၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ ည (၆)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ဗဟင်းနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် တာဝန်ဆောင်ရွက်နေစဉ် ဗဟင်း တိုက်နယ်ဆေးရုံသို့ ကလေးတစ်ဦး ရေနစ်သေဆုံး၍ ရောက်ရှိနေကြောင်း သတင်းအရ သက်သေ များ နှင်အတူ သွားရောက်စစ်ဆေးရာ မြိုင်မြို့နယ်၊ စဘေကန်ကျေးရွာနေ ဦးဇော်မင်းနိုင်၏ သားများ ဖြစ်ကြသော ဇင်ကိုဦးနှင့် ဇင်ကိုဖြိုး (၆)နှစ်တို့ (၂)ဦးသည် ညနေ (၅)နာရီခွဲ အချိန်ခန့်တွင် စဘေကန် ကျေးရွာ၏ အနောက် မြောက်ဘက် (၂)ဖာလုံခန့် အကွာရှိ အလျား ၁၀၀ ပေ၊ အနံ ၅၀ ပေ၊ အနက် ၅ ပေခန့်ရှိ ရေကန်အတွင်း ရေဆင်းချိုးရာမှ ဇင်ကိုဖြိုးမှာ ရေနစ်သွားသဖြင့် ဇင်ကိုဦးမှ အော်ဟစ် အကူအညီတောင်း၍ ရွာသားများ ရောက်ရှိလာပြီး ၀ိုင်းဝန်းရှာဖွေခဲ့ရာ ရေကန်ဘောင်နှင့် (၅)ပေခန့် အကွာ၊ ရေအနက် ၅ ပေခန့်၌ ဇင်ကိုဖြိုးအား သေဆုံးလျှက် တွေ့ရှိရကြောင်း ပြောပြ သိရှိရသဖြင့် ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေး နိုင်ရန်အတွက် မြိုင်မြို့နယ်၊ ဗဟင်းနယ်မြေ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၁၁/၂၀၁၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
Monday, September 28, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment