Monday, September 28, 2015

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် (၈း၄၀)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ မအူရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ပခုက္ကူ-မုံရွာသွားကားလမ်း မိုင်တိုင်အမှတ် (၁၀/၄)နှင့် (၁၀/၅)အကြား၊ သစ်ခေါက်ဆိပ်ကျေးရွာ ဇရပ်အနီး ကားလမ်းမပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများ နှင့်အတူ သွားရောက်စစ်ဆေးရာ ၄င်းလမ်း အတိုင်း ပခုက္ကူမြို့မှ မုံရွာမြို့ဘက်သို့ မြိုင်မြို့နယ်၊ သရက်ကျေးရွာနေသူ ယာဉ်မောင်း သန်းမင်းစိုး (၂၀) နှစ် မောင်းနှင်သော ၁ဂ/xxxx နစ်ဆန်းအမျိုးအစား ခရီးသည်တင် မှန်လုံယာဉ် သည် ၄င်းလမ်း အတိုင်း ရှေ့မှစီးနင်းနေသော ချောင်းဦးမြို့နယ်၊ တောင်ချောင်းကြီး ကျေးရွာနေသူ ဦးပြည့်ဌေး (၆၅)နှစ်၏ မိန်းမစီး ဖီးဆင့်အမျိုးအစား ခရမ်းရောင် စက်ဘီးအား အရှိန်မထိန်းနိုင်ဘဲ နောက်မှ ၀င်ရောက် တိုက်မိရာ ဦးပြည့်ဌေးတွင် ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ သန်းမင်းစိုးအား ရေစကြိုမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၂၁/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။ 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video