၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ နွားထိန်းကျေးရွာနေ မငြိမ်းအေး(၂၇)နှစ်သည် ၎င်းနေ့ ၊နေ့လည် (၁) နာရီအချိန် နေအိမ်တွင်ရှိနေစဉ် ခင်ပွန်းဖြစ်သူ ကိုနိုင်လင်း(၂၉)နှစ်နှင့် တစ်ရွာ တည်းနေ ကိုအုန်းခိုင် (၄၄)နှစ်တို့ စကားများရန်ဖြစ်ကြောင်း သိရှိရ၍လိုက်သွားရာ ရွာတောင်ဘက် ပေါ်တော်မူဘုရား အနီးတွင် ခင်ပွန်းဖြစ်သူ ကိုနိုင်လင်းမှာ မြေပြင်တွင် ပက်လက်လဲကျကာ ပါးစပ်မှအမြှုပ်ထွက်နေသည် ကိုတွေ့ရှိရ၍ အနီးရှိလူများအား မေးမြန်းရာ ကိုအုန်းခိုင်မှ ကိုနိုင်လင်းအား အရိုးအသွား (၉)လက်မခန့်ရှိ ဓါးဖြင့်ထိုးသွားကြောင်း ပြောပြသိရှိရပြီး ကိုနိုင်လင်းမှာ ဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌သေဆုံးသွားသဖြင့် ကိုအုန်းခိုင်အား အရေးယူပေးရန် မငြိမ်းအေးမှ တရားလို ပြုလုပ်တိုင်တန်းသဖြင့် ရေစကြိုမြို့နယ်၊ မြို့မ ရဲစခန်း (ပ)၁၉၃/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၂ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment