Saturday, October 3, 2015

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂ ရက် 
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များသည် ၂.၁၀.၂၀၁၅ ရက်နေ့ ၁၂၃၀ အချိန် ခန့်တွင် သက်သေများနှင့်အတူ မကွေးမြို့ပေါ်နယ်မြေအတွင်း သတင်းစုံစမ်းနေစဉ် မကွေးမြို့၊ ပြည်တော်သာ လမ်းနှင့် သစ္စာလမ်းထောင့် အနီးရှိ 'သဘာဝ'လ္ဘက်ရည်ဆိုင် ပွဲစားဝိုင်းအနီးတွင် မသင်္ကာဖွယ်ရာ လူတစ်ဦးမှာ SAMSUNG A-5 အမျိုးအစား ၀၉၉၄၉၄၇၂၄၂၅ နံပါတ်ပါ (၂)ကဒ်ထိုး ရွှေရောင် လက်ကိုင်ဖုန်း (၁)လုံးအား ကာလတန်ဖိုးထက် လျော့ချပြီး ငွေ(၁၀၀၀၀၀ိ/-)ဖြင့် လာရောက် ရောင်းချနေကြောင်း သတင်း အရ သွားရောက် စစ်ဆေးခဲ့ရာ မကွေးမြို့၊ အိုးဘိုရပ်ကွက် နေသူ ခန့်ဇေယျာထွန်း (၁၉)နှစ်ဖြစ်ကြောင်း သိရှိရပြီး ၎င်းရောင်းချနေသော ဖုန်းနှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်း ခိုင်လုံစွာ ပြောဆိုနိုင်ခြင်းမရှိ၍ တစ်နေ ရာရာမှ ခိုးယူလာသည်ဟု မသင်္ကာ၍ ခန့်ဇေယျာထွန်းအား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ) ၃၈၆/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀/၅၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video