၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကလေး-ဂန့်ဂေါကားလမ်း မိုင်တိုင်အမှတ် ၂၆/၃နှင့် ၂၆/၄အကြား ရဲလှရွာအနီးတွင် ည (၉း၄၅) အချိန်ခန့်တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ တောင်ခင်ရမ်းရဲကင်း စခန်းမှ တပ်ဖွဲ့ဝင်များသည်သက်သေများနှင့်အတူသွားရောက်စစ်ဆေးခဲ့ ကြောင်းသတင်းရရှိပါသည်။

ကလေးဘက်မှ ဂန့်ဂေါဘက်သို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ပင်လုံရပ်နေ ဝေယံထွန်း (၂၇)နှစ် မောင်းနှင်သော ၄ခ/xxx ၊ NISSAN B45 နို့နှစ်ရောင်ယာဉ်ပေါ်တွင် ဆန်အိတ်အလုံး (၇ဝ) တင်ဆောင်မောင်းနှင်လာစဉ် ကျော်ရွာဘက်မှ မြောက်ခင်ရမ်းဘက်သို့ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရမ်း ရွာနေ စန်းအောင် (၂၈)နှစ်မောင်းနှင်ပြီး နောက်မှ တစ်ရွာတည်းနေ မြင့်စိုး(၂၈)နှစ်လိုက်ပါလာသည့် ၁ဝယ/xxxx ၊ ZIP STAR 110 အနက်ရောင်ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် ကား၏ရှေ့ဘန်ကာ ဝဲဘက်ခြမ်း အားတိုက်မိ၍ မြင့်စိုးတွင် ယာလက်ဖျံပေါက်ပြဲဒဏ်ရာ၊ ပါးစပ်သွေးထွက်ဒဏ်ရာ၊ ရှေ့သွား ကျိုး/မေးရိုး ယာဘက်ခြမ်းပေါက်ပြဲဒဏ်ရာများရရှိကာ စန်းအောင်တွင် ဝဲ/ယာမျက်ခုံး(၁)လက်မခန့် ပေါက်ပြဲဒဏ်ရာ၊ ယာပခုံးပွန်းပဲ့ဒဏ်ရာ၊ ဦးခေါင်းနောက်စေ့(၄)လက်မခန့် ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ဝေယံထွန်းအား ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေ ရဲစခန်း ယာဉ်(ပ)၁၈/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က/၃၃၈ အရ အမှုဖွင့် အရေးယူဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment