၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေး-ရေနံချောင်းကားလမ်း မိုင်တိုင်အမှတ် ၃၃၉/၃ နှင့် ၃၃၉/၄ကြားတွင် ည (၇)နာရီ အချိန်ခန့်၌ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ မကွေးနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ ဖြစ်စဉ်မှာ ရေနံချောင်းဘက်မှ မကွေးဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေ မြို့နယ်နေသူ ယာဉ်မောင်း ခင်မောင်စိုး (၄၃)နှစ် မောင်းနှင်လာသော 4H/xxxx TOYOACE အပြာရောင် ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက် ဘေးသို့ တိမ်းမှောက်သွားခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါ လာသူ (၄)ဦးအနက် ရန်ကုန်တိုင်း ဒေသကြီး၊ သာကေတမြို့နယ်နေသူ လင်းထက်အောင် (၂၅)နှစ်တွင် ယာလက်မောင်း နာကျင်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ခင်မောင်စိုး အား မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း ယာဉ်(ပ)၄၆/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:
Post a Comment