Monday, September 28, 2015

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ(၃)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ် ပြည်သူ့ဆေးရုံဝန်း အတွင်း ရပ်ထားသော TOHON-110 အမျိုးအစား အနက်ရောင် ဆိုင်ကယ် (၁)စီး ပျောက်ဆုံးကြောင်း သတင်းအရ ဂန့်ဂေါမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် သက်သေ များနှင့်အတူ ဂန့်ဂေါ-ပုလဲသွားကားလမ်း မိုင်တိုင်အမှတ် ၁၀၉/၈ နှင့် ၁၁၀/၀ အကြား တွင် စောင့် ဆိုင်းနေစဉ် မက/၂၉၄၇၆ HI-BIRD-110 အနက်ရောင် ဆိုင်ကယ်ပေါ် တွင် TOHON-110 အနက်ရောင် ဆိုင်ကယ် တစ်စီးအား ကန့်လန်ဖြတ် တင်ဆောင်၍ မောင်းနှင် လာသည့် လူတစ်ဦးအား မသင်္ကာသဖြင့် ရပ်တန့်စစ်မေးရာ ၄င်းမှာ ဂန့်ဂေါမြို့နယ်၊ တဇန်း ကျေးရွာနေသူ မြင့်ဇော် (၃၃)နှစ် ဖြစ်ပြီး တင်ဆောင် လာသော ဆိုင်ကယ်နှင့် ပတ်သက်၍ ပိုင်ဆိုင် ကြောင်း အထောက် အထား တစ်စုံတစ်ရာ ပြောဆိုပြ သနိုင်ခြင်း မရှိသဖြင့် မြင့်ဇော်အား ဂန့်ဂေါ မြို့နယ်၊ မြို့မရဲစခန်း (ပ)၉၈/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉/ကျင့် ၅၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။ 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video