မကွေး ဇန်န၀ါရီ ၂၂
၂၀၁၅ခုနှစ်၊အထွေထွေရွေးကောက်ပွဲ တစ်နိုင်ငံလုံးအဆင့်အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းလုပ်ငန်း (အဆင့်-၃)အနေဖြင့် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်တွင် အခြေခံမဲဆန္ဒရှင်စာရင်းအား မကွေးတိုင်းဒေ ကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ IFES အဖွဲ့တို့ပူးပေါင်း၍ ကွန်ပျူတာစနစ်ဖြင့် ပြုစုခြင်းသင်တန်းဖွင့်ပွဲကို (၂၂.၁.၂၀၁၅)ရက်နေ့၊ နံနက်ါ(၀၉း၃၀)နာရီအချိန်တွင် မကွေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီင်္း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးကြည်စိန်းမှ သင်တန်းအဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၁၅ခုနှစ်အထွေထွေရွေးကောက်ပွဲအတွက် ပြည့်စုံမှန်ကန် သည့်မဲဆန္ဒရှင် စာရင်းရရှိရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းလုပ်ငန်းကို ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ ဆောင်ရွက်လျှက်ရှိကြောင်း ပထမအဆင့်အနေဖြင့် ရန်ကုန်တိုင်းဒေသ ကြီး၊ဒုတိယအဆင့်အနေဖြင့် နေပြည်တော်ကောင်စီနှင့် တတိယအဆင့်အနေဖြင့် မကွေးတိုင်းဒေသကြီးတို့ တွင်ဆောင်ရွက် သွားမ်ညဖြစ်ကြောင်း သင်တန်းသားများအနေဖြင့် သစင်တန်းကာလအတွင်း မရှင်းလင်း သည်များကို မေးမြန်းဆွေးနွေးသွားရန် လိုကြောင်းသင်တန်းပြီးပါက ခရိုင်အလိုက် မဲဆန္ဒရှင်စာရင်းပြုစုသွား ရမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအတွင်း မဲစာရင်းပြုစုခြင်းအား ပထမအဆင့်အနေဖြင့် မကွေးခရိုင် အတွင်းရှိ (၆)မြို့နယ်တွင် စတင်ဆောင်ရွက်သစွားမည်ဖြစ်ပြီး ကွန်ပျူတာ(၃၀)လုံးဖြင့် စတင်ဆောင်ရွက် သွားမည်ဖြစ်သည်။ ကျန်ခရိုင်များအတွက် သင်တန်းများထပ်မံဖွင့်လှစ်ပြီး ကွန်ပျူတာများလည်းထပ်မံ ထုတ် ဝေသွားမည်ဖြစ်ကြောင်း ၂၀၁၅ရွေးကောက်ပွဲအောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများနှင့် ပြည်သူ အားလုံးပုးပေါင်း ပါဝင်ဆောင်ရွက်ပေး သွားကြပါရန်တိုက်တွန်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးကြည်စိန်းနှင့် အဖွဲ့ဝင် များ၊ရွေးကောက်ပွဲအရာရှိများ၊ မကွေးခရိုင်နှင့် ကော်မရှင်အဖွဲ့ခွဲဝင်များ၊ မင်းဘူးခရိုင်၊ သရက်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ အတွင်းရေးမှူးများ အခြားဖိတ်ကြားထားသူများ၊ တိုင်းဒေသကြီး၊ မကွေးခရိုင်၊မင်းဘူးခရိုင်၊သရက်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအများမှ သင်တန်းသား စုစုပေါင်း (၄၂)ဦးတို့ တက်ရောက်ပြီး သင်တန်းကာလမှာ(၂)ရက် ဖြစ်ကြောင်းသိရသည်။
ညီညီ
Thursday, January 22, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment