Monday, September 28, 2015

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ (၅)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေ များနှင့် အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်း အမှတ် ၆၂/၂၀၁၅ ဖြင့် မကွေးမြို့၊ အောင်မင်္ဂလာ အုပ်စု၊ ရန်ကင်းရပ်ကွက်၊ (၄)လမ်းနှင့် ဇီဇ၀ါလမ်းထောင့်ရှိ ပွင့်ဖြူမြို့နယ်၊ ကျောင်းတော်ရာ ကျေးရွာနေသူ စိုးလွင်ဖြိုး (၁၉)နှစ်၏ နေအိမ်အား ၀င်ရောက် ရှာဖွေရာ စိုးလွင်ဖြိုး နှင့်အတူ ကျောင်းတော်ရာ ကျေးရွာနေ ထက်လှိုင်မျိုး (၁၉) နှစ်၊ အောင်ရဲကျော် (၂၀) နှစ်တို့ (၃)ဦးသည် ဖဲလောင်းကစား ပြုလုပ်နေ ကြသည် ကို တွေ့ရှိရပြီး ကျောင်းတော်ရာကျေးရွာနေသူ ဖြိုးဝေလင်း (၂၁)နှစ်နှင့် မကွေးမြို့၊ ကန်သာရပ်ကွက် (ဘီ-၆လမ်း)နေသူ အောင်ကိုကိုလွင် (၂၇)နှစ် တို့(၂)ဦးအား ဖဲဝိုင်းအနီးတွင် တွေ့ရှိရကာ ၄င်းတို့ထံမှ AAA တံဆိပ်ပါ ဖဲချပ်(၁၀၈)ချပ် ဖဲရိုက်လောင်းကစား ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်း များနှင့် လောင်းကြေး ငွေစက္ကူရောရာ ၆၅၂၀၀ိ/-တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသဖြင့် ဖဲလောင်း ကစား ပြုလုပ်သူ စိုးလွင်ဖြိုးပါ (၃)ဦးနှင့် ဖဲဝိုင်းအနီးရောက်ရှိနေသော ဖြိုးဝေလင်း ပါ(၂)ဦး၊ ပေါင်း(၅)ဦး တို့အား မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း (ပ)၂၅၃/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/၁၄(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video