Thursday, October 1, 2015

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မင်းတုန်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အဖွဲ့များ၊ မြို့နယ်စည်ပင် အဖွဲ့များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် တရားမ၀င်နွားများ သယ်ဆောင်လာကြောင်း သတင်းအရ သက်သေများနှင့်အတူ နံနက် (၂)နာရီ အချိန်ခန့်တွင် သရက်-မင်းတုန်းကားလမ်း၊ မိုင်တိုင်အမှတ် ၂၅/၆ အနီးတွင် စောင့်ဆိုင်း နေစဉ် မင်းတုန်းမြို့ဘက်မှ သရက်မြို့ဘက်သို့ သရက်မြို့၊ အနောက်မြောက် ရပ်ကွက်နေသူ ယာဉ်မောင်း ကျော်လင်း (၅၂)နှစ် မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ ယာဉ်နောက်လိုက် ဝေဖြိုးအောင် (၂၀)နှစ် နှင့် သိန်းထွန်း(ခ)အီစွတ် (၆၄)နှစ် တို့လိုက်ပါလာသော 8A/xxxx Nissan (၆)ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် နွားထီး(၁၁)ကောင် (တန်ဘိုး-၃၃ သိန်းကျပ်ခန့်) အား ခွင့်ပြုချက် တစ်စုံတစ်ရာမရရှိဘဲ တရားမ၀င် သယ်ဆောင် လာသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် သိန်းထွန်း(ခ)အီစွတ် ပါ(၃)ဦးအား မင်းတုန်းမြို့နယ်၊ အလယ်ချောင်းနယ်မြေရဲစခန်း (ပ)၁၄/၂၀၁၅၊ အရေးကြီးကုန်စည်နှင့် ၀န်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။ 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video