ဆင်ပေါင်ဝဲ ဇန်န၀ါရီ ၁၉
၁။ မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ် လယ်မကျေးရွာတွင် ၂၀၁၄-၂၀၁၅ ပညာရည် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည်(၁)နာရိက လယ်မကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်းခွဲ ၌ ကျင်းပရာ ရှေ့ဦးစွာ လယ်မကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်လှိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပြိး အလယ်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာကြီး ဦးမြလွင်က ဆုပေးပွဲနှင့်ပက် သတ်သည်များ ရှင်းလင်းဆွေးနွေးခဲ့သည်။
၂။ ထို့နောက် ဆုရကျောင်းသား/ကျောင်းသူ(၂၇)ဦးတို့အား တာဝန်ရှိသူများကဆုများအသီးသီး ချီးမြှင့်ပေးခဲ့ ပြီး ကျောင်းအကျိုးတော်ဆောင် ကော်မတီအဖွဲ့ဝင် ဦးသန်ဆွေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့ သည်။ယင်းနောက်ကျောင်းသား/ကျောင်းသူ ကလေးများက အဆို/အကများဖြင့် ဖျော်ဖြေပေးခဲ့ကြောင်းသိရသည်။
Thursday, January 22, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment