Sunday, September 27, 2015

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် (၀၀း၄၅)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ပခုက္ကူမြို့၊ အမှတ်(၃) ရပ်ကွက်၊ အောင်ချမ်းသာရပ်တွင် လူတစ်ဦး ဓါးကိုင်ရမ်းကား နေကြောင်း ဖုန်းဆက် အကြောင်းကြား ချက်အရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ ပခုက္ကူမြို့၊ အမှတ်(၃) ရပ်ကွက်နေသူ ခင်မောင်အေး (၂၃)နှစ်သည် အရိုးအသွား (၁)ပေ (၅)လက္မခန့်ရှိ သံရိုးတပ် ဓါးဦးချွန် ဓါးမြှောင် တစ်ချောင်းအား ကိုင်ဆောင်ပြီး ရပ်ကွက်အတွင်း ရမ်းကားနေသည်ကို တွေ့ရှိရသဖြင့် ဓါးကိုင် ရမ်းကားသူ ခင်မောင်အေးအား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း (ပ)၃၇၉/၂၀၁၅၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video