၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့၊ အမှတ်(၈)စိတ္တသုခရပ်ကွက်နေသူ ဦးရန်နိုင် (၆၀)နှစ် အား နှစ်လုံးထီ၊ သုံးလုံးထီ လောင်းကစားဒိုင်ပြုလုပ်မှုဖြင့် ရေစကြိုမြို့မရဲစခန်းမှ အရေးယူ ထားရှိကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ ၂၈.၉.၂ဝ၁၅ ရက်နေ့ နံနက် (၁၁)နာရီ အချိန်ခန့်တွင် ရေစကြိုမြို့မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် သတင်းအရ သက်သေများနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်း အမှတ် (၂၂/၂ဝ၁၅)ဖြင့် ရေစကြိုမြို့၊ အမှတ်(၈)စိတ္တသုခ ရပ်ကွက်နေသူ ဦးရန်နိုင် (၆၀)နှစ်၏ နေအိမ်အတွင်း ဝင်ရောက်ရှာဖွေခဲ့ရာ နှစ်လုံးထီနှင့် သုံးလုံးထီလောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်း များနှင့် လောင်းကြေးငွေ စက္ကူရောရာ ၂,၃ဝဝိ/- တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် တရားမဝင် နှစ်လုံးထီနှင့်သုံးလုံးထီ လောင်းကစားဒိုင် ပြုလုပ်သူ ဦးရန်နိုင်အား ရေစကြိုမြို့နယ်၊ မြို့မရဲစခန်း (ပ) ၁၉၁/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က)အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment