Saturday, October 3, 2015

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဂန့်ဂေါမြို့နယ်၊ ထယ်လှော် ကျေးရွာတွင် လူတစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း သတင်းအရ သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ ဖြစ်စဉ်မှာ ၂.၁၀.၂၀၁၅ ရက်နေ့ နံနက် (၅)နာရီ အချိန်ခန့်တွင် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ထယ်လှော်ကျေးရွာနေသူ ဇော်လွင် (၄၃)နှစ်သည် အိမ်ထောင်မရှိ နေအိမ်တွင် တစ်ဦးတည်း နေထိုင်သူဖြစ်ကာ အရက်ကြောင် ကြောင်နေသူဖြစ်ပြီး ၄င်းနေထိုင်သော သုံးပင်ပတ်လည် နေအိမ်ရှေ့ အမြင့်(၉)ပေခန့်ရှိ ၀ရံတာမှ အရှည်(၅)ပေခန့်၊ လုံးပတ် (၁)မတ်လုံးခန့်ရှိ အပြာရောင် ပလပ်စတစ် နွားချည်ကြိုးဖြင့် ကြိုးဆွဲချ သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရ သဖြင့် ၎င်းသေဆုံးခြင်း မှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန် ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၆/၂၀၁၅ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။ 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video