Saturday, September 26, 2015
9:14 AM
မကွေးသတင်းစုံ
NEWS, Regional News
No comments
လွန်ချီကျေးရွာ ပညာဒီပါ စာကြည့်တိုက် ဖွင့်ပွဲကျင်းပ
ဆင်ပေါင်ဝဲ စက်တင်ဘာ ၂၅
ဆင်ပေါင်ဝဲမြို့နယ် လွန်ချီကျေးရွာ ပညာ ဒီပါ စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနား ကို ယနေ့ နံနက် (၉)နာရီက အဆိုပါ စာကြည့် တိုက် ရှေ့ ၌ ကျင်းပရာ မြို့နယ် အုပ်ချုပ် ရေး မှူးနှင့် ဌာနဆိုင်ရာများ| မြို့နယ် ဖွံ့ဖြိုး တိုး တက်ရေး အထောက်အကူပြု ကော်မတီ ဝင်များ |လူမူရေးအသင်း အဖွဲ့များ| ကျေးရွာ ပြည်သူများ တက်ရောက်ကြသည်။
ရှေ့ဦးစွာ မြို့နယ် အုပ်ချုပ်ရေး မှူး ဦးတင့်လွင်က ပညာဒီပါ စာကြည့်တိုက် ဆိုင်းဘုတ်အား စက်ခ လုတ်နှိပ်ဖွင့်လှစ် ပေးပြီး နောက် မြို့နယ်အုပ်ချုပ် ရေးမှူး | မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး| ကျေးရွာ အုပ်ချုပ်ရေးမှူး တို့က စာကြည့်အား ဖဲကြိုး ဖြတ်ဖွင့်လှစ် ပေးကြသည်။
ဆက်လက် ၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်လွင်ကအဖွင့်အမှာစကား ပြောကြား ပြီး မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံ ရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်မျိုးမျိုးသွယ်က စာ ကြည်တိုက် ရေရှည်ရှင်သန်ဖွံဖြိုး တိုးတက်ရေးနှင့် စာဖတ်ကျင့်ရှိရေးတို့ကို ရှင်းလင်း ဟောပြောဆွေးနွေးသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ| မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက် အကူပြု ကော်မတီဝင်များ| လူမူရေးအသင်းအဖွဲ့များ |ကျေးရွာ ပြည်သူ များ က သုတရသ စာအုပ်စာစောင် (၃၅၀) အုပ်နှင့် ငွေပဒေသာပင် ကျပ်တစ်သိန်း တို့အား စုပေါင်းလှူဒါန်းကြရာ ပညာဒီပါ စာကြည့်တိုက်ကော်မတီဥက္ကဌဦးလှညွှန့်ကလက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
အဆိုပါ စာကြည့်တိုက်သည် သွပ်မိုး |အုတ်ကာ |သမံတလင်းခင်း ဖြစ်ပြီး မြန်မာ နိုင်ငံစာကြည့်တိုက် ဖောင်ဒေးရှင်းထောက်ပံ့ ငွေ ကျပ် ဆယ်သိန်းနှင့် ကျေး ရွာ ပြည်သူ ထည့်ဝင်ငွေ ကျပ် သိန်းနှစ်ဆယ် တို့ဖြင့် လှူဒါန်း ဆောက်လုပ် ထားခြင်း ဖြစ် ကြောင်း သတင်းရရှိပါသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment