၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂၉ ရက်နေ့ နံနက် (၉း၄၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင်၊ သရက်မြို့နယ်၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေလှည့်ကင်း တာဝန်ဆောင်ရွက်နေစဉ် စခန်းကြီးရေနံမှော်ရှိ ဦးရဲလင်းအောင်၏ ခြံရှေ့တွင် လူတစ်ဦးအား မသင်္ကာဖွယ်တွေ့ရှိ၍စစ်ဆေးရာ သရက်မြို့၊ တောင်မင်းတည်းရပ်နေ ဟိန်းမင်းလတ်(၂၃)နှစ် ဖြစ်ကြောင်း သိရှိရပြီး ၎င်းသိုင်းလွယ်ထားသော အပြာရောင်လွယ်အိတ်အတွင်းမှ အရိုးအသွား(၉) လက္မခန့်ရှိ ဓါးမြှောင်(၁)ချောင်းအားတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။
တရားမဝင်ဓါးလက်နက် ကိုင်ဆောင်သူ ဟိန်းမင်းလတ် (၂၃)နှစ်အား သရက်မြို့နယ်၊ မြို့မရဲစခန်း (ပ)၁၆/၂ဝ၁၅၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) အရ အရေးယူထားကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment