၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် (၁၉၃/၃) အနီးတွင် သားမက်ဖြစ်သူမှ ယောက္ခမဖြစ်သူအား ဓါးဖြင့် ခုတ်သတ်မှု ဖြစ်ပွားကြောင်း သတင်းရရှိ ပါသည်။ ဖြစ်စဉ်မှာ ၂.၁၀.၂၀၁၅ ရက်နေ့ နံနက် (၁)နာရီခွဲအချိန်ခန့်တွင် ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် (၁၉၃/၃) အနီးတွင် လမ်းပြုပြင်ရန် တဲထိုးနေထိုင်သော ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ လေးကြီး ကျေး ရွာနေသူ လမ်းလုပ်သား ဒေါ်စန်းဝင်း (၃၈)နှစ်သည် နေအိမ်တဲပေါ်တွင် သားမက် ဖြစ်သူ အင်္ဂပူမြို့ နယ်၊ ကျောက်တွင်း ကျေးရွာနေသူ ထက်ရှိုင်းဝေ (ခ)ပေါက်ကလေး (၂၃)နှစ်နှင့် စကားများ ရန်ဖြစ်ပြီး တဲသို့လာရောက် နေထိုင်သည့် သမီးဖြစ်သူ မနှင်းမာလာနှင့်အတူ အိပ်နေပြီး ခင်ပွန်းဖြစ်သူ လမ်းလုပ်သား ဦးဇော်မိုး (၃၉)နှစ်မှာ တဲအရှေ့ လမ်းဘေးတွင် ဖျာခင်း၍ အိပ်နေစဉ် သားမက်ဖြစ်သူ ထက်ရှိုင်းဝေ (ခ) ပေါက်ကလေးမှ အရိုး(၁၀)လက္မ၊ အရှည်(၁၈)လက္မ၊ ဗျက် (၂)လက္မ ခန့်ရှိ ဓါးရှည်ကိုင်ဆောင် ကာ ရောက်လာပြီး နေ့လည်ပိုင်းက ၎င်း၏ ဇနီးဖြစ်သူအား လာရောက် ခေါ်ဆောင်စဉ် ယောက္ခမဖြစ်သူ ဦးဇော်မိုးမှ ၄င်းအားရင့်သီးစွာ ပြောဆိုသည့်အပြင် ဓါးနှင့်ထိုးမည်ဟု ကြိမ်းဝါးခဲ့သည်ကို မကျေနပ်၍ ဦးဇော်မိုးအား ဓါးနှင့်ခုတ်နေသည်ကို မြင့်တွေ့ရသဖြင့် ၀င်ရောက် တားမြစ်စဉ် ထက်ရှိုင်းဝေ (ခ) ပေါက်ကလေးမှ ဒေါ်စန်းဝင်းအား ထပ်မံ၍ ဓါးနှင့် ခုတ်သဖြင့် ဒေါ်စန်းဝင်းတွင် စိုးရိမ်ရသောဒဏ်ရာများ ရရှိခဲ့ပြီး ဦးဇော်မိုးမှာ ဓါးဒဏ်ရာများဖြင့် နေရာတွင် သေဆုံးခဲ့သဖြင့် ဓါးဖြင့်ခုတ်သူ ထက်ရှိုင်းဝေ (ခ) ပေါက်ကလေးအား အရေးယူပေးရန် ၂.၁၀.၂၀၁၅ ရက်နေ့ နံနက် (၅)နာရီခွဲ အချိန် ဒေါ်စန်းဝင်းမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ကံမမြို့နယ်၊ ကြို့ပင်နယ်မြေရဲစခန်း (ပ)၅၃/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၃၂၆ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:
Post a Comment