ပခုက္ကူ - ဇန်န၀ါရီ - ၂၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ ခရိုင် ၊ ရေစကြိုမြို့နယ် ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်
အတွင်းရှိ ကျေးရွာ( ၂၇)အုပ်စု၊ အစုအဖွဲ့(၄၅၈)ဖွဲ့၊အဖွဲ့ဝင်ပေါင်း(၄၁၂၀)ဦးတို့ အား ချေးငွေ ပေါင်း
(၅၁၁၉.၈၀) သိန်းထုတ်ချေးပေးပြီးဖြစ်သည်။
အဆိုပါ ချေးငွေများ ဖြင့် စပါးစိုက်ဧက(၂၃၅၆)ဧက၊ မြေပဲစိုက်ဧက(၄၈၆၁)ဧက၊ မတ်ပဲစိုက်ဧက
(၂၈၄)ဧက၊ နှမ်းစိုက်ဧက (၅၄၈)ဧက၊ ကုလားပဲစိုက်ဧက(၇၆၈၂)ဧက ၊ ပဲလွန်းစိုက်ဧက(၁၀၄)ဧက၊ နှင့်
ပဲပုတ်စိုက်ဧက(၃၄၀)ဧက၊စုစုပေါင်း(၁၆၁၇၅)ဧကအတွက် ထုတ်ချေးပေးပြီးဖြစ်သည်။
ယင်းကဲ့သို့ထုတ်ချေးငွေနုန်းထားများမှာ စပါး(၁)ဧကလျှင်ငွေကျပ်(၁)သိန်း၊အခြားသီးနှံ(၁)ဧကလျှင်
ငွေကျပ်(၂)သောင်းနုန်းဖြင့်ထုတ်ချေးပေးခြင်းဖြစ်ကြောင်းသိရသည်။ ဇော်ဝင်းမောင်(ရေစကြို)
Tuesday, January 20, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment