၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ ၀ါးကြီးအိုင်နယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် သတင်းအရ သက်သေများနှင့်အတူ မြို့သစ်မြို့နယ် ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်း အမှတ် ၁၄/၂၀၁၅ ဖြင့် နေ့လည် (၁း၁၅)နာရီ အချိန်ခန့်တွင် မြို့သစ်မြို့နယ်၊ ကွင်းကြီး ကျေးရွာနေသူ ထိန်လင်း (၄၁)နှစ်၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ နေအိမ် အောက်ထပ်ရှိ စားပွဲပေါ်မှ နှစ်လုံးထီ/ သုံးလုံး ထီ လောင်းကစားရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့် လောင်းကြေးငွေ စက္ကူရောရာ ၁၀၁၀၀ိ/-တို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် တရားမ၀င် နှစ်လုံးထီ/ သုံးလုံးထီ လောင်း ကစားပြုလုပ်သူ ထိန်လင်းအား မြို့သစ်မြို့နယ်၊ မြို့မရဲစခန်း (ပ)၁၃၈/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။
အားလားတူ ၃၀.၉.၂၀၁၅ ရက်နေ့ နေ့လည် (၁း၀၅)နာရီအချိန်ခန့်တွင် မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်း ကစားဖမ်း ၀ရမ်းအမှတ် ၁၂/၂၀၁၅ ဖြင့် မြို့သစ်မြို့နယ်၊ ကွင်းကြီးရွာနေသူ ဘိုပု(ခ)ဘိုစိန်မြင့် (၃၆)နှစ် ၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ နှစ်လုံးထီ/သုံးလုံးထီ လောင်းကစားရာတွင် အသုံးပြု သော စာရွက် စာတမ်းများနှင့် လောင်းကြေးငွေစက္ကူ ရောရာ ၈၃၂၀၀ိ/-တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိခဲ့ သဖြင့် လောင်းကစားပြုလုပ်သူ ဘိုပု(ခ)ဘိုစိန်မြင့်အား မြို့သစ်မြို့နယ်၊ မြို့မရဲစခန်း (ပ) ၁၃၇/၂၀၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က)အရ အရေးယူမှုဖြစ်ပါသည်။

ယင်းနေ့ ၃၀.၉.၂၀၁၅ ရက်နေ့ ညနေ (၃း၁၅)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များနှင့် မင်းလှမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေ များနှင့်အတူ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်း အမှတ် ၀၅/၂၀၁၅ ဖြင့် မင်းလှမြို့၊ အမှတ်(၃) ရပ်ကွက်နေသူ မမြတ်မြတ်မိုး(ခ) မမိုးမိုး (၄၀)နှစ်၏ နေအိမ်အား ၀င်ရောက် ရှာဖွေရာ နှစ်လုံးထီ လောင်းကစား ပြုလုပ်ရာတွင်အသုံးပြုသည့် စာရွက် စာတမ်းများ၊ ဆက်စပ်ပစ္စည်း များနှင့် လောင်းကြေး ငွေစက္ကူရောရာ ၁၀၄၉၅၀ိ/- တို့အား တွေ့ရှိ သိမ်းဆည်း ရမိခဲ့သဖြင့် တရားမ၀င် နှစ်လုံးထီ လောင်းကစားပြုလုပ်သူ မမြတ်မြတ်မိုး(ခ) မမိုးမိုးအား မင်းလှမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၇၃/၂၀၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment