Saturday, January 31, 2015
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၃၀ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကိုင်းလယ် ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဇီးဂျောင်းကုန်း တောထဲ တွင် အမျိုးသမီး အလောင်း တစ်လောင်းတွေ့ရှိကြောင်း တောင်ချိုရွာအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်မှ ဖုန်းဖြင့် ဆက်သွယ် အကြောင်းကြားချက်အရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
သေဆုံးသူမှာ ပေါက်မြို့နယ်၊ တောင်ချိုကျေးရွာနေသူ မမြို့ကြည်(၄၉) နှစ် ဖြစ်ကြောင်း၊ အတက်ရောဂါရှိပြီး စိတ်ပုံမှန် မဟုတ်သူ ဖြစ်ကြောင်း သိရှိရပြီး ရွာ၏အရှေ့ဘက် ဇီးဂျောင်းကုန်း တောသို့ သပြေပန်းချိုး သွားရာမှ ပြန်လည်ရောက်ရှိ လာခြင်း မရှိကြောင်း၊ သေဆုံးသူ ၏ တူတော်စပ်သူ ကျော်လင်းဌေးမှ ၃၀.၁.၂၀၁၅ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်တွင် ဇီးဂျောင်းကုန်း တောထဲသို့ ထင်းခွေရန် သွားစဉ် အမျိုးသမီးအလောင်း တစ်လောင်းအား မှောက်လျှက် အနေအထားဖြင့် ပုတ်ပွသည့်အနံ့များ ထွက်နေ သည်ကို တွေ့ရှိရကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ထံ ပြောပြခဲ့ကြောင်း သိရှိရပါသည်။ 
မမြို့ကြည် သေဆုံးခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန် ပေါက်မြို့နယ်၊ မြို့မရဲစခန်း၊ သေမှုသေခင်း အမှတ်စဉ် (၁/၂၀၁၅)ဖြင့် ရေးဖွင့် ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိပါသည်။
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂၉ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ဂန့်ဂေါမြို့မ ရဲစခန်း၏ အရှေ့တောင်ဘက် (၁၁)မိုင်ခန့်အကွာတွင် လူတစ်ဦး သစ်ပင်ပေါ်မှ ပြုတ်ကျသေဆုံးကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်မှာ ဂန့်ဂေါမြို့နယ်၊ လောင်ထောင် ၀န်တင်ဆင်စခန်း သစ်တောကြိုးဝိုင်း ဌာနမှ ရောင်နက်ကျေး ရွာနေသူ ဆင်ထိန်းလုပ်သား ကိုကိုဦး(ခ)သားဦး (၂၇)နှစ်သည် စားကျက်လွတ်ထား သော ဆင်အား သွားရောက်ရှာဖွေရာ ပြန်လာခြင်း မရှိသဖြင့် လိုက်လံရှာဖွေကြရာ ဆင်ထိန်းဌာနမှ ဆင်ဦးစီးဖြစ်သူ ဦးမြတ်မင်းထွန်းနှင့် ဦးတင်နိုင်ဝင်း တို့သည် ၁၁၀၀ အချိန်ခန့် ပေ(၄၀)ခန့်မြင့် သော ရုံးပင် လုံးပတ် ၁ ပေခွဲခန့်ရှိသည့် အပင်ခြေရင်းမှ ၁၅ ပေခန့်အကွာတွင် ကိုကိုဦး(ခ) သားဦး အား နီ/ညို/၀ါကြား ချည်ထည် လွယ်အိတ်ထဲတွင် သစ်ခွပင်(၁၀)ကျပ်သားခန့် ထည့်ပြီးလွယ်လျှက် တစ်စောင်း အနေအထားဖြင့် သေ ဆုံးနေသည်ကို တွေ့ရှိရကြောင်း၊ ကိုကိုဦးတွင် ၀ဲဘက်မျက်ခုံး ဖူးရောင်ညိုမဲ ဒဏ်ရာ၊ ယာဘက် လက်ကောက်ဝတ် ကျိုးဒဏ်ရာ၊ စအိုဝမှ သွေးထွက်ဒဏ်ရာတို့ တွေ့ရှိရကြောင်း သိရှိရပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန် ၃၀.၁.၂၀၁၅ ရက်နေ့တွင် ဂန့်ဂေါမြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁/၂၀၁၅) ဖြင့် ရေးဖွင့် ဆောင်ရွက် ထားရှိကြောင်း သိရှိရပါသည်။
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂၉ ရက်နေ့ ည (၈း၀၀) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ မြေနီကုန်းကျေးရွာနေသူ မစန်းညို(၃၄) နှစ် သည် နေအိမ်တွင် ရှိနေစဉ် ၄င်း၏ နေအိမ်ခြံခေါင်းရင်း နေအိမ်ရှိ ညီမ၏ခင်ပွန်းဖြစ်သူ ၀င်းနိုင်ကို(၂၃)နှစ် မှ အရက် သောက်စား မူးယစ်ပြီး မကြားဝံ့ မနာသာအောင် အော်ဟစ်ဆဲဆိုနေ၍ မစန်းညိုမှ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်လှိုင်ဆွေ ထံ တိုင်တန်းခဲ့ကြောင်း၊
နေအိမ်သို့ ပြန်ရောက်စဉ် နေအိမ်ရှေ့ တံစက်မြိတ် အောက် လှေခါးရင်းတွင် ၀င်းနိုင်ကို သည် အရိုး ၁၁ လက်မ၊ အသွား ၁၀ လက်မ၊ ဗျက် ၁ လက်မခွဲခန့် ပေါင်းခုတ်ဓါး (၁)ချောင်းကိုင်ထားသည်ကို လရောင်ဖြင့် မြင်ရပြီး သတ်ပစ်မည်ဟု ကြိမ်းမောင်းနေသဖြင့် အိမ်နီးချင်း မစန်းပိုနှင့် ဦးသန်းထွန်းအောင် တို့မှ ၀င်းနိုင်ကို အား ဆွဲကာနေအိမ်သို့ ပြန်ပို့ပေးခဲ့ရကြောင်း၊ 
ဖြစ်စဉ်နှင့်ပတ်သက်၍ နေအိမ်ဝိုင်းအတွင်းသို့ ၀င်ရောက်ပြီးဆဲဆို ကြိမ်းမောင်းသူ ၀င်းနိုင်ကိုအား အရေးယူပေးရန် ၃၀.၁.၂၀၁၅ ရက်နေ့တွင် မစန်းညိုမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် စေတုတ္တရာ မြို့နယ်၊ မြို့မရဲစခန်း (ပ)၅/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၄/၄၅၇/၅၀၆ အရ အရေးယူထားကြောင်း သတင်းရရှိ ပါသည်။
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၃၀ ရက်နေ့ ညနေ (၅)နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့မရဲစခန်းမှ ရဲတပ်ဖွဲက၀င်များသည် ကံမ-ပြည်ကားလမ်း၊ မိုင်တိုင်အမှတ် ၁၁/၇ နှင့် ၁၂/၀ အကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်မှာ ကံမမြို့မှ ပြည်မြို့ဘက်သို့ ကံမမြို့နယ်၊ လိန်ကုန်းကျေးရွာနေသူ စိုင်းမောင်မောင် (၁၈)နှစ် မောင်းနှင်ပြီး နောက်တွင် ဖခင်ဖြစ်သူ ဦးဌေး(၅၂)နှစ် လိုက်ပါလာသော ၃၀ယ/xxxxx မာဘို-၁၁၀ အနက်ရောင် ဆိုင်ကယ်သည် ကုန်းအတက်တွင် လမ်းပြောင်းပြန်မောင်းတက်စဉ် မျက်နှာချင်းဆိုင်မှ ယာဉ်မောင်း သက်လွင် မောင်းနှင်လာသော ယာဉ်အမှတ် ၉ယ/xxxx ပါဂျဲရိုး ငွေမှင်ရောင် မော်တော်ယာဉ် ၏ ၀ဲဘက်ရှေ့ မီးလုံးအား ၀င်ရောက်တိုက်မိပြီး ဆိုင်ကယ်တိမ်းမှောက်၍ ဦးဌေးတွင် ဦးခေါင်း ၀ဲဘက်ခြမ်း ပေါက်ပြဲဒဏ်ရာ၊ ၀ဲဘက်ခြေသလုံး ပွန်းခြစ်ဒဏ်ရာ၊ ယာဒူးခေါင်း အောက် ပွန်းခြစ်ဒဏ်ရာ တို့ရရှိခဲ့ကြောင်း သိရှိရပါသည်။ 
ဆိုင်ကယ် မဆင်မခြင်မောင်းနှင်သူ စိုင်းမောင်မောင် အား ကံမမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၃/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၇ အရ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၃၀ ရက်နေ့ ညနေ (၆း၄၅) နာရီအချိန် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့၊ သစ်တပွေရပ်ကွက်၊ ဗန္ဓုလရပ်၊ ရန်ကုန်-မန္တလေး ကားလမ်းမိုင်တိုင်အမှတ် ၃၆၁/၆ အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သိရှိရပါသည်။
ဖြစ်စဉ်မှာ ရေနံချောင်း မြို့တွင်းမှ မကွေးမြို့ဘက်သို့ သစ်တပွေရပ်ကွက်နေသူ မင်းမင်းထွန်း (၃၅) နှစ် မောင်းနှင် လာသော လိုက်ထရပ်အဖြူရောင် ယာဉ်အမှတ် 8D/xxxx သည် ကားလမ်း၏ ၀ဲဘက်သို့ တစ်ဘက်ယာဉ်ကြောမရှင်းဘဲ ချိုးကွေ့ဝင်လိုက်စဉ် မကွေးမြို့မှ ရေနံချောင်းမြို့ဘက် သို့ ရေနံချောင်းမြို့၊ မြို့မမြောက်ရပ်ကွက်နေသူ သက်ပိုင်စိုး(၂၄)နှစ် မောင်းနှင်ပြီး နောက်မှ တွင်းကုန်း ရပ်ကွက်နေသူ အေးလွင်(၄၄)နှစ် လိုက်ပါစီးနင်းလာသော ၁၉ယ/xxxxx ဇင်းနစ်-၁၁၀ အနက်ရောင် ဆိုင်ကယ်အား မျက်နှာချင်းဆိုင် ၀င်ရောက် တိုက်မိ၍ သက်ပိုင်စိုးတွင် ယာဒူး ပွန်းပဲ့ ဒဏ်ရာ၊ ၀ဲခြေမ ပွန်းပဲ့ဒဏ်ရာ၊ ယာခြေကျင်းဝတ် နာကျင်ဒဏ်ရာ၊ ယာလက်ဖျံပွန်းပဲ့ဒဏ်ရာ နှင့် အေးလွင်တွင် ယာလက်ဖျံ နာကျင်ဒဏ်ရာ၊ ယာခြေသလုံးပေါက်ပြဲဒဏ်ရာ၊ နောက်ကြော ၀ဲဘက်ခြမ်း ပွန်းဒဏ်ရာ၊ ၀ဲဒူးပွန်းပဲ့ ဒဏ်ရာတို့ ရရှိခဲ့ကြောင်းသိရှိရပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ မင်းမင်းထွန်း အား ရေနံချောင်းမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၁/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၃၈/ ၃၃၇ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၃၀ ရက်နေ့ နံနက် (၅း ၄၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ အောင်လံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် အောင်လံမြို့၊ မကျီးကုန်း ရပ်ကွက်၊ ပြည်လမ်းပေါ်၌ ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ ဖြစ်စဉ်မှာ အောင်လံမြို့၊ ဈေးကုန်းရပ်ကွက်၊ အောင်မင်္ဂလာလမ်းနေသူ ဦးသံဒိုး(၆၃)နှစ် သည် နွားလှည်းပေါ်သို့ နွားချေးများ တင်ဆောင်ပြီး ယာခင်း၌ချရန် မကျီးကုန်းရပ်ကွက်တွင်းမှ ထွက်၍ ရန်ကုန်-ပြည်-မကွေး ကားလမ်းဘေးအတိုင်း ယာဘက်မှ နွားလှည်းမောင်းနေစဉ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းရှေ့ အရောက်တွင် ရန်ကုန်ဘက်မှ မကွေးမြို့ဘက်သို့ မကွေးခရိုင်၊ မကွေးမြို့၊ ကန်သာရပ်ကွက်၊ ၁၄ လမ်းနေသူ ယာဉ်မောင်း ဇော်ဝင်း(၆၄) နှစ် မောင်းနှင် လာသော ၄ဃ/xxxx ဖူဆို (၁၂)ဘီးယာဉ်သည် နွားလှည်းအား နောက်မှဝင်ရောက် တိုက်မိသဖြင့် နွားလှည်းမောင်းသူ ဦးသံဒိုးတွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ နှာခေါင်း/ပါးစပ် သွေးထွက် ဒဏ်ရာများ ရရှိ၍ သေဆုံးသွားခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ဇော်ဝင်းအား အောင်လံ မြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၅/၂၀၁၅၊ ပြစ်မှု ဆိုင်ရာ ဥပေဒပုဒ်မ ၃၀၄-က အရအမှုဖွင့်အရေးယူ ဆောင်ရွက်ထား ကြောင်း သတင်းရရှိပါသည်။
Friday, January 30, 2015
မကွေးမြို့ ၊ ၂၀၁၅ ဇန်န၀ါရီ ၃၀ ရက်
 ၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ဝ၈၃ဝ အချိန်ခန့်တွင် မင်းလှမြို့နယ်၊ မင်းလှမြို့မရဲစခန်းမှ နယ်ထိန်းအဖွဲ့ခေါင်းဆောင် ရဲအုပ် ဇော်မင်းနိုင်နှင့်အဖွဲ့သည် သဖန်းချောင်း ကျေးရွာ အတွင်း ကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ့နှင့်အတူပူးပေါင်း၍ လှည့်ကင်းဆောင်ရွက်နေစဉ် မင်းလှမြိှု့နယ်၊ မင်းလှမြို့မရဲစခန်း (ပ)၂ဝ/၂ဝ၁၃၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၅၈ အမှုမှ တရားခံပြေး ဇော်ဝင်းထွဋ်၊ ၂၃နှစ်၊ (ဖ)ဦးသန်းဌေး၊ ဗမာ/ဗုဒ္ဓ၊ ကျပန်း၊ သဖန်းချောင်းကျေးရွာ၊ မင်းလှမြို့နယ် နေသူအား သဖန်းချောင်းကျေးရွာ၊ ရွာလယ် လမ်းမတွင် ဖမ်းဆီးရမိသဖြင့် မင်းလှမြို့မရဲစခန်းတွင် ချုပ်နှောင်ထားရှိပြီး တရားစွဲတင်ပို့ရန် ဆောင်ရွက် လျှက်ရှိပါသည်။
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့တွင် မှတ်ပုံတင် (၂၉) စာရင်းဝင်တရားခံပြေး (၁၂) ဦး၊ မှတ်ပုံတင် ၂၉ (ဂ) စာရင်းဝင်တရားခံပြေး (၂၃၄) ဦးရှိသည့်အတွက် ၂၉.၁.၂ဝ၁၅ ရက်နေ့ထိ၊ မှတ်ပုံတင် ၂၉(က) စာရင်းဝင် တရားခံပြေး (၂) ဦး ၊ မှတ်ပုံတင် ၂၉(ဂ) စာရင်းဝင်တရားခံပြေး (၇၂) ဦး ၊ စုစုပေါင်းစာရင်းဝင် တရားခံပြေး (၇၄) ဦး ဖမ်းဆီးရမိပြီးဖြစ်သဖြင့် ဖမ်းဆီးရမိမှု ရာခိုင်နှုန်းမှာ (၃ဝ.၁) ရာနှုန်းဖြစ်ကာ သတ်ဆိုင်ရာတရားရုံး များသို့ တရားစွဲတင်ပို့ခဲ့ကြောင်း သတင်းရရှိပါသည်။
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂၉ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ ချောက်မြို့နယ်၊ ဂွေးပင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အမျိုးသမီးတစ်ဦး သစ်ကိုင်း ကျိုးပိ၍သေဆုံးကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ ကြောင်း သတင်းရရှိပါသည်။ 
ထိုသို့စစ်ဆေးခဲ့ရာ ချောက်မြို့နယ်၊ အေးကုန်းအလယ်ကျေးရွာနေ မမာကြည်(၃၂)နှစ်တွင် ယာ လက်ကောက်ဝတ်ပေါက်ပြဲ၊ယာ လက်မောင်းပေါက်ပြဲဒဏ်ရာများနှင့် သေဆုံးနေသည်ကိုတွေ့ရှိရ သဖြင့် မေးမြန်းကြည့်ရာ ၂၉.၁.၂ဝ၁၅ ရက်နေ့ နံနက် (၁၀) နာရီအချိန်ခန့်တွင် မမာကြည်သည် နေအိမ်မှ ၎င်းပိုင်ယာခင်းသို့ အမှိုက်ကောက်ထွက်သွားရာမှ ယာခင်းထဲရှိ အမြင့် (၂ဝ)ပေခန့်ရှိ နဘဲပင်ပေါ်မှ ကျိုးကျသော(၁ဝ)လက္မပတ်လည်ခန့်ရှိ နဘဲသစ်ကိုင်းကျိုးပိနေသည်ကို တစ်ရွာ တည်းနေ ဦးစိုးဝင်း၊ ဦးသန်းအောင်တို့မှတွေ့မြင်၍ ၎င်းတို့မိသားစုထံအကြောင်းကြားပြီး နေအိမ်သို့ သယ်ဆောင်ခဲ့ရာ ၁၃ဝဝ အချိန် မမာကြည်မှာသေဆုံးသွားကြောင်း သိရှိရသဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန်အတွက် ချောက်မြို့နယ်၊ ဂွေးပင်နယ်မြေရဲစခန်း သေမှု သေခင်းအမှတ်စဉ် ၁/၂ဝ၁၅ အရ အမှုရေးဖွင့်ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂၉ ရက်နေ့ နံနက် (၉း၄၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင်၊ သရက်မြို့နယ်၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေလှည့်ကင်း တာဝန်ဆောင်ရွက်နေစဉ် စခန်းကြီးရေနံမှော်ရှိ ဦးရဲလင်းအောင်၏ ခြံရှေ့တွင် လူတစ်ဦးအား မသင်္ကာဖွယ်တွေ့ရှိ၍စစ်ဆေးရာ သရက်မြို့၊ တောင်မင်းတည်းရပ်နေ ဟိန်းမင်းလတ်(၂၃)နှစ် ဖြစ်ကြောင်း သိရှိရပြီး ၎င်းသိုင်းလွယ်ထားသော အပြာရောင်လွယ်အိတ်အတွင်းမှ အရိုးအသွား(၉) လက္မခန့်ရှိ ဓါးမြှောင်(၁)ချောင်းအားတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။ 
တရားမဝင်ဓါးလက်နက် ကိုင်ဆောင်သူ ဟိန်းမင်းလတ် (၂၃)နှစ်အား သရက်မြို့နယ်၊ မြို့မရဲစခန်း (ပ)၁၆/၂ဝ၁၅၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) အရ အရေးယူထားကြောင်း သတင်းရရှိပါသည်။
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂၉ ရက်နေ့ ညနေ (၂)နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ မကွေးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မကွေးမြို့၊ အောင်မေတ္တာ (က) ရပ်ကွက်နေ ဦးအေးချို (၄ဝ) နှစ်၏နေအိမ်အတွင်း ဖဲလောင်းကစားပြုလုပ်နေကြောင်းသတင်းအရ သက်သေများနှင့်အတူ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ်(၃/၂ဝ၁၅)ဖြင့် ဝင်ရောက်ရှာဖွေခဲ့ကြောင်း သတင်းရရှိပါသည်။ 
မကွေးမြို့၊ အောင်မေတ္တာ (က) ရပ်ကွက်နေအိမ်တွင် အိမ်ရှင် ဦးအေးချို ၊ တစ်ရပ်ကွက်တည်းနေ မမျိုးမျိုးအေး(၂၉)နှစ်၊ မနွယ်နွယ်မြင့်(၂၇)နှစ်နှင့် အောင်မေတ္တာ(ဃ)ရပ်ကွက်နေ ဒေါ်ချို(ခ)ခင်မာချို ၊ ၅၈နှစ်တို့ ၄ ဦးမှာ ဖဲလောင်းကစားနေကြပြီး ဖဲဝိုင်းဘေးတွင် အောင်မေတ္တာ(က)ရပ်နေ ဦးသာချို (၅၇)နှစ်၊ တစ်ရပ်ကွက် တည်းနေ မသန်းထွေး(၄၄)နှစ်နှင့် မရီရီဝင်း(၃ဝ)နှစ်တို့ ၃ ဦးအား တွေ့ရှိရ၍ ဖဲလောင်းကစား ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့်အတူ လောင်းကြေးငွေ ၃၈၇ဝဝိ/-အား သိမ်းဆည်းရမိခဲ့သဖြင့် ဖဲလောင်းကစားပြုလုပ်သူ ဦးအေးချိုပါ(၄)ဦးနှင့် ဖဲဝိုင်းဘေးရောက်ရှိနေသူ ဦးသာချိုပါ(၃)ဦးတို့အား မကွေး မြို့နယ်၊ မကွေးနယ်မြေရဲစခန်း(ပ)၃၃/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/၁၄(က) အရ အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂၉ ရက်နေ့ ညနေ ၄ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ သည် တောင်တွင်းကြီးမြို့နယ် ၊ ညောင်ဂမိုးအုပ်စု ၊ ဖျောက်ဆိတ်ကုန်းကျေးရွာအနီးတွင် ကြက်တိုက်လောင်းကစား ပြုလုပ်နေ ကြောင်း သတင်းအရ သက်သေများနှင့် အတူသွားရောက်ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိပါသည်။
ဖျောက်ဆိတ်ကုန်းကျေးရွာ အနောက်ဘက်(၂)ဖာလုံခန့်အကွာရှိ ဦးကျောက်ဒိုး၏ လယ်ကွက် အတွင်း၌ တိုက်ကြက်(၃)ကောင်၊ ဖိနပ်(၇)ရံ၊ တာယာပုံးအနက်(၁)ပုံး၊ ပလပ်စတစ်ကြိုး(ဖြူ/နီ)ရောင် နှင့်အတူ ကြက်လောင်းကစားရာတွင်ပါဝင်သူ တောင်တွင်းကြီးမြို့နယ်၊ ချောင်းနက်အရှေ့စုရွာနေ ဘိုအောင် (၅၁)နှစ်နှင့် ချောင်းနက်အနောက်စုရွာနေ ကျော်မြင့်(၆၄)နှစ်တို့ ၂ ဦးအား ဖမ်းဆီးရမိပြီး ဘိုအောင် ထံမှ လောင်းကြေးငွေ ၆ဝဝဝိ/-၊ ကျော်မြင့်ထံမှလောင်းကြေးငွေ ၇ဝဝဝိ/-၊ စုစုပေါင်း ၁၃ဝဝဝိ/-နှင့် ကြက်တိုက်လောင်းကစားဝိုင်းအနီးမှ ပိုင်ရှင်မဲ့ဆိုင်ကယ် (၅) စီး တို့အား သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။
 ကြက်တိုက်လောင်းကစားပြုလုပ်သူ ဘိုအောင်နှင့် ကျော်မြင့်တို့ ၂ ဦးအား တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားနယ်မြေရဲစခန်း (ပ)၁၃/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၂(က)အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂၉ ရက်နေ့ ည (၁၀း ၄၀) အချိန်ခန့်၌ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှ မြို့နယ်၊ လင်းကယ်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် မင်းလှမြို့ ဘုရားသုံးဆူခြေရင်းတွင် မီးလောင် မှုဖြစ်ပွားကြောင်းသတင်းအရ သက်သေများနှင့်အတူသွားရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်မှာ ဘုရားသုံးဆူခြေရင်း၊ လွန်းသွန်းရွာသွားလမ်းဘေးရှိ မင်းလှမြို့နယ်၊ ပန်းတော်ပြင်ရွာနေ ဝက်သတ် လုပ်ငန်းလုပ်ကိုင်သူ စိန်သန်း(၅၈)နှစ်၏ လုပ်ငန်းလုပ်ကိုင်နေထိုင်ရာ သုံးပင်ပတ်လည် သွပ်မိုး၊ ဝါးထရံကာ၊ ဝါးကြမ်းခင်းတဲတွင် စိန်သန်းမှ ဝါးကြမ်းခင်းပေါ်၌ ဖယောင်းတိုင်မီးထွန်းပြီး အရက်မူး၍အိပ်ပျော် သွားစဉ် ဖယောင်းတိုင်မှတစ်ဆင့် ဝါးကြမ်းခင်းအား မီးလောင်ကျွမ်းခဲ့ရာ လင်းကယ်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များ၊ ရွာသူ/သားများမှ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့၍ ည (၁၀း ၅၅) အချိန် မီးငြိမ်းသွားခဲ့ပြီး၊ မီးလောင် မှုကြောင့် လူ/တိရိစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ မီးလောင်မှု ကြောင့် ဦးစိန်သန်း၏ (၃x၃)ပင်ပတ်လည် သွပ်မိုး၊ ဝါးကြမ်းခင်း၊ ထရံကာတဲ(၁)လုံး၊ အဝတ်အစား (၂)စုံမီးလောင်ကျွမ်းခဲ့ကာ တန်ဘိုး (၉ဝဝဝိ/-)ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း စစ်ဆေးသိရှိရသည်။
 မီးအားပေါ့ဆစွာ အသုံးပြုသူ စိန်သန်း (၅၈)နှစ်အား မင်းလှမြို့နယ်၊ မြို့မရဲစခန်း (ပ) ၁၇/၂ဝ၁၅၊ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။
Thursday, January 29, 2015
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂၇ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ မင်းတပ်ကျေးရွာနေ ဦးကျော်ဝင်း ပိုင်ဆိုင်သော ရွာအရှေ့ဘက် (၁)မိုင်ခန့် အကွာတွင် ရှိသည့် လူမနေ လယ်စောင့်တဲနှင့်အတူ အမည်မသိ လူတစ်ဦး မီးလောင်ကျွမ်း သေဆုံး နေကြောင်း ဖုန်းဖြင့်အကြောင်း ကြားချက်အရ အလယ်ချောင်း နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ အခင်းဖြစ် အရပ်သို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
မီးလောင်ကျွမ်းသေဆုံးသူမှာ အသက်(၃၀)ခန့်ရှိ အမျိုးသားတစ်ဦး ဖြစ်ကြောင်းနှင့် ၄င်းသည် လွန်ခဲ့သော (၂)ရက်ခန့်ကမှ မင်းတပ် ကျေးရွာသို့ ရောက်ရှိလာသော စိတ်ကျန်းမာရေးမကောင်းသူ ဖြစ်ကြောင်း စုံစမ်း သိရှိရပြီး ၄င်းသေဆုံးခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်း စစ်ဆေးနိုင်ရန် မင်းတုန်း မြို့နယ်၊ အလယ်ချောင်းနယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁/၂၀၁၅) ဖြင့် ရေးဖွင့် ဆောင်ရွက် လျက် ရှိကြောင်း သတင်းရရှိပါသည်။
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂၈ ရက်နေ့ ညနေ (၃)နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်ေးဒသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ပခုက္ကူဆေးရုံကြီးသို့ ဓါတ်လိုက် သေဆုံးသည့် အလောင်း တစ်လောင်း ရောက်ရှိ နေကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ပါသည်။
သေဆုံးသူမှာ ပခုက္ကူမြို့၊ အမှတ်(၁၄) ရပ်ကွက်နေ ဦးကျော်ဝင်း(၆၃)နှစ် ဖြစ်ပြီး အမှတ်(၁၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဝန်းအတွင်းရှိ ရေကန် တည်ဆောက်မည့် နေရာနှင့် မလွတ်ကင်း သော ဖျောက်ဆိပ်ပင် အား ခုတ်လှဲရန် သစ်ပင်ပေါ်သို့ တက်ရောက်စဉ် သစ်ပင်အနီးမှ သွယ်တန်းထားသော လျှပ်စစ် ဓါတ်ကြိုး အား ထိမိပြီးဓါတ်လိုက်ကာ မီးခိုးများထွက်၍ အမြင့်ပေ(၃၀)ခန့်ရှိ သစ်ပင်ပေါ်မှ ပြုတ်ကျ သေ ဆုံးခြင်း ဖြစ်ကြာင်း သိရှိရပါသည်။ ဦးကျော်ဝင်း သေဆုံးခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန် ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၃/၂၀၁၅)ဖြင့် ရေးဖွင့်ဆောင် ရွက် ထားရှိကြောင်း သတင်းရရှိပါသည်။
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂၈ ရက်နေ့ ညနေ (၃)နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ရဲစခန်းအပိုင်နယ်မြေအတွင်း ခိုး၊ ဆိုး၊ နှိုက် သတင်းစုံစမ်းနေစဉ် မကွေးမြို့၊ သိင်္ဂါရပ်ကွက်၊ ဥတ္တရလမ်းနေသူ မစန်းအေး(၂၉)နှစ် နေအိမ်သို့ လူငယ်တစ်ဦး စက်ဘီးတစ်စီး လာရောက် ရောင်းချ သွားကြောင်း သတင်းအရ စုံစမ်းခဲ့ကြောင်း သိရှိရပါသည်။
စက်ဘီးရောင်းချသူမှာ မကွေးမြို့နယ်၊ သာယာကုန်း ကျေးရွာနေသူ သန့်ဇင်ဝင်း(ခ)ရန်ကြီး (၁၃)နှစ် ဖြစ်ကြောင်း သိရှိရကြောင်း၊ ၄င်းအား စစ်ဆေးရာ ၄င်းရောင်းချသော ဟော့ကိုင်းဒိုးအမျိုးအစား အပြာရောင်( မိန်းမစီး) စက်ဘီးနှင့် ပတ်သက်၍ ၄င်းပိုင်ဆိုင်ကြောင်း ခိုင်လုံစွာပြောဆိုနိုင်ခြင်းမရှိ၍ နေအိမ် အဆောက်အဦး တစ်ခုခုအတွင်းမှ ခိုးယူ လာသည်ဟု မသင်္ကာ၍ အဆိုပါ စက်ဘီးအား သက်သေများနှင့် အတူ မစန်းအေးနေအိမ်သို့ သွားရောက်သိမ်းဆည်းခဲ့ကြောင်း သိရှိရပါသည်။ 
အဆိုပါ စက်ဘီးအား ခိုးယူလာသည်ဟု မသင်္ကာသူ သန့်ဇင်ဝင်း (ခ)ရန်ကြီး အား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ)၂၅/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈၀/၅၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်းနှင့် အဆိုပါ သန့်ဇင်ဝင်း(ခ)ရန်ကြီးအား အသက်မပြည့်သေး၍ မိဘများထံပြန်လည် အပ်နှံထား ရှိကြောင်း သတင်း ရရှိပါသည်။
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂၉ ရက်နေ့ နံနက်(၁၁း၀၀) အချိန် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ မြို့ဟောင်းအမှတ်(၂)ရပ်ကွက်၊ ခိုင်ရွှေဝါလမ်း၊ အမှတ်(၁၄၅)နေသူ လှထက်လှ အုတ်သဲကျောက်လုပ်ငန်း ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးအောင်စိုး (၄၄)နှစ်သည် နေအိမ်၌ရှိနေစဉ် ကုမ္ပဏီ ပိုင်ဆိုင်သော ၉ဌ/၂၁၀၂၄၊ (၄)လုံးထိုး ထော်လာဂျီ အပြာရောင်ယာဉ်အား ကင်းကျောက်ကုန်းရပ်ကွက်နေသူ ထော်လာဂျီ ယာဉ်မောင်း အောင်ကို(၂၄)နှစ်သည် မကွေးမြို့မှ ရေနံချောင်းမြို့သို့ တာယာများတင်ဆောင်ပြီး သွားပို့ရန် အတွက် တစ်ညအိပ်နှစ်ရက် ကို ငွေကျပ်(၁)သိန်းဖြင့် ငှားရမ်းသဖြင့် ယုံကြည်မှုဖြင့် ငှားရမ်းပေး လိုက် ကြောင်း၊
အောင်ကိုမှ ထော်လာဂျီအား ဟဲဟိုးမြို့နေ ဦးရွှေတောင် ဆိုသူထံသို့ ငွေကျပ် ၂၄၅၀၀၀၀ိ/- ဖြင့် ရောင်း စားလိုက်ကြောင်း မကွေးမြို့နေ ရွှေကျီး တာယာဆိုင်ပိုင်ရှင်၏ ပြောပြချက်အရ သိရှိရသဖြင့် ယုံကြည်စွာ ငှားရမ်းလိုက်သော ထော်လာဂျီ ယာဉ်ကို အလွဲသုံးစားပြုလုပ်ရောင်းချ သူ အောင်ကိုအား အရေးယူပေးပါရန် ၂၈.၁.၂၀၁၅ ရက်နေ့ တွင် ဦးအောင်စိုးမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ)၂၆/၂၀၁၅၊ ပြစ်မှုပုဒ်မ ၄၀၆ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂၄ ရက်နေ့ ည ၇ နာရီခွဲအချိန်ခန့်၌ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မိန်းကလေးတစ်ယောက်အား တစ်ဘက်သပ်ချစ်ကြိုက်သဖြင့် အလိုမတူဘဲ ပေါင်းသင်း ရန် ခြိမ်းခြောက် ခေါ်ဆောင်မှု ဖြစ်ပွားကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်မှာ စလင်းမြို့နယ်၊ ကျောက်အိုးကျေးရွာနေသူ မxxxx(၁၅)နှစ် သည် ရွာထဲရှိ အလှူအိမ်တွင် ဗွီဒီယို ကြည့်နေစဉ် တစ်ရွာတည်းနေ မကြည်သိန်း(၂၂)နှစ်မှ ဓါတ်မီးသွားယူရန် အဖော် လိုက်ခဲ့ရန် ခေါ်သဖြင့် လိုက်ပါသွားစဉ် ဓါတ်မီးမယူဘဲ ရွာအနောက်ဘက်သို့ သွားသည့်အတွက် ရွာအပြင်ဘက် အရောက်တွင် မxxxxမှ `ဘာဖြစ်လို့ ဓါတ်မီး မယူတာလဲ´ဟု မေးရာ မကြည်သိန်းမှ ``နင်လျှာ မရှည်နဲ့´´ ဟုပြောကာ ၀က်ဝံတံဘက်စောင်ဖြင့် ပါးစပ်အား ပိတ်ထားပြီး ၄င်း၏ မောင်ဖြစ်သူ ကျော်ဝင်းထွဋ်(၁၉)နှစ်အား ““ထွက်လာခဲ့ ခေါ်သွားလို့ရပြီ““ဟု ပြောရာ အနီးသို့ ကျော်ဝင်းထွဋ် ရောက်ရှိလာကြောင်း၊ ကျော်ဝင်းထွဋ်မှ မxxxx၏ရင်ဝအား (၁၀)လက်မခန့်ရှိ အရိုးမပါလှံဓါးဖြင့် ထောက်ကာ ““အေးအေးဆေးဆေး လိုက်ခဲ့၊ အော်ရင် သတ်ပစ်မည်““ ဟုခြိမ်းခြောက်၍ ရွာအနောက်ဘက် (၃)မိုင်ခန့်အကွာရှိ ၄င်းတို့နေထိုင် ရာ တဲတိုက်သို့ခေါ်သွားခဲ့ကြောင်း၊ လမ်း၌ သားမယားအဖြစ် ဆက်ဆံခြင်းမရှိကြောင်း၊ ထိုနေ့ည တွင် ကျော်ဝင်းထွဋ်၏ မိဘများနှင့်အတူ အိပ်ခဲ့ရ ကြောင်း၊ နောက်နေ့နံနက်တွင် မxxxx၏ အဖွားနှင့် အစ်ကိုဖြစ်သူတို့ လာရောက် ခေါ်ဆောင် သဖြင့် ပြန်လည် လိုက်ပါလာ ခဲ့ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ အလိုမတူဘဲ သားမယားအဖြစ်ပေါင်းသင်းရန် ခြိမ်းခြောက်ခေါ်ဆောင်သူ မကြည်သိန်းနှင့် ကျော်ဝင်းထွဋ် တို့(၂)ဦးအား အရေးယူပေးပါရန် ၂၈.၁.၂၀၁၅ ရက်နေ့တွင် မxxxx၏ အဖွားဖြစ်သူ မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် စလင်းမြို့နယ်၊ လင်းဇင်းနယ်မြေ ရဲစခန်း (ပ)၄/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၆၃/ ၅၀၆/၁၁၄ အရ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။
Wednesday, January 28, 2015
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂၇ ရက်နေ့ ည (၈း၄၅) အချိန် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်း မြို့နယ် ၊ ပေါက်စုကျေးရွာဘုရားပွဲဈေးတန်းအတွင်း လုံခြုံရေးတာဝန် ဆောင်ရွက်နေသည့် စလင်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် စလင်းမြို့နယ်၊ လမင်းကြီးရပ်၊ ကူဖြူအုပ်စုနေ အောင်စိုး (၄၄)နှစ်သည် ပွဲဈေးတန်းဆိုင်ခန်း၌ ဆင်ဆာမဲ့ VCD DVD ခွေများ ရောင်းချနေကြောင်း သတင်း အရ သက်သေများနှင့် အတူ ရှာဖွေစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
ပွဲဈေးတန်းဆိုင်ခန်း၌ စလင်းမြို့နယ်၊ လမင်းကြီးရပ်၊ ကူဖြူအုပ်စုနေ အောင်စိုး (၄၄)နှစ်သည် ဆင်ဆာမဲ့  မြန်မာVCD DVDခွေ ၃၃ ခွေ၊ နိုင်ငံခြားVCD DVDခွေ ၈၇ ခွေ၊ စုစုပေါင်း VCD DVD ခွေ (၁၂ဝ)ခွေ၊(တန်ဖိုး ၄ဝဝဝဝိ/-) ခန့်အား လက်ဝယ်ထားရှိ ရောင်းချ နေသည်ကို စစ်ဆေးတွေ့ရှိ သိမ်း ဆည်းရမိခဲ့၍ ဆင်ဆာမဲ့ခွေများအား လက်ဝယ်ထားရှိ ရောင်းချသူ အောင်စိုးအား စလင်းမြို့နယ်၊ မြို့မရဲစခန်း (ပ) ၁၂/၂ဝ၁၅၊ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေပုဒ်မ ၃၂(ခ) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂၇ ရက်နေ့ ည ၁၀ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင် ၊ တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် တောင်တွင်းကြီးမြို့ မြောက်ဘက် (၃)ခန့် အကွာတွင် လူ (၂)ဦး၊ ဆိုင်ကယ် (၁)စီးဖြင့် လဲကျနေကြောင်းသတင်းအရ သက်သေများနှင့် အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
တောင်တွင်းကြီး-မြို့သစ်ကားလမ်း၊ မိုင်တိုင်အမှတ် ၃/၁ အနီးတွင် မြို့သစ်မြို့နယ်၊ ရွာသစ် ကျေးရွာနေ မောင်ကျော် (၃၃)နှစ် မောင်းနှင်ပြီး နောက်မှ တစ်ရွာတည်းနေ အောင်ဆန်းဝင်း (၃၅)နှစ် လိုက်ပါလာသည့် ၂၈ယ/xxxx ရှာရမ်း ၁၁ဝ အနက်ရောင်ဆိုင်ကယ်မှာ တောင်တွင်းကြီးမြို့ဘက်မှ မြို့သစ်ဘက်သို့ မောင်းနှင်သွားစဉ် လမ်း၏ယာဘက်ခြမ်းတွင် လဲကျတိမ်းမှောက်ခဲ့သဖြင့် မောင်ကျော်တွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာ၊ မေးစေ့ပေါက်ပြဲဒဏ်ရာ၊ ယာခြေဖမိုးပေါက် ပြဲဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး အောင်ဆန်းဝင်းတွင် နဖူးဖူးရောင် ပေါက်ပြဲဒဏ်ရာ၊ ယာခြေ သလုံးပေါက်ပြဲ ဒဏ်ရာ၊ ဝဲဘက်ခြေခွင်ပွန်းပဲ့ဒဏ်ရာတို့ အသီးသီးရရှိခဲ့ ကြောင်း သိရှိရသည်။ 
ဆိုင်ကယ်မဆင်မခြင်မောင်းနှင်သူ မောင်ကျော်(၃၃)နှစ်အား တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၁၁/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က/၃၃၈ အရ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သတင်း ရရှိပါသည်။
Tuesday, January 27, 2015
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂၄ ရက်နေ့ နံနက် ၂ နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ ရွှေပန်းကျေးရွာနေသူ မမြသီတာ(၃၇)နှစ် သည် ခင်ပွန်းဖြစ်သူ တောထဲသို့ ယာခင်းစောင့် ရန် သွားရောက်နေ သဖြင့် နေအိမ်အပေါ်ထပ်၌ သမီး(၂)ယောက်နှင့်အတူ အိပ်ပျော် နေစဉ် နေ အိမ်အောက်မှ ကြမ်းခင်းအား တုတ်နှင့်ထိုးသံ ကြားရပြီးနောက် အပေါ်ထပ် တံခါးမကြီးအား (၃)ချက်ခေါက်သံ ထပ်မံကြားရသဖြင့် ဓါတ်မီးနှင့်ထိုးကြည့်ရာ တစ်ရွာတည်းနေ စိုးမင်းအေး(၂၅)နှစ် အား နေအိမ်အောက်တွင် ရပ်နေရာမှ ထွက်ပြေးသွားသည်ကို တွေ့မြင်ရပြီး စိုးမင်းအေး၏ ကျောပိုးအိတ်မှာ ကျကျန်ခဲ့ကြောင်း တွေ့ရှိရသဖြင့် ညဉ့်အချိန် ပုန်းလျှိုး အိမ်ကျော်နင်းသူ စိုးမင်းအေးအား အရေးယူပေးရန် ၂၆.၁.၂၀၁၅ ရက်နေ့တွင် မမြသီတာမှ တရားလိုပြုလုပ် တိုင်တန်းခဲ့သဖြင့် မြို့သစ်မြို့နယ်၊ ဒန့်ဒလွန်ပင် နယ်မြေရဲစခန်း(ပ) ၂/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၅၆ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂၆ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ည ၈ နာရီအချိန်ခန့်က မြင်းဝင်းကျေး ရွာ နေသူ ဒေါ်သန်းကြည်(၅၁)နှစ်မှာ နေအိမ်ရှိ ၈လက်မခန့် အမြင့်ရှိ ပေါင်းသတ် ဆေးဗူးအတွင်းရှိ မက်သရင်း ပေါင်းသတ်ဆေးရည်များ သောက်ပြီး မူးဝေအော့အန်နေ၍ ပခုက္ကူခရိုင် ပြည်သူ့ဆေးရုံသို့ တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိကြောင်း၊ ပခုက္ကူမြို့မရဲစခန်း မှ ရဲဆေးစာ ဖြင့် ပေးပို့ထားရှိကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်မှာ ဒေါ်သန်းကြည်သည် မိသားစုစီးပွားရေး အဆင်မပြေသဖြင့် မိမိကိုယ်မိမိ သေကြောင်း ကြံစည်ခြင်း ဖြစ်ကြောင်း သိရှိရပြီး ဒေါ်သန်းကြည်အား ပခုက္ကူမြို့နယ်၊ မြစ်ခြေနယ်မြေ ရဲစခန်း(ပ) ၆/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၉ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်းသိရှိရ ပါသည်။
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ အမှတ်(၇)ရပ်ကွက်၊ မြို့မလမ်းပေါ်ရှိ ငွေသရဖူ စက်ဘီးအရောင်းဆိုင်အနီးတွင် အမှတ်(၁၅)ရပ်ကွက်နေ မစောခက်ခက်အေး (၃၉)နှစ် သည် ရိုးမဘဏ်မှ ငွေ(၃)သိန်းကျပ် ထုတ်ယူပြီး YUND 125 အနက်ရောင်ဆိုင်ကယ်ဖြင့် မြို့မလမ်းမှ ဆုကြီးပန်လမ်းအတိုင်း စီးနင်း လာစဉ် အမည်မသိ လူငယ်(၂)ဦးသည် လီဖန်း ၁၂၅ ဖြူနက်ကြား ဆိုင်ကယ်ဖြင့် နောက်မှ လိုက်လာပြီး မစောခက်ခက်အေး၏ ဆိုင်ကယ်အားကျော်တက်စဉ် ဆိုင်ကယ် လက်ကိုင်တွင် ချိတ်၍ ယူလာသော ပိုက်ဆံအိတ်အားလုယူ ထွက်ပြေးသွားခဲ့သဖြင့် မစောခက်ခက်အေးမှ အော်ဟစ် အကူအညီ တောင်းခံခဲ့ပြီး နောက်မှ ဆိုင်ကယ်ဖြင့် လိုက်ပါခဲ့ရာ ဆုကြီးပန်လမ်းဆုံတွင် ယာဉ်/လမ်းစည်းကမ်းတာဝန် ထမ်းဆောင် နေသော ပခုက္ကူယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များမှ ဆိုင်ကယ်ဖြင့် ထွက်ပြေးလာသော လူငယ်(၂)ဦးအား ပတ်ဝန်းကျင်ရှိ ပြည်သူများ၏ အကူအညီဖြင့် ဆိုင်ကယ်အား ရပ်တန့်စေပြီး ဖမ်းဆီးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါလူငယ်(၂)ဦးအားစစ်မေးရာ ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြန့်မြို့၊ အမှတ်(၃) ရပ်ကွက်၊ အောင် ရတနာလမ်း နေသူ အောင်ကောင်းမြတ် (ခ)ဝေမင်းသူ(၁၉)နှစ် နှင့် ထောက်ကြန့်မြို့၊ ဒုတိယစံပြ ရပ်ကွက်နေ၊ ပဏ္ဍိတလမ်းနေသူ အံ့သြအောင်(ခ)အောင်အောင်(၁၈)နှစ် တို့ဖြစ်ကြောင်း သိရှိရသဖြင့် ပခုက္ကူမြို့မရဲစခန်းသို့ ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရန် အပ်နှံပေး ခဲ့ကြောင်း၊ ရဲစခန်းတွင် အံ့သြအောင်(ခ)အောင်အောင် အား စစ်မေးရာ ၎င်း၏ ထွက်ဆိုချက်အရ ယခင်က ခိုးယူမှုများတွင်လည်း မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့သစ်၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ် နေသူ ပြည့်စုံအောင်(၁၈)နှစ်လည်း ပါဝင်ကြောင်းသိရှိရ၍ အံ့သြအောင် (ခ)အောင်အောင်၏ လက်ကိုင်ဖုန်းဖြင့် ပြည်စုံအောင် အား ခေါ်ယူစေပြီး ရဲတပ်ဖွဲ့ဝင်များမှ စောင့်ကြည့်နေစဉ် နေ့လည် ၁း၄၀ နာရီအချိန် ဧရာဝတီ တံတား(ပခုက္ကူ) တောင်ဘက် မောင်းတံဂိတ် အနီးသို့ ပြည်စုံအောင် ရောက်ရှိလာသဖြင့် ဖမ်းဆီးရမိ ခဲ့ကြောင်း၊ အောင်ကောင်းမြတ် (ခ)ဝေမင်းသူနှင့် အံ့သြအောင်(ခ) အောင်အောင် တို့ထံတွင် အရိုးအသွား (၁၀)လက်မခန့်ရှိ ဓါးမြှောင်(၂)ချောင်းကို ရှာဖွေ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ အောင်ကောင်းမြတ်၊ အံ့သြအောင်နှင့် ပြည်စုံအောင်တို့(၃)ဦးအား ဥပဒေအရ အရေးယူပေးပါရန် မစောခက်ခက်အေးမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ပခုက္ကူမြို့မရဲစခန်း (ပ) ၂၆/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈၂/၁၁၄ အရလည်းကောင်း၊ တရားမ၀င် ဓါးကိုင်ဆောင် သူ အောင်ကောင်းမြတ်နှင့် အံ့သြအောင်တို့(၂)ဦး အား ပခုက္ကူမြို့မရဲစခန်း(ပ)၂၇/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၉(င) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂၆ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ ရွှေပန်းတောနယ်မြေရဲစခန်း မှ ရဲတပ်ဖွဲ့ဝင်များသည် ရဲစခန်း၏ အရှေ့ ဘက် (၁၂)မိုင်ခန့် အကွာ တင်းတောကျေးရွာနေသူ မxxxx (၂၄)နှစ်အား အောင်လံ မြို့နယ်၊ ထောက်ကြံ့ တိုင်းကျေးရွာနေသူ မြန်မာဆေးဆရာ သန်းဦး၊ ၄၇ နှစ်မှ သားမယား အဖြစ်ပြုကျင့် ကြောင်း ရဲစခန်းသို့ လာရောက်တိုင်တန်းသဖြင့် သက်သေများနှင့်အတူ အခင်းဖြစ်ရပ်သို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်မှာ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မxxxx ၏ မိခင်ဖြစ်သူ မကျန်းမာ သဖြင့် ဆေးကုသရန် ရောက်ရှိနေသော သန်းဦးသည် မxxxx အား ဓမ္မတာမမှန်၍ ၂၀၁၅ ဇန် ၂၀ ရက်နေ့ တွင် ဆေးကုသ ပေးခဲ့ပြီး သန်းဦးမှ ရွာ၏ အရှေ့ဘက်ချောင်း တစ်ဖက်ကမ်းရှိ ဦးကျော်ဆန်း ၏ နေအိမ်၌ ဆေးကုသပါက လွတ်လပ်စွာ ကုသနိုင်ကြောင်း ပြောဆိုကာ မxxxxအား ခေါ်ဆောင်၍ ဦးကျော်ဆန်း၏ နေအိမ်တွင် ညအိပ်ဆေးကုသ ပေးခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂၃ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် သန်းဦးမှ ဦးကျော်ဆန်းအား ရွာတောင်ပိုင်းသို့ လူနာစောင့်ရန် စေလွှတ်ခဲ့ပြီး ည ၁၁ နာရီအချိန်ခန့်တွင် ဦးကျော်ဆန်း၏ နေအိမ်ရှေ့ကြမ်းပြင်တွင် မxxxxမှာ တစ်ရွာတည်းနေ သူငယ်ချင်း မိန်းကလေးဖော်နှင့်အတူ သန်းဦး တို့ အိပ်နေစဉ် သန်းဦးမှ မxxxxအား အလိုမတူဘဲ သားမယားအဖြစ် (၁)ကြိမ် ပြုကျင့်ခဲ့ ကြောင်း၊ အခင်း ဖြစ်ပွားစဉ်တွင် သူငယ်ချင်းဖြစ်သူမှာ အိပ်ပျော်နေကြောင်း၊ ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂၄ ရက်နေ့တွင် မxxxx မှ မိဘနေအိမ်သို့ ပြန်လည်ရောက်ရှိစဉ် အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြန်လည်ပြောပြ တိုင်ပင်ပြီး ရဲစခန်းသို့လာရောက် တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်သူ သန်းဦးအား ဥပဒေအရအရေးယူ ပေးပါရန် မxxxxမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ၂၀၁၅ခုနှစ်၊ ဇန်န၀ါရီလ ၂၆ ရက်နေ့တွင် ရွှေပန်းတော နယ်မြေရဲစခန်း(ပ)၇/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
Saturday, January 24, 2015
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ တက္ကသိုလ်ဝန်းကျင်တွင် ကျောင်းသား/သူများ ဆိုင်ကယ်ပျောက်ဆုံးမှု၊ ပစ္စည်းလုယူခံရမှုများ၊ အုပ်စုဖွဲ့ရိုက်နှက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ သက်ဆိုင်ရာရဲစခန်းများသို့ ဆက်သွယ်အကြောင်းကြားသော်လည်း ဖြေရှင်း ပေးခြင်း မရှိဟုဆိုကာ The Voice Weekly သတင်းမီဒီယာများတွင် ဖော်ပြခဲ့ကြောင်းသိရှိရ၍ ပခုက္ကူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့မေးမြန်းခဲ့ရာ ကျောင်းသား/သူများ ဆိုင်ကယ်ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ပျောက်ဆုံး ဆိုင်ကယ်အရေအတွက်၊ ပိုင်ရှင်အရေအတွက်များကို ပြောကြားနိုင်မှုမရှိဘဲ တစ်ဆင့်ကြားသည့် စကားအရသာ ၃ နှစ်အတွင်း ဆိုင်ကယ် ၂၀ စီးကျော် ပျောက်ဆုံးသည်ဟု ကြားသိရပါသည်။
 ဆိုင်ကယ်ပိုင်ရှင်အနေဖြင့် ရဲစခန်းသို့ လာရောက်တိုင်တန်းပါက အမှုဖွင့်အရေးယူ စုံစမ်းခြင်း များ ဆောင်ရွက်ပေးသော်လည်း အချို့ဆိုင်ကယ်များမှာ လိုင်စင်မဲ့ဖြစ်နေခြင်းကြောင့် လာရောက် တိုင်ကြားမှုမရှိကြောင်း သိရပါသည်။
ဆိုင်ကယ်/ပစ္စည်းများ အုပ်စုဖွဲ့ရိုက်နှက်လုယူမှုဖြစ်စဉ် ဖြစ်ပွားမှုများတွင်လည်း ကာယကံရှင်များ ကိုယ်တိုင်တိတိကျကျ ဖော်ပြတိုင်ကြားလာခြင်းမရှိသော်လည်း လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် အေးချမ်း ရေး တို့အတွက် ရဲတပ်ဖွဲ့မှ ဖော်ထုတ်ဆောင်ရွက်လျှက်ရှိကြောင်း၊ အချို့အမှုများသည် သက်သေ အထောက် အထားများဖြင့် ဖော်ထုတ်နိုင်ခြင်းမရှိသည့်အတွက် စုံထောက်မရမှုဖြင့် ခေတ္တ ပိတ်သိမ်း ရေး ဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။ 
ပခုက္ကူတက္ကသိုလ်ကျောင်းသားများအနေဖြင့် ၄င်းတို့နှင့်ပတ်သက်သော အမှုအခင်းများအား အမှုမှန် ပေါ်ပေါက်စေခြင်း၊ နောက်ထပ်ပြစ်မှုများ မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်ပေးစေလိုသည့် ဆန္ဒများကြောင့် သတင်းဖော်ပြခြင်းဖြစ်သော်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် တပ်ဖွဲ့ဝင် အင်အား များကို မြို့နယ်အ၀ှမ်း ဖြန့်ကျက်၍ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ တက္ကသိုလ် ဆရာ/ ဆရာမများနှင့် ညှိနှိုင်းပူးပေါင်း၍ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်လျှက်ရှိကြောင်းသိရှိရပါသည်။
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂၂ ရက်နေ့ နံနက် ၃ နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ နတ်မောက်-ပျော်ဘွယ် ကားလမ်း၊ သစ်လှကျင်းကျေးရွာ ဇရပ်အနီးတွင် စိုင်ကောင်း နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် လှည့်ကင်းတာဝန် ဆောင်ရွက် နေစဉ် လူတစ်ဦး ဆိုင်ကယ်တစ်စီး တွန်းလာသည်ကို တွေ့ရှိစစ်မေးရာ ၄င်းမှာ နတ်မောက်မြို့နယ်၊ လျှော်ချောင်းကြီး ကျေးရွာနေသူ လှကျော်သိန်း(၁၈) နှစ် ဖြစ်ကြောင်း သိရှိရပြီး ၄င်းတွန်းလာသည့် ၅ယ/xxxx ဟွန်ဒါဒရင်း အစိမ်းပုတ်ရောင် ဆိုင်ကယ်နှင့် ပတ်သက်၍ ၄င်းပိုင်ဆိုင်ကြောင်း အထောက် အထား ခိုင်လုံစွာ ပြောပြနိုင်ခြင်းမရှိကြောင်း သိရှိရသည်။
တစ်နေရာရာမှ ခိုးယူလာသည်ဟု သင်္ကာမကင်း၍ လှကျော်သိန်း အား နတ်မောက်မြို့နယ်၊ စိုင်ကောင်း နယ်မြေ ရဲစခန်း (ပ)၄/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၉/၅၄ အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂၂ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ပွင့်ဖြူ-စလင်းသွားကားလမ်း၊ မိုင်တိုင်အမှတ် ၂၈/၇ အနီး စလင်းမြို့ဘက်မှ ပွင့်ဖြူမြို့ ဘက်သို့ ပွင့်ဖြူမြို့နယ်၊ သမုန်းကုန်းကျေးရွာနေသူ ကျော်ဇင်ထွေး(၂၃) နှစ် မောင်းနှင်သည့် ၄ယ/xxxxx ကန်ဘို- ၁၁၀ မော်တော်ဆိုင်ကယ်နှင့် ပွင့်ဖြူမြို့ဘက်မှ စလင်းမြို့ဘက်သို့ မိတ်္ထီလာမြို့၊ ရန်မျိုးအောင် အနောက် ရပ်ကွက်နေသူ ယာဉ်မောင်း ဇင်အောင်စိုး(၃၁)နှစ် မောင်းနှင်သည့် 8K/xxxxx လိုက်ထရပ် အဖြူရောင် မော်တော်ယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိသဖြင့် ဆိုင်ကယ် မောင်းနှင်သူ ကျော်ဇင်ထွေးတွင် ဦးခေါင်း ယာဘက်ဂျိုစောင်း ပေါက်ပြဲ၊ မေးရိုးဝဲဘက် ပေါက်ပြဲ၊ ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးထွက် ဒဏ်ရာများရရှိကာ သေဆုံးသွားကြောင်း သိရှိရသည်။
 ယာဉ်အားမဆင်မခြင် မောင်းနှင်သူ ဇင်အောင်စိုး အား ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်းနယ်မြေရဲစခန်း ယာဉ်(ပ)၂/၂၀၁၅၊ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃၀၄-က အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂၁ ရက်နေ့ ည ၇ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ ဆုံကုန်းကျေးရွာနေ ဒေါ်ညိုလုံး(၅၉)နှစ် သည် နေအိမ်တွင်ရှိနေစဉ် တစ်ရွာ တည်းနေ တူတော်စပ်သူ မောင်ရဲစိန် ရောက်ရှိလာပြီး ဦးလေး ဦးအောင်သန်းမှ ခေါ်ခိုင်းသည်ဟုဆို၍ တစ်ရွာ တည်းနေ မောင်တော်စပ်သူ ဦးအောင်သန်း(၅၀)နှစ်၏ နေအိမ်သို့ လိုက်သွားခဲ့ရာ ဦးအောင်သန်း မှာ နေအိမ်ဝိုင်း ၀င်ပေါက်အနီးလမ်းပေါ်တွင် ရင်ညွန့်အောက်၌ အကျယ် (၁)လက်မခန့်ရှိ ထိုးသွင်းဒဏ်ရာ (၁)ချက် ရရှိကာ လဲကျနေကြောင်း တွေ့ရှိရသဖြင့် မေးမြန်းခဲ့ ကြောင်း၊ ဦးအောင်သန်းအား ၄င်းတို့နှင့် တစ်ဝိုင်းတည်းနေ ဦးအောင်သန်း၏ တူဖြစ်သည့် သန်းနိုင် (၄၃)နှစ် မှ အရိုးအသွား (၁၃)လက်မခန့်ရှိ ဓါးဖြင့် ထိုးသွားကြောင်း သိရှိရပြီး ဦးအောင်သန်းအား ကျောက်ပန်းတောင်း မြို့နယ်ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသရန် ခေါ်ဆောင်သွားစဉ် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။
ဦးအောင်သန်းမှာ ၄င်း၏ ယာကွက်အား သန်းနိုင်ထံသို့ အပေါင်ထားခဲ့ရာမှ ပြန်ရွေးစဉ် တစ်ဦးနှင့် တစ်ဦး စကားများပြီး သန်းနိုင်မှ ဦးအောင်သန်း အား ဓါးဖြင့်ထိုးသဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
 ဖြစ်စဉ်နှင့် ပတ်သက်၍ သန်းနိုင်အား ဥပဒေအရ အရေးယူပေးပါရန် ၂၂.၁.၂၀၁၅ ရက်နေ့ တွင် ဒေါ်ညိုလုံး မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် နတ်မောက်မြို့နယ်၊ မြို့မရဲစခန်း (ပ) ၅/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
Thursday, January 22, 2015
ချောက် ဇန်နဝါရီလ ၂၂ ရက်
ချောက်မြို့နယ် အမှတ် ၂ အခြေခံပညာ အထက်တန်းကျောင်းတ်ွင်ယနေ့နံနက် ၉ နာရီက ကျောင်းသား/ကျောင်းသူ
( ၁၀၀၀)ကျော်အား အစုလိုက် ဝက်သက်ရောဂါနှင့်ဂျိုကသိုးရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကိုဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့အစုလိုက်ထိုးနှံခြင်းပြုလုပ်နေမှုကို အမှတ် ၆ နယ်မြေ မိခင်နှင့်ကလေးအဖွဲ ဝင် များနှင်အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကျောင်း အုပ်ဆရာမကြီး ဒေါ်ခင်ဝင်း ဆရာ/ဆရာမများ နှတို့ကပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တောင်တွင်းကြီး ဇန်နဝါရီ ၂၂
မကွေးတိုင်းဒေသကြီးတောင်တွင်းကြီးမြို့နယ်ဆက်သွာကျေးရွာအုပ်စုဆက်သွားကျေးရွာl
ဆုတောင်းပြည့်ပေါ်တော်မှုဘုရားကျောင်းတိုက်တွင်ယမန်နေ့
နံနက် ၁၀ နာရီကသြဝါဒါစရိယဆရာတော် ၇ ပါးနာယက ၇ ဦးအလုပ်အမှု
ဆောင်အဖွဲ့ ၂၁ ဦးအထောက်အကူပြုအဖွဲ့ ၂၉ ဦးတိုပါဝင်သောကရုဏာစမ်း
ရေလူမှုကူညီရေးအသင်းကြီးကိုစတင်ဖွဲ့စည်းခဲ့ကြောင်းသိရသည်။
ငဖဲ     ဇန်န၀ါရီ    ၂၁
    မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန မှနိုင်ငံတစ်ဝှမ်း ၀က်သက်နှင့်ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်း(၂၀၁၅)ကျောင်းအခြေပြု ကာကွယ်ဆေးထိုးအစီအစဉ်အား ဇန်န၀ါရီ ၁၉ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၃ နာရီထိ ငဖဲမြို့အတွင်းရှိ အခြေခံပညာကျောင်း (၂၁)ကျောင်း၌ ကာကွယ်ဆေးထိုးနှံ ဆောင်ရွက်ခဲ့သည်။
    အခြေပြုကျောင်းများမှာ အထက(၂)ကျောင်း၊အထက(ခွဲ)(၂)ကျောင်းနှင့်အမက(၁၇)ကျောင်း ဖြစ်ပြီး ကာကွယ်ဆေးထိုး အဖွဲ့ဝင်(၉၀)ဦးက ကျောင်းသားကျောင်းသူဦးရေ(၂၀၅၁)ဦးအား ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးခဲ့သည်။မြို့နယ်အတွင်း ကျန်ရှိသည့် ကျောင်းများမှ ကျောင်းသားကျောင်းသူများအား ဇန်န၀ါရီ ၂၆ ရက်နေ့ထိ ကာကွယ်ဆေးထိုးနှံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
နတ်မောက်       ဇန်နဝါရီ        ၂၂
    မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ဇန်နဝါရီလ (၁၆)ရက်နေ့မှ (၁၉)ရက်နေ့ထိ အချိန်အခါမဲ့မိုးရွာသွန်းမှု ပြန့်ပြန့် နှံ့နှံ့ ရှိခဲ့ကြောင်း တွေ့ရှိရ။ မိုးလေဝသအသိပေးကြေငြာချက်အရ ဇန်နဝါရီလ(၁၅)၇က်နေ့တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသအတွင်းရှိ ကျေးရွာအုပ်စုအားလုံးသို့ စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းများ ကြိုတင်အသိပေးကြေငြာထားပြီးဖြစ်ကြောင်း သိရှိရ။ ဒေသအတွင်းလက်ရှိ စိုက်ပျိုးပြီး သီးနှံများအပေါ်ထိခိုက်မှုမရှိခဲ့သော်လည်း ရာသီဥတုရုတ်တရက် ပြောင်းလဲမှုဖြစ်စဉ်ကြောင့် စိုက်ခင်းများ ပိုးမွှားရောဂါ ကျရောက်မှုမရှိစေရေး ကင်းထောက်စနစ်ဆောင်ရွက်ခြင်း၊ တောင်သူအသိပေးဆွေးနွေးခြင်းများ ဆောင်ရွက်ထားရှိကြောင်း
 မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းထံမှ သိရှိရသည်။ လက်တွေ့တွင် တောင်သူများအနေဖြင့် စိုက်ခင်းဖြည့်ရေရရှိခြင်း၊ လယ်မြေ/ယာမြေအားလုံး နွေထယ်ရေးကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်လျှက်ရှိကြောင်း တွေ့ရှိရသည်။
                                        ဥမ္မာခင်
စေတုတ္တရာ      ဇန်န၀ါရီ     ၂၂
    မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊စေတုတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာ(၁၈)ရွာသည် ကြီးအုံ-ကြီးဝ ဘက်စုံရေလှောင်တမံစီမံကိန်းတည်ဆောက်မှုကြောင့် ရေ၀ပ်ဧရိယာအတွင်းမှ လွှတ်ကင်းရာ နေရာများသို့ နိုင်ငံတော်၏ ပံ့ပိုးကူညီမှုများဖြင့် ပြောင်းရွေ့နေထိုင်ခဲ့ကြရာ ယခုအခါ ပြောင်းရွေ့ကျေးရွာများသည် ရေလှောင် တမံ၏ အကျိုးပြုမှုများဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်လာခဲ့သည်။
    အဆိုပါကျေးရွာများအနက်မှ စေတုတ္တရာမြို့နယ် ညောင်ကုန်းကျေးရွာအုပ်စု၊၀န်လိုကျေးရွာနှင့် ခိုနန်းကျေးရွာသည် သိသာထင်ရှားစွာ တိုးတက်ပြောင်းလဲလာခဲ့သည်။ယခင်က တောင်ယာလုပ် ၊သစ်ဝါးခုတ်၍အသက်မွေးဝမ်းကျောင်းပြုခဲ့ရာမှ ယခုအခါ တောင်ယာစိုက်ပျိုးခြင်း အပြင်ရေလုပ်ငန်းလုပ်ကိုင်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုများကြောင့် ကုန်စည်ကူးသန်းရောင်း ၀ယ်ခြင်းများဖြင့် သိသာထင်ရှားစွာ တိုးတက်ပြောင်းလဲခဲ့သည်။
`    နိုင်ငံတော်အစိုးရ၏ ပံ့ပိုးကူညီမှုများဖြင့် စာသင်ကျောင်းဆောင်များကိုလည်း သွပ်မိုး/အုပ်ကာ/ ကွန်ကရစ်ခင်း တစ်ထပ်ကျောင်းဆောင်များဖြင့် ခန့်ညာထည်ဝါစွာ တည်ဆောက် ဖွင့်လှစ်နိုင် ခဲ့ပြီး ယခင်အခါများက မကျင်းပခဲ့သော ပညာရေးစုံညီပွဲတော်များကိုလည်း ၂၀၁၂-ခုနှစ်မှစတင်၍ နှစ်စဉ် မပြတ်ကျင်းပနိုင်ခဲ့ပြီး၊ မဲဇလီအထက်တန်းကျောင်းများသို့ အလယ်တန်းအဆင့်၊အထက်တန်းအဆင့်များအထိ တက်ရောက်ပညာဆက်လက်သင်ကြားနိုင်ခဲ့ကြသည်။
    ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ခိုနန်းကျေးရွာ အခြေခံပညာ မှုလတန်းကျောင်းတွင်ကျင်းပပြုလုပ်ရာ ဆရာ/ဆရာများ၊ကျောင်းသား/သူများနှင့် ဒေသခံပြည်သူများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့တက်ရောက်လာသော ခိုနန်းကျေးရွာ ချင်းအမျိုးနွယ်အဘွား တစ်ဦးမှ စကားသံဝဲ၀ဲဖြင့်  အဘွားတစ်သက် မြေးလေးတွေရဲ ဆုပေးပွဲကို တက်ရောက် ကြည့်ရှုခွင့်ရတာ ဒီတခါ သုံးကြိမ်မြောက်ပါပဲ၊၀မ်းသာကြည်နှုးရတာပေါ့ ၊ဟိုတုန်းက မတွေ့မကြုံဘူးပါ့၊ ဒီဘက်တောင်ပေါ် ရွာရွေ့လာမှ လျှပ်စစ်မီးလည်းရ၊ညလည်း TV ကြည့်ရ၊ သောက်ရေလည်း အလွယ်ရ ၊ မြို့ကိုလည်း သွားလာရလွယ်ကူတော့ ကျန်းမာရေးအတွက်လည်း စိတ်ချရနဲ့ ၊ ကျေးဇူးတင်ပါတယ်၊ ဆောင်ရွက်ပေးတဲ့ အဖွဲ့တွေကို အထူးကျေးဇူးတင်ပါတယ်  ဟုဝမ်းသာအားရပြောကြားခဲ့သည်ကို သိရှိခဲ့ရသည်။
တင်ထွန်းဦး (မင်းဘူး)
ဆင်ပေါင်ဝဲ ဇန်န၀ါရီ ၁၉
၁။    မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ် လယ်မကျေးရွာတွင် ၂၀၁၄-၂၀၁၅ ပညာရည်    ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည်(၁)နာရိက လယ်မကျေးရွာ အခြေခံပညာ အလယ်တန်း  ကျောင်းခွဲ ၌ ကျင်းပရာ ရှေ့ဦးစွာ လယ်မကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်လှိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပြိး အလယ်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာကြီး ဦးမြလွင်က ဆုပေးပွဲနှင့်ပက်          သတ်သည်များ ရှင်းလင်းဆွေးနွေးခဲ့သည်။
၂။    ထို့နောက် ဆုရကျောင်းသား/ကျောင်းသူ(၂၇)ဦးတို့အား တာဝန်ရှိသူများကဆုများအသီးသီး ချီးမြှင့်ပေးခဲ့  ပြီး ကျောင်းအကျိုးတော်ဆောင် ကော်မတီအဖွဲ့ဝင် ဦးသန်ဆွေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့  သည်။ယင်းနောက်ကျောင်းသား/ကျောင်းသူ ကလေးများက အဆို/အကများဖြင့် ဖျော်ဖြေပေးခဲ့ကြောင်းသိရသည်။
မကွေး    ဇန်န၀ါရီ ၂၂
    ၂၀၁၅ခုနှစ်၊အထွေထွေရွေးကောက်ပွဲ တစ်နိုင်ငံလုံးအဆင့်အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းလုပ်ငန်း  (အဆင့်-၃)အနေဖြင့် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်တွင် အခြေခံမဲဆန္ဒရှင်စာရင်းအား မကွေးတိုင်းဒေ ကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ IFES အဖွဲ့တို့ပူးပေါင်း၍ ကွန်ပျူတာစနစ်ဖြင့် ပြုစုခြင်းသင်တန်းဖွင့်ပွဲကို (၂၂.၁.၂၀၁၅)ရက်နေ့၊ နံနက်ါ(၀၉း၃၀)နာရီအချိန်တွင် မကွေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
    အခမ်းအနားတွင် မကွေးတိုင်းဒေသကြီင်္း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးကြည်စိန်းမှ သင်တန်းအဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၁၅ခုနှစ်အထွေထွေရွေးကောက်ပွဲအတွက် ပြည့်စုံမှန်ကန် သည့်မဲဆန္ဒရှင် စာရင်းရရှိရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းလုပ်ငန်းကို ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ ဆောင်ရွက်လျှက်ရှိကြောင်း ပထမအဆင့်အနေဖြင့် ရန်ကုန်တိုင်းဒေသ ကြီး၊ဒုတိယအဆင့်အနေဖြင့် နေပြည်တော်ကောင်စီနှင့် တတိယအဆင့်အနေဖြင့် မကွေးတိုင်းဒေသကြီးတို့ တွင်ဆောင်ရွက် သွားမ်ညဖြစ်ကြောင်း သင်တန်းသားများအနေဖြင့် သစင်တန်းကာလအတွင်း မရှင်းလင်း သည်များကို မေးမြန်းဆွေးနွေးသွားရန် လိုကြောင်းသင်တန်းပြီးပါက ခရိုင်အလိုက် မဲဆန္ဒရှင်စာရင်းပြုစုသွား ရမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအတွင်း မဲစာရင်းပြုစုခြင်းအား ပထမအဆင့်အနေဖြင့် မကွေးခရိုင် အတွင်းရှိ (၆)မြို့နယ်တွင် စတင်ဆောင်ရွက်သစွားမည်ဖြစ်ပြီး ကွန်ပျူတာ(၃၀)လုံးဖြင့် စတင်ဆောင်ရွက် သွားမည်ဖြစ်သည်။ ကျန်ခရိုင်များအတွက် သင်တန်းများထပ်မံဖွင့်လှစ်ပြီး ကွန်ပျူတာများလည်းထပ်မံ ထုတ် ဝေသွားမည်ဖြစ်ကြောင်း ၂၀၁၅ရွေးကောက်ပွဲအောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများနှင့် ပြည်သူ အားလုံးပုးပေါင်း ပါဝင်ဆောင်ရွက်ပေး သွားကြပါရန်တိုက်တွန်း ပြောကြားခဲ့သည်။
    အဆိုပါသင်တန်းသို့ မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးကြည်စိန်းနှင့် အဖွဲ့ဝင် များ၊ရွေးကောက်ပွဲအရာရှိများ၊ မကွေးခရိုင်နှင့် ကော်မရှင်အဖွဲ့ခွဲဝင်များ၊ မင်းဘူးခရိုင်၊ သရက်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ အတွင်းရေးမှူးများ အခြားဖိတ်ကြားထားသူများ၊ တိုင်းဒေသကြီး၊ မကွေးခရိုင်၊မင်းဘူးခရိုင်၊သရက်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအများမှ သင်တန်းသား စုစုပေါင်း (၄၂)ဦးတို့ တက်ရောက်ပြီး သင်တန်းကာလမှာ(၂)ရက် ဖြစ်ကြောင်းသိရသည်။
ညီညီ
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂၁ ရက်နေ့ နေ့လည် ၁၂ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သရက်မြို့နယ်ရဲတပ်ဖွဲ့မှူး၏ ၊ လောင်းကစားဖမ်းဝရမ်းအမှတ် ၆/၂ဝ၁၅ ဖြင့် နှစ်လုံးထီလောင်းကစားပြုလုပ်နေကြောင်းသတင်းအရ သရက်မြို့နယ်၊ ထုံးတောင်ကျေးရွာအုပ်စု၊ မြသီတာရပ်နေ မျိုးနိုင်(၃၉)နှစ်၏ နေအိမ်အားဝင်ရောက် ရှာဖွေခဲ့ကြောင်း သတင်းရရှိပါသည်။ 
သရက်မြို့နယ်၊ ထုံးတောင်ကျေးရွာအုပ်စု၊ မြသီတာရပ်နေ မျိုးနိုင်(၃၉)နှစ်၏နေအိမ်အား သက်သေ များနှင့်အတူ ရှာဖွေခဲ့ရာ နှစ်လုံးထီလောင်းကစားရာတွင် အသုံးပြုပြီးသော လယ်ဂျာစာအုပ် ၊ ငွေ လက်ငင်းဖြတ်ပိုင်းစာအုပ်၊ ဘောက်ချာစာရွက်၊ ကာဗွန်စာရွက်၊ ဘောပင်နှင့် လောင်းကြေးငွေ ၅ဝဝ၅ိ/- တို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိသဖြင့် တရားမဝင်နှစ်လုံးထီ လောင်းကစား ပြုလုပ်သူ မျိုးနိုင်အား သရက်မြို့နယ်၊ မြို့မရဲစခန်း(ပ)၁၁/၂ဝ၁၄၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂၁ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ယာဉ်ထိန်းတပ်ဖွဲ့စိတ်မှ တပ်ဖွဲ့ဝင်များသည် ပခုက္ကူ-ရေစကြို ကားလမ်း၊ ပေါင်လောင်ကန်ကျေးရွာအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်း အရ သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်အား စစ်ဆေးရာ ပခုက္ကူမြို့နယ်၊ ပေါင်လောင်ကန်ကျေးရွာအနီးတွင် ပခုက္ကူ-ရေစကြို ကားလမ်း အတိုင်း ရေစကြိုဘက်မှ ပခုက္ကူဘက်သို့ ဧရာဝတီဟော်တယ်ဝန်ထမ်းဖြစ်သူ ပခုက္ကူမြို့၊ အမှတ် (၈) ရပ်ကွက်နေ အောင်ဖြိုးမော်(၂၆) နှစ်သည် 2F/xxx AD-VAN ခဲရောင်မော်တော်ယာဉ် အား မောင်းနှင် လာစဉ် တော်ဝင်ဓါတ်ဆီဆိုင်အနီးအရောက်တွင် ယာဉ်၏ဝဲဘက်ရှေ့ဘီးပေါက်ပြီး ၎င်းလမ်းအတိုင်း ပခုက္ကူဘက်မှ ရေစကြိုဘက်သို့ စနိုးသောက်ရေသန့်စက်ရုံဝန်ထမ်းများဖြစ်သည့် ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာနေ မစန်းစန်းအောင်(၃၁)နှစ် စီးနင်းလာသောစက်ဘီးနှင့် တစ်ရွာတည်းနေ မရွှေစင်အိ (၂၇)နှစ်တို့ စီးနင်းလာသော စက်ဘီး(၂)စီးအား ဝင်ရောက်တိုက်မိပြီး မစန်းစန်းအောင်နှင့် မရွှေစင်အိ တို့တွင် ပွန်းပဲ့ဒဏ်ရာများအသီးသီးရရှိခဲ့ကြောင်း သိရှိရသည်။
 ယာဉ်အားမဆင်မခြင်မောင်းနှင်သူ အောင်ဖြိုးမော် (၂၆)နှစ်အား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၈/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၇ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
Wednesday, January 21, 2015
ချောက်      ဇန်နဝါရီ  ၂၁ ရက်
      မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် အမှတ် ၁၀ နယ်မြေ ကွက်သစ်အရှေ့ရပ် တော်ဝင်နန်းခန်းမတွင် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဗိုလ်ချုပ်နှစ်တစ်ရာပြည့် အထိမ်းအမှတ် စာပေဟောပြောပွဲ ကျင်းပ ရန်စီစဉ်လျှက်ရှိကြောင်းသိရသည်။
       အဆိုပါစာပေဟောပြောပွဲကို ချောက် မြိုအမှတ် ၁ နယ်မြေဈေးတန်းလျားရပ်နေ အမေ့အိမ်ကျူရှင်ဆရာ ဦးသက်မှူးလွင် ကဦးဆောင်၍စာရေးဆရာကြီးများဖြစ်သော မသီတာ( စမ်းချောင်း) မာန်( တောင်ပြုံးပြည့်) စည်သူအောင်တို့ ကဗိုလ်ချုပ်အောင်ဆန်း ၏ အကြောင်းလူငယ်လူရွယ်များ အသိပညာပြည့်ဝစေရေး ဟောပြောရန်စီစဉ် ဆောင်ရွက်နေကြောင်း စာပေဟောပြောပွဲ ကိုအဆင်ပြေစွာနားထောင်နိုင်ရန်စီစဉ်၍ကျင်းပမှုကုန်ကျစရိတ်များကို စေတနာရှင် အလှူရှင်များက ထည့်ဝင်ကုန်ကျခံရန်စီစဉ် ဆောင်ရွက်လျက်ရိကြောင်းသိရှိရသည်။
             ပေးပို့ သူ ဦးဝင်းဌေး( ချောက်)
မကွေး    ဇန်န၀ါရီ    ၂၁
    မင်းဘူး(စကု)မြို့နယ်အတွင်းရှိမန်းရွှေစက်တော်ဘုရား ပွဲကို နှစ်စဉ်နှစ်တိုင်းတပို့လဆန်းမှ မြန်မာ နှစ်ဆန်း(၁)ရက်နေ့ကျင်းပခဲ့ပါသည်။ မန်းရွှေစက်တော်ရာသို့ သွားရောက်သည့်လမ်းမှာ ပုသိမ်-မုံရွာလမ်းမှ ရွှေစက်တော်သို့(၃)မိုင်လမ်းခရီးသည် အကွေ့အကောက်နှင့် အတက်အဆင်းများပေါများပါသည်။
    ယခုနှစ် ရွှေစက်တော်ဘုရားပွဲတွင် ဘုရားဖူးများအဆင်ပြေသွားလာနိုင်ရန်အတွက် ပုသိမ်-မုံရွာလမ်းမှ ရွှေစက်တော်သို့(၃)မိုင်လမ်းခရီးအား ယခင်(၁)လမ်းသွားမှ နှစ်လမ်းသွားနိုင်ရန် တိုးချဲ့ပြုပြင်ထားပြီး လှေတင်ဆိပ်တံတား(သွား/ပြန်)(၂)စင်း၊ အထူးတံတား(သွား/ပြန်)(၂)စင်းနှင့် ခရီးသည်တင်ယာဉ်များ၊ ဘုရားဖူးကိုယ်ပိုင်ယာဉ်များအား ဘုရားဖူးပြည်သူများ လွယ်ကူစွာဖူးမျှော်နိုင်ရန်အတွက် သီးသန့် ယာဉ်ရပ်နား ကွင်းကို ယခင်ရဟတ်ယာဉ်ကွင်းတွင်လည်းကောင်း ယခင်ကားရပ်နားကွင်းတွင် ဆိုင်ကယ် ရပ်နားရန် နေရာ များ စီစဉ်ထားရှိကြောင်းသိရသည်။
    ယခုနှစ်မန်းရွှေစက်တော်ရာဘုရားပွဲတော် ခြေတော်ရာဖွင့်ပွဲအခမ်းအနားကို ၂၄.၁.၂၀၁၅ရက်နေ့ တွင်ဖွင့်လှစ်မည်ဖြစ်ပြီး ၁၇.၄.၂၀၁၅ရက်နေ့ထိစည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပါသည်။ ဘုရားဖူး ပြည်သူများ တည်းခိုနိုင်ရန်အတွက် ဆိုင်ခန်းနှင့် တည်းခိုဆောင်(၄၀၀) ခန့်ဖွင့်လှစ်ထားရှိကြောင်းသိရသည်။
မကွေး   ဇန်န၀ါ၇ီ   ၂၁
    မကွေးမြသလွန်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်တင်လှူပွဲအခမ်းအနားကို ယနေ့နံနက်(၆း၃၀  ) အချိန် က ကျင်းပရာ ရှေးဦးစွာ နိုင်ငံတော်သြ၀ါဒါစရိယဆရာတော် ဘဒ္ဒန္တကေလာသထံမှ ငါးပါးသီလခံယူ ဆောက်တည်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က မကွေးမြသလွန်စေတီတော်ကြီး၏ စိန်ဖူးတော်နှင့် ဌက်မြတ်နားတော်တို့ကို ဆရာတော်ကြီးများထံဆက်ကပ်လှူဒါန်းပါသည်။ ယင်းနောက် ပရိတ်တရားတော်များနာကြားခဲ့ပါသည်။
    ဆက်လက်ပြီး မင်္ဂလာအချိန်တွင် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို ရတနာရွှေစင်ပန်းရထားဖြင့် ပင့်ဆောင်တင်လှူပူဇော်ကြပါသည်။ ယင်းနောက် ဘုရားဖူးပြည်သူများ သွားလာရေးလွယ်ကူစေရန်အတွက် နိဗာန်ဆိပ်ကူးတံတားဖွင့်ပွဲအခမ်းအနားကိုကျင်းပရာ သြ၀ါဒါစရိယဆရာတော်ကြီးများနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး နိဗာန်ဆိပ်ကူးတံတားပေါ်သို့ပရိသတ်များနှင့်အတူ ဖြတ်ကူးပြီး လှည်လည်ကြည့်ရှုခဲ့ပါသည်။
    ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဇနီး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များက ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂၀ ရက်နေ့ ညနေ (၃)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် လူတစ်ဦး အက်စစ်သောက်၍ မိမိကိုယ်ကို သေကြောင်း ကြံစည် ကြောင်း သတင်းရရှိပါသည်။ ဖြစ်စဉ်မှာ ပေါက်မြို့နယ်၊ ကျောက္ကာကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်လင်း (၃၉)နှစ် သည် နေအိမ်တွင် ရှိနေစဉ် တစ်ရွာတည်းနေ မဇာရောက်ရှိလာပြီး ၄င်း၏ ခင်ပွန်းဖြစ်သူ ကျော်ဝင်းဆွေ (၃၉)နှစ်မှ နေအိမ်တွင် လင်မယားချင်း စကားများပြီး ဘထ္ထရီအိုးထဲသို့ ထည့်ရန် အသင့်ပြုလုပ် ထားသည့် အက်စစ်အပျော့အား သောက်ခဲ့ကြောင်း လာရောက်ပြောပြသဖြင့် သွားရောက်ကြည့်ရှုရာ ကျော်ဝင်းဆွေ မှာ နေအိမ်တွင် ညည်းညူနေသည်ကိုတွေ့ရှိရ၍ ဆေးကုသမှုခံယူရန် ပေါက်မြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ထားရှိကြောင်း သိရှိရပါသည်။
 ဖြစ်စဉ်နှင့်ပတ်သက်၍ မိမိကိုယ်ကို သေကြောင်း ကြံစည်သူ ကျော်ဝင်းဆွေ အား ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမှ တရားလို ပြုလုပ် တိုင်တန်းသဖြင့် ပေါက်မြို့နယ်၊ ပေါက်မြို့မ ရဲစခန်း (ပ) ၉/၂၀၁၅၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၀၉ အရ အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂၀ ရက်နေ့ နံနက် (၁၁း၄၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ လက်ပံတို ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် သရက်ကန်ကျေးရွာ၊ နတ်စင်ချောင်းတော တဲတိုက်တွင် ကြိုးဆွဲချ သေဆုံးနေကြောင်း သတင်းအရ သက်သေများနှင့် အတူ သွားရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
ဖြစ်စဉ်မှာ ပေါက်မြို့နယ်၊ သရက်ကန်ကျေးရွာနေ စိတ်ကျန်းမာရေး မကောင်းသူ မဌေးခိုင်(၂၃)နှစ် သည် နတ်စင်ချောင်း တောတဲတိုက်ရှိ မိမိနေအိမ်တဲ တံစက်မြိတ်အတွင်း ယောက်တန်း တွင် ကြိုးဆွဲချ သေ ဆုံးနေကြောင်း တွေ့ရှိရသဖြင့် ၄င်းသေဆုံးခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန် အတွက် ပေါက်မြို့နယ်၊ ရေပြာနယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၂/၂၀၁၅ ဖြင့် ရေးဖွင့် ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂၀ ရက်နေ့ နေ့လည် နံနက် (၁၁း၀၀) အချိန်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ အောင်ချမ်းသာ ရပ်ကွက်၊ ပြည်တော်သာလမ်းနှင့် ခွာညိုလမ်းထောင့်ရှိ သဘာဝ လက်ဘက်ရည်ဆိုင်တွင် မသင်္ကာဖွယ်လူတစ်ဦးမှ ဆိုင်ကယ်တစ်စီးအား လာရောက် ရောင်းချနေကြောင်း သတင်းအရ မကွေးတိုင်းဒေသကြီး ရဲအကူတပ်ဖွဲ့ခွဲ၊ မှုခင်းအကူဌာနစိတ်မှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ပါသည်။
 ချောက်မြို့နယ်၊ ဥယျာဉ် ကျေးရွာနေသူ သန်းထိုက်အောင် (၂၀)နှစ် မှ ၄င်းထံမှ နံပါတ်မပါ ရှာရမ်း ၁၁၀ နီနက်ကြား ဆိုင်ကယ်နှင့် ပတ်သက်၍ ၄င်းပိုင်ဆိုင်ကြောင်း ခိုင်လုံသော အထောက်အထား တစ်စုံ တရာ ပြောဆိုပြသနိုင်ခြင်း မရှိသည့်အတွက် ၄င်းသည် ဆိုင်ကယ်အား တစ်နေရာရာမှ ခိုးယူလာသည်ဟု မသင်္ကာဖွယ် စစ်ဆေး တွေ့ရှိရသဖြင့် သန်းထိုက်အောင်အား မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း (ပ) ၂၅/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၉/၅၄ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက် ရှိကြောင်း သတင်း ရရှိပါသည်။
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂၀ ရက်နေ့ နံနက် (၁၁း၁၅) အချိန် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့၊ မြို့မ(မြောက်) ရပ်ကွက် နေသူ ကျော်ဌေး(၄၀)နှစ်၊ ကွမ်းယာရောင်း သည် ကမ္ဘောဇလမ်းထောင့်ရှိ ၄င်း၏ကွမ်းယာဆိုင်တွင် နှစ်လုံးထီလောင်းကစားပြုလုပ် ရောင်းချ နေကြောင်း သတင်းအရ ရေနံချောင်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ ကွမ်းယာဆိုင်အတွင်း ၀င်ရောက်ရှာဖွေရာ ကျော်ဌေးထံမှ နှစ်လုံးထီလောင်းကစားရာတွင် အသုံးပြု သော စာရွက်စာတမ်း များနှင့် လောင်းကြေးငွေ ၇၄၄၂၀ိ/- တို့အား သိမ်းဆည်း ရမိသဖြင့် တရားမ၀င် နှစ်လုံးထီလောင်း ကစား ပြုလုပ်သူ ကျော်ဌေးအား ရေနံချောင်း မြို့နယ်၊ မြို့မရဲစခန်း (ပ) ၁၀/၂၀၁၅၊ လောင်းကစားဥပဒေ ပုဒ်မ ၁၅(က)/၁၆ (က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိ ကြောင်း သတင်းရရှိပါသည်။
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂၀ ရက်နေ့ ညနေ (၅း၃၀) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ထီးလင်း-ကျောက်ထု သွားကားလမ်း၊ မိုင်တိုင်အမှတ် ၂၂/၂ နှင့် ၂၂/၃ အကြား သရခါကျေးရွာ၊ ဇေယျသုခ ဘုန်းကြီးကျောင်းအနီးတွင် ယာဉ်တိုက်မှု ဖြစ် ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ 
ဖြစ်စဉ်မှာ ကျောက်ထုမှ ထီးလင်းသို့ ထီးလင်း-ကျောက်ထု သွားကားလမ်းအတိုင်း ဆောမြို့နယ်၊ စံကျေးရွာနေသူ ယာဉ်မောင်း စိုးမင်းအောင် (၂၃)နှစ် မောင်းနှင်လာသော ၈ဈ/xxxx၊ RAINBOW ယောစင်တာ ခရီးသည်တင် မှန်လုံ ယာဉ်နှင့် သရခါရွာလမ်းမအတိုင်း ထီးလင်း မြို့နယ်၊ ဒေါသာ ကျေးရွာနေသူ စိန်ချော(၂၅) နှစ် မောင်းနှင် ပြီး နောက်မှတစ်ရွာတည်းနေ ကိုပြား(၃၈)နှစ် လိုက်ပါစီးနင်းလာသည့် ဆိုင်ကယ်အမှတ် ၂၄ယ/xxxxx၊ KENBO 125 အစိမ်းရောင် ဆိုင်ကယ် တို့မှာ ရွာလမ်းမနှင့် ထီးလင်း-ကျောက်ထု ကားလမ်းဆုံ အရောက်တွင် တိုက်မိသဖြင့် စိန်ချောတွင် ၀ဲမျက်စိအောက် ပွန်းပဲ့ဒဏ်ရာ၊ ၀ဲနှာခေါင်းဘေးပွန်းပဲ့ ဒဏ်ရာ၊ မေးစေ့အောက် ပွန်းပဲ့ဒဏ်ရာနှင့် ကိုပြားတွင် ယာပေါင်အရှည် (၅)လက်မခန့် ပေါက်ပြဲဒဏ်ရာတို့ ရရှိခဲ့ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း စိုးမင်းအောင် နှင့် စိန်ချော တို့အား ထီးလင်းမြို့မရဲစခန်း ယာဉ်(ပ) ၁/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၇/၃၃၈/၂၇၉ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။
Tuesday, January 20, 2015
             ယခုတလော တက္ကသိုလ်ကျောင်းသားများကို မည်သည့်ပုဂ္ဂိုလ်များက ရှေ့တန်းတင်ပေးသည်မသိ၊ လူငယ်ကျောင်းသားများ တိုက်ပွဲဝင်လိုသည့်စိတ် ရှိနေသည့်ပုံ တွေ့ရသည်။ ပညာရေးစနစ်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက် NNER ဆိုသည့်အဖွဲ့ကို ဖွဲ့စည်းပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းထားသော အမျိုးသားပညာရေးဥပဒေကို အတင်းငြင်းဆန် ကန့်ကွက်နေကြသည်။ ကျွန်ုပ်သိသည်က အဆိုပါအမျိုးသားပညာရေးဥပဒေကို နိုင်ငံခြားပြန် ပညာရှင်များ၊ မြန်မာနိုင်ငံ တက္ကသိုလ်အသီးသီးတွင် အတွေ့အကြုံရင့် အငြိမ်းစားပညာရှင်များ၊ တာဝန်ထမ်းဆောင်ဆဲ ပညာရှင်များမှ အကြိမ်ဖန်များစွာဆွေးနွေးပြီး တိုင်းဒေသကြီး/ပြည်နယ်များတွင်ရှိသည့် တက္ကသိုလ်ကြီးများတွင် လူထုလူတန်းစားအလွှာပေါင်းစုံ၊ ပါတီအဖွဲ့အစည်းများကို ဖိတ်ခေါ်ဆွေးနွေးကာ ကျွန်ုပ်တို့နိုင်ငံနှင့် သင့်လျော်ကောင်းမွန်သော မူဝါဒချမှတ်၍ ဥပဒေရေးဆွဲထားကြောင်း နားလည်ရပါသည်။ နိုင်ငံတော်သမ္မတကလည်း နည်းဥပဒေရေးဆွဲပြဋ္ဌာန်းရာတွင် လူတိုင်းအကျုံးဝင်ပညာရေး၊ ကျောင်းသားထု ယူနီယံဖွဲ့စည်းခွင့်ကဲ့သို့သောအချက်များ ပါဝင်အောင် ရေးဆွဲရေးအကြံပြုပြောကြားထားသည်ဖြစ်ရာ ပညာရှင်များအနေဖြင့်လည်း အားလုံးပါဝင်လုပ်ဆောင်လာနိုင်သည့် အခြေအနေဖန်တီးနိုင်အောင် ဆွေးနွေးပြုစုလျက်ရှိကြောင်း သိရပါသည်။
              သို့သော်လည်း မြန်မာနိုင်ငံသားများ စနစ်တကျ စည်းကမ်းရှိရှိ၊ ပညာတတ်ပြီးဖွံ့ဖြိုးတိုးတက် သွားမည်ကို မလိုလားသောသူများက အတွေ့အကြုံ၊ အသက်အရွယ် နုနယ်သော ကျောင်းသားလူငယ်များကို သွေးခွဲ၍ အစိုးရလုပ်တာမှန်သမျ ကန့်ကွက်ကြ ဆိုသည့်ပုံစံကို ဖေါ်ကျူးနေကြောင်း တွေ့ရပါသည်။ ခေတ်အဆက်ဆက်တွင်လည်း အဖျက်အမှောက်လမ်းစဉ်တွင် အစိုးရလုပ်ရပ်များကို မလိုလားသူ (ဆန့်ကျင်/အတိုက်အခံလုပ်သူ)များက ကျောင်းသားလူငယ်များကို ပစ်မှတ်ဖြစ်စေရန် သားကောင်အဖြစ်သရုပ်ဆောင်ခိုင်းသည်ကို သမိုင်းစာမျက်နှာများ ပြန်လှန်ကြည့်လျှင် တွေ့နိုင်ပါသည်။
              လက်ရှိတက္ကသိုလ်များသည် နှစ်ပေါင်းများစွာ နိုင်ငံတော်ထောက်ပံ့မှုဖြင့် ရပ်တည်နေခဲ့သည်ဖြစ်ရာ နိုင်ငံတော်၏ပညာရေးမူဝါဒနှင့် မလွတ်အောင်ညှိနှိုင်းရန် ဗဟိုမှပဲ့ကိုင်အဖွဲ့တစ်ဖွဲ့ လိုအပ်သလို မျှတသော ရုပ်ဝတ္ထု၊ ပညာရှင်များများပြည့်စုံစွာ ကိုယ်ပိုင်ရပ်တည်နိုင်အောင် နိုင်ငံတော်ပံ့ပိုးမှုကို ဖြတ်တောက်ပစ်လို့မရနိုင်သေးပါ။ တက္ကသိုလ်များအလိုက် လွတ်လပ်စွာစီမံခန့်ခွဲခွင့်ရနိုင်သော်လည်း အမျိုးသားပညာရေးမူဝါဒကို သွေဖယ်သွားသည်အထိ လွတ်လပ်စွာ စီမံခန့်ခွဲခွင့်မပြုသင့်ပါ။
             ကျောင်းသား၊ ကျောင်းသူများ အသက်အရွယ်၊ အချိန်ကာမရွေး မိမိစိတ်ဝင်စားသော ဘာသာရပ်နှင့် တက္ကသိုလ်ကို လွတ်လပ်စွာရွေးချယ်နိုင်သော်လည်း ထိုဘာသာရပ်၊ တက္ကသိုလ်နှင့် သတ်မှတ်စံနှုန်းများကိုတော့ ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် ကိုက်ညီဖို့လိုပါသည်။ ကျောင်းများထဲတွင် ဘာသာရေး၊ နိုင်ငံရေးများ ဝင်ရောက်စွက်ဖက်သည်နှင့် ငြိမ်းချမ်းစွာ ပညာသင်ကြားလိုသူများအတွက် အနှောင့်အယှက်မဖြစ်စေရ ဟု ဖေါ်ပြထားသည်ကို ဝေဖန်မှုပြုမည်ဆိုလျှင် ယခုလို အရေးများမပါဘဲ ကျောင်းသားများ ပညာရေးကိုသာဦးစားပေးနိုင်အောင် တာဝန်ယူ၊ တာဝန်ခံဖို့တော့ လိုအပ်မည်ဖြစ်သည်။
            ကျောင်းသားများ စာသင်ချိန်တွင် စာကိုသာ ကောင်းကောင်း နားလည်တတ်ကျွမ်းအောင် ပျော်ပျော်ရွှင်ရွှင်ဖြင့် လူငယ်သဘာဝအတိုင်း ကျောင်းနေပျော်၍ စာတော်စေလိုပါသည်။ ကျောင်းသားဘဝ လွန်မြောက်၍ ပညာရေးကို အသာထားပြီး ကျန်သောအရေးများကို ဆောင်ရွက်ချင်သပဆိုလျှင် ကျွန်ုပ်တို့အနေဖြင့် ဝေဖန်မှု မပေးလိုပါ။ သို့သော်လည်း နိုင်ငံရေးအကြောင်းပြ ကိုယ်ပိုင်ခံစားချက်သီးသန့်ကို ဘာအရေး၊ ညာအရေးများနှင့် ရောပြွမ်းပြီး အမှန်တကယ် ကျောင်းတက်၍ ပညာရေးကို ဆုံးခန်းတိုင်အောင် ကြိုးစားအားထုတ်နေရသူများအတွက် အချိန်များစွာ၊ ငွေများစွာ ပေးဆပ်နေရသည်ကို ယခုထက်ပိုမိုကုန်ကျပြီး ပိုမိုကြရှည်သည့် ပညာရေးမဖြစ်ဖို့၊ ကျောင်းသားလူငယ်များကို မြေစာပင်မဖြစ်စေဖို့ လူကြီးမိဘများက ဝိုင်းဝန်းထိန်းသိမ်းကြရမည်ဖြစ်ပြီး ကျောင်းသားများကလည်း ဆရာများထံ မိမိတို့လုပ်ဆောင်လိုသည်များကို တင်ပြဆွေးနွေးခြင်းဖြင့် မြေစာပင်ဘဝမှ လွတ်မြောက်ပါစေကြာင်း ရေးသားတင်ပြလိုက်ရပါသည်။
                                                                                           အိုင်ဗလိုင်း
ပခုက္ကူ    ဇန်န၀ါရီ    ၂၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ အိုရင်းရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၏ ၂၀၁၃-၂၀၁၄ပညာသင်နှစ်၏ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ဇန်န၀ါရီလ (၁၅)ရက်နေ့ နေ့လည်(၁)နာရီ အချိန်က အဆိုပါအလယ်တန်းကျောင်း(ခွဲ)တွင်ကျင်းပရာ ပညာရည်ချွန်ဆုများ အလှူရှင်ပခုက္ကူမြို့နေ သူနာပြု သင်တန်းကျောင်းအုပ်ကြီး(ငြိမ်း) ဒေါ်သိန်းညွှန့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးအရာရှိ ဦးတင်ဝင်း၊ အိုရင်းရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးကြည်နှင့် ဆရာ/ဆရာမများ၊ ကျောင်းဖွံ့ဖြိုးရေးကော်မတီများ၊ ကျေးရွာအုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား/သူများတက်ရောက်ကြသည်။
    အခမ်းအနားတွင် အိုရင်းရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာမကြီး က အမှာစကားပြောကြားခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးအရာရှိ ဦးတင်ဝင်းက ယနေ့ကျောင်းသား/သူများအား အနာဂါတ်၏သားကောင်းရတနာများ ထူးချွန်ထက်မြက်ပြီး နိုင်ငံနှင့်ပြည်သူ့အတွက် အားကိုးအားထားပြုရသည့် လူငယ်မောင်မယ်များဖြစ်လာစေရေနှင့် အလှူရှင် ဒေါ်သိန်းညွှန့်က ပညာရည်ချွန်များ ထွန်းပေါ်လာရေးအတွက် မတည်အလှူငွေ(၅)သိန်းကျပ်လှူဒါန်းခဲ့ရခြင်း၏ ရည်ရွယ်ချက်နှင့် ကျောင်းသားလူငယ်များအား ရည်မှန်းချက်ရှိစွာဖြင့် ပညာကြိုးပမ်းကြရေးအတွက် ရှင်းလင်းပြောကြားခဲ့ပါသည်။
တင်ဝင်းအောင်(ဥပဒေ)
Find Us on Facebook
Popular Posts
Video