Sunday, September 27, 2015
1:58 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
နတ်မောက် စက်တင်ဘာ၂၆
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့သို့ရန်ကုန်မြို့ရှိသီတဂူစက္ခုဒါနစေတနာရှင်
မျက်စိနှင့်သွားဆရာဝန်ကြီးများမှမျက်စိအထူးကုဒေါက်တာဒေါ်နီလာသိန်း
ဦးစီးပြီးနတ်မောက်မြို့အောင်ဆန်းရပ်ကွက်တွင်စက်တင်ဘာ၂၆ရက်နံနက်
၁၀နာရီကဗိုလ်ချုပ်အောင်ဆန်းအထိမ်းအမှတ်အလယ်တန်းကျောင်းရှိကျောင်း
သားကျောင်းသူကလေးငယ်များကိုသွားနှင့်ခံတွင်းသန့်ရှင်းရေးပြုစုကုသ
ခဲ့ကြောင်းသိရသည်။
ထို့နောက်ဗိုလ်ချုပ်အောင်ဆန်းအထိမ်းအမှတ်အလယ်တန်းကျောင်း
သားကျောင်းသူကလေးငယ်များကိုသွားဆရာဝန်ကြီးများနှင့်ဆရာမများကသွားတိုက်
နည်းနှင့်အစာစားပြီးတိုင်းသွားများကိုပြောင်စင်အောင်တိုက်ကြရန်မှာကြား
ခဲ့ပြီးကျောင်းသားကျောင်းသူ(၃၈၅)ဦးအားသွားတိုက်ဆေးဗူး၊သွားတိုက်တံနှင့်
မုန့်များကိုတစ်ဦးချင်းစီပေးအပ်ခဲ့ပြီးသွားပိုးစားကျောင်းသားကျောင်းသူ(၅၀)
ဦးခန့်ကိုအခမဲ့သွားနုတ်ကုသပေးခဲ့ကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment