၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ပွင့်ဖြူ-မင်းဘူးကားလမ်း မိုင်တိုင်အမှတ် ၁၉/၆ နှင့် ၁၉/၇ အကြားတွင် ညနေ (၄)နာရီ အချိန်ခန့်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပွင့်ဖြူမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ် ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ ဖြစ်စဉ်မှာ ပွင့်ဖြူဘက်မှ မင်းဘူးဘက်သို့ ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းကျေးရွာနေသူ မိုးကျော်သူ (၄၆)နှစ် တစ်ဦးတည်း မောင်းနှင်လာသော ၄၆ယ/xxxx New Zhineing-110 အနက်ရောင် ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ထနောင်းပင်ခြောက်အား ၀င်ရောက် တိုက်မိခဲ့သဖြင့် မိုးကျော်သူတွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆိုင်ကယ် မဆင်မခြင် မောင်းနှင်သူ မိုးကျော်သူအား ပွင့်ဖြူမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၄၄/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၃၈/၂၇၉ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:
Post a Comment