Monday, September 28, 2015

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ ည (၁၁)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ ချောက်မြို့နယ်၊ ဂွေးပင်နယ်မြေစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ချောက်မြို့နယ်၊ ဇီးချိုပင် ကျေးရွာ အနီး ဂွေးချို-ရေနံချောင်းသွား ကားလမ်း မိုင်တိုင်အမှတ် ၃၈၀/၅ နှင့် ၃၈၀/၆ အကြားတွင် ယာဉ်တိုက်မှု ဖြစ် ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ဂွေးချိုရွာ ဘက်မှ ဂွေးပင်ရွာဘက် သို့ ချောက်မြို့နယ်၊ ထန်းခြောက်ပင်ရွာနေသူ အောင်အောင် (၁၉) နှစ် မောင်းနှင်ပြီး နောက်တွင် ဇီးချိုပင်ကျေးရွာနေသူ အောင်အေးမိုး (၁၉) နှစ် လိုက်ပါသော ၂၄ယ/xxxx၊ လော့ဂျား-၁၁၀ အနက်ရောင် ဆိုင်ကယ်နှင့် ထန်းခြောက်ပင်ရွာနေသူ ကျော်သီဟ (၁၉)နှစ် မောင်းနှင်သော ၄၁ယ/xxxx ဆိုင်ကယ်နှစ်စီး တို့သည် အရက်သောက်စားမူးယစ်ပြီး လမ်းပေါ်တွင် ယှဉ်ပြိုင်စီးရာမှ တစ်စီးနှင့်တစ်စီး တိုက်မိပြီး အောင်အောင် ၊ ကျော်သီဟနှင့် အောင်အေးမိုး တို့တွင် ဒဏ်ရာများ ရရှိခဲ့ကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် ဆိုင်ကယ်မဆင်မခြင် မောင်းနှင်သူ အောင်အောင်နှင့် ကျော်သီဟ တို့ ချောက်မြို့ နယ်၊ ဂွေးပင်နယ်မြေရဲစခန်း ယာဉ်(ပ) ၈/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video