Monday, September 28, 2015

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ (၃)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် တောင်တွင်းကြီးမြို့နယ်၊ ရွာသစ်(အရှေ့) ကျေးရွာတွင် အမျိုးသားတစ်ဦး သစ်ပင်ပေါ်မှ ပြုတ်ကျ သေဆုံး နေကြောင်း ထန်းပင်တဲ ကျေးရွာခွဲတာဝန်ခံ ဦးသန်းအောင်မှ ဖုန်းဆက် အကြောင်းကြား သဖြင့် အခင်းဖြစ် နေရာသို့ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ထန်းပင်တဲ ကျေးရွာနေ ဇော်မင်း (၄၀) နှစ်ဖြစ်ပြီး ၄င်းသည် နံနက် (၁၁)နာရီ အချိန်ခန့်က ရွာသစ်(အရှေ့) ကျေးရွာနေ ဦးသိန်းဦး ၏ နေအိမ်ဝိုင်းအတွင်းရှိ ကုက္ကိုပင်အား ထင်းအဖြစ် အသုံးပြုရန် အကိုင်း တက်ခုတ်ရာ ကုက္ကိုပင် အမြင့် ပေ(၂၀) ခန့်မှ အောက်သို့ပြုတ်ကျပြီး ဒဏ်ရာများ ရရှိသေဆုံးနေ သည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ၄င်းသေဆုံးခြင်းမှာ ဓမ္မတာအတိုင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေး နိုင်ရန် တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွား နယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၉/၂၀၁၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။ 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video