းမှ မခြူးနွယ်ထက်က ပထမဆုကိုလည်းကောင်း အသီးသီးရရှိကြ၍ တာဝန်ရှိသူများက ဆုများချီးမြှင့်ကြောင်းနှင့် ပါဝင်ယှဉ်ပြိုင်ကြသူအားလုံးကိုလည်း ယှဉ်ပြိုင်ဆုများချီးမြှင့်ကြကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video