Tuesday, January 20, 2015
ပခုက္ကူ    ဇန်န၀ါရီ    ၂၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ အိုရင်းရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၏ ၂၀၁၃-၂၀၁၄ပညာသင်နှစ်၏ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ဇန်န၀ါရီလ (၁၅)ရက်နေ့ နေ့လည်(၁)နာရီ အချိန်က အဆိုပါအလယ်တန်းကျောင်း(ခွဲ)တွင်ကျင်းပရာ ပညာရည်ချွန်ဆုများ အလှူရှင်ပခုက္ကူမြို့နေ သူနာပြု သင်တန်းကျောင်းအုပ်ကြီး(ငြိမ်း) ဒေါ်သိန်းညွှန့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးအရာရှိ ဦးတင်ဝင်း၊ အိုရင်းရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးကြည်နှင့် ဆရာ/ဆရာမများ၊ ကျောင်းဖွံ့ဖြိုးရေးကော်မတီများ၊ ကျေးရွာအုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား/သူများတက်ရောက်ကြသည်။
    အခမ်းအနားတွင် အိုရင်းရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာမကြီး က အမှာစကားပြောကြားခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးအရာရှိ ဦးတင်ဝင်းက ယနေ့ကျောင်းသား/သူများအား အနာဂါတ်၏သားကောင်းရတနာများ ထူးချွန်ထက်မြက်ပြီး နိုင်ငံနှင့်ပြည်သူ့အတွက် အားကိုးအားထားပြုရသည့် လူငယ်မောင်မယ်များဖြစ်လာစေရေနှင့် အလှူရှင် ဒေါ်သိန်းညွှန့်က ပညာရည်ချွန်များ ထွန်းပေါ်လာရေးအတွက် မတည်အလှူငွေ(၅)သိန်းကျပ်လှူဒါန်းခဲ့ရခြင်း၏ ရည်ရွယ်ချက်နှင့် ကျောင်းသားလူငယ်များအား ရည်မှန်းချက်ရှိစွာဖြင့် ပညာကြိုးပမ်းကြရေးအတွက် ရှင်းလင်းပြောကြားခဲ့ပါသည်။
တင်ဝင်းအောင်(ဥပဒေ)
0 comments:
Post a Comment
Find Us on Facebook
Popular Posts
Video