Wednesday, September 30, 2015

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ကျွန်းဓါတ်ကျေးရွာတောင်ဘက် (၁)ဖာလုံ ခန့်အကွာ ဂန့်ဂေါ-ကလေး ကားလမ်းမိုင်တိုင်အမှတ် ၃/၃နှင့် ၃/၄ အကြားတွင် နေ့လည် (၂း၄၅) အချိန်တွင် ယာဉ် တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရ ဂန့်ဂေါမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

 မွှေ့လယ်ရွာဘက်မှ ဂန့်ဂေါဘက်သို့ ဂန့်ဂေါမြို့၊ ကျောတိုက်ရပ်ကွက်နေ သူရထွန်း(၂၇)နှစ်သည် 9J/6456 FUSO အဖြူရောင်(၁၂)ဘီးယာဉ်ပေါ်တွင် ၂က/xxxx ၊ ဒိုင်နာယာဉ်အပြာနုရောင်ကားအား တင်ဆောင် ၊မောင်းနှင်လာပြီး ကျော်ကျေးရွာမှ ကျွန်းဒတ်ကျေးရွာဘက်သို့ ဂန့်ဂေါမြို့၊ ကျွန်းဒတ်ရွာနေ ညီညီထွေး (၂ဝ)နှစ်တစ်ဦးတည်းမောင်းနှင်လာသော ၂၄ယ/xxx ၊ KENBO 125 အစိမ်းရောင် ဆိုင်ကယ်တို့ လမ်းအကွေ့တွင် မျက်နှာချင်းဆိုင် ကား၏ရှေ့ဝဲဘက်ဘန်ကာအားတိုက်မိ၍ ညီညီထွေး တွင် ဦးခေါင်း ထိပ်(၃)လက်မခန့်ပေါက်ပြဲဒဏ်ရာ၊ ဦးနှောက်ထွက်ဒဏ်ရာများ ရရှိသေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိ ရသဖြင့် ယာဉ်အား မဆင်မခြင်မောင်းနှင်သူ သူရထွန်းအား ဂန့်ဂေါမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၃၂/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။ 


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video