Tuesday, September 29, 2015

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၊ မြို့မရပ်ကွက်၊ အထက်တန်းကျောင်းခွဲတွင် အမျိုးသမီး တစ်ဦးမှ ပထမတန်းကျောင်းသူ၏ လည်ပင်းတွင် ဆွဲထားသော ဆွဲကြိုးအား ဖြုတ်ယူသွားခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်မှာ ဂန့်ဂေါမြို့၊ မြို့မတောင်ကုန်းရပ်ကွက်နေ ဒေါ်မော်မော်လွင် (၄၅)နှစ်၏ သမီးဖြစ်သူ ပထမတန်း ကျောင်းသူ မထက်အိအိခိုင် (၆)နှစ်သည် ၂၈.၉.၂ဝ၁၅ ရက်နေ့ (၁၁း၀၅)နာရီ အချိန်ခန့် ထမင်းစား ကျောင်းဆင်းချိန်တွင် တစ်ရပ်ကွက်တည်းနေ ဒေါ်ဇင်မာဖြိုး(၃၁)မှ ကျောင်းဝင်းအတွင်းသို့ ၄င်း၏ သားဖြစ်သူ မောင်ကြည်မင်းခန့် (၅)နှစ်အား ထမင်းလာပို့စဉ် မထက်အိအိခိုင် အား တွေ့၍ နှုတ်ဆက်ပွေ့ချီ ကာ လည်ပင်းတွင် ဆွဲထားသော (၁)မတ်သားခန့် သံကွင်းဆက်ဆွဲကြိုး (တန်ဘိုး ၂၃၀,၀၀၀ိ/- ခန့်) အား ဖြုတ်ယူသွား ခဲ့ကြောင်းကို ညနေ ကျောင်းဆင်းချိန်တွင် သမီးဖြစ်သူ မထက်အိအိခိုင် မှ ပြောပြ သိရှိရသဖြင့် ဆွဲကြိုးဖြုတ်ယူသွားသူ ဒေါ်ဇင်မာဖြိုးအား အရေးယူပေးပါရန် ၂၈.၉.၂ဝ၁၅ ရက်နေ့ ည (၁၁း၃၀)နာရီအချိန် ဒေါ်မော်မော်လွင်မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ဂန့်ဂေါမြို့နယ်၊ မြို့မရဲစခန်း (ပ) ၉၉/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉(နှိုက်) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video