Tuesday, September 29, 2015

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေး-တောင်တွင်းကြီးကားလမ်း မိုင်တိုင်အမှတ် ၂၈၉ နှင့် ၂၈၉/၁ အကြားတွင် ၂၈.၉.၂ဝ၁၅ ရက်နေ့ နံနက် (၅) နာရီအချိန် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သစ်ရာကောက်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်မှာ တောင်တွင်းကြီးဘက်မှ မကွေးဘက်သို့ တောင်တွင်းကြီးမြို့၊ တောင်ပြင် (၁)ရပ် ကွက်နေ ကျော်နိုင် (၂၆)နှစ်မောင်းနှင်သော ၂၅ယ/xxx၊ FOLLOW ME-125 ဖြူနက်ကြား ဆိုင်ကယ်ဖြင့် နောက်တွင် တစ်ရပ်ကွက်တည်းနေ မသန္တာသိမ့်(၂၃)နှစ်အား တင်ဆောင်မောင်းနှင်လာစဉ် မကွေးမြို့ ဘက်မှ တောင်တွင်းကြီးမြို့ဘက် သို့ တောင်တွင်းကြီးမြို့၊ မောင်းတိုင်(၁)ရပ်နေ ငွေယံစိုး (၂၂)နှစ် မောင်းနှင်လာသော 8H/xxx ၊ STAREX GRX အမျိုးအစား အဖြူရောင် ''ဇာနည်အောင် မော်တော် ယာဉ်လိုင်း" ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောအတွင်း ဝင်ရောက်တိုက်မိခဲ့သဖြင့် ဆိုင်ကယ်စီးနင်းသူ ကျော်နိုင်နှင့် မသန္တာသိမ့် တို့(၂)ဦးမှာ ရရှိသော ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ တွင် သေဆုံးသွားခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ငွေယံစိုးအား မကွေးမြို့နယ်၊ မိကျောင်းရဲ နယ်မြေရဲစခန်း ယာဉ်(ပ) ၂၂/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။ 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video