Monday, September 28, 2015

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် (၁၁း၂၀)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ပခုက္ကူမြို့၊ အမှတ်(၁၂) ရပ်ကွက်၊ ပွဲလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ (၁၁း၁၉) အချိန်ခန့်တွင် “စိန်နေ” ဖိနပ်လုပ်ငန်း လုပ်ကိုင်သူ မမာမာ(ခ)ဇင်မာ (၃၀)နှစ် ၏ (၂x၃) ပင်မြေစိုက်၊ သွပ်မိုး၊ ထရံကာနေအိမ်၏ အနောက်ဘက်တွင် ဖိနပ်လုပ်ငန်းလုပ်ကိုင်ရန် ဆောက်လုပ် ထားသည့် အဖီအတွင်း အမဲသားကြော်နေရာမှ လျှပ်စစ်ဒယ်အိုး အပူလွန်ကဲပြီး အနီးရှိ ဖိနပ်လုပ်ရာတွင် အသုံးပြုသည့် ပလပ်စတစ်ပုံးဖြင့် ထည့်ထားသော ကော်ရည်အား မီးဟပ်ပြီး မီးကူးစက် လောင်မှုဖြစ် ပွားခဲ့ရာ မီးလောင်ရာနေရာသို့ ပခုက္ကူခရိုင်မီးသတ် ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင် (၁၆)ဦး၊ ပခုက္ကူမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်(၁၃)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်(၂၀)ဦး၊ ပြည်သူ(၅၀)ဦး တို့မှ မီးသတ်ယာဉ် (၂)တို့ဖြင့် ၀ိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ (၁၁း၂၁) အချိန် မီးငြိမ်း သွားခဲ့ပြီး ဖိနပ်သုတ်ကော်ရည် (၁)ဂါလံခန့်နှင့် (၃)လက်မပတ်လည် ဖိနပ်လုပ်သည့် ဆိုးပြား(၁)ပြား (တန်ဘိုး ၅၀၀၀ိ/-)ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ မီးလောင်မှုကြောင့် မမာမာ(ခ)ဇင်မာ တွင် ဒူးခေါင်း နှစ်ဘက်အောက်တွင် မီးဟပ်သည့် ဒဏ်ရာများ ရရှိခဲ့ကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် လျှပ်စစ်မီး ပေါ့ဆစွာ သုံးစွဲသူ မမာမာ(ခ) ဇင်မာအား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း (ပ)၃၈၀/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅/ ၃၃၇ အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။ 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video