၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂၉ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ ချောက်မြို့နယ်၊ ဂွေးပင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အမျိုးသမီးတစ်ဦး သစ်ကိုင်း ကျိုးပိ၍သေဆုံးကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ ကြောင်း သတင်းရရှိပါသည်။
ထိုသို့စစ်ဆေးခဲ့ရာ ချောက်မြို့နယ်၊ အေးကုန်းအလယ်ကျေးရွာနေ မမာကြည်(၃၂)နှစ်တွင် ယာ လက်ကောက်ဝတ်ပေါက်ပြဲ၊ယာ လက်မောင်းပေါက်ပြဲဒဏ်ရာများနှင့် သေဆုံးနေသည်ကိုတွေ့ရှိရ သဖြင့် မေးမြန်းကြည့်ရာ ၂၉.၁.၂ဝ၁၅ ရက်နေ့ နံနက် (၁၀) နာရီအချိန်ခန့်တွင် မမာကြည်သည် နေအိမ်မှ ၎င်းပိုင်ယာခင်းသို့ အမှိုက်ကောက်ထွက်သွားရာမှ ယာခင်းထဲရှိ အမြင့် (၂ဝ)ပေခန့်ရှိ နဘဲပင်ပေါ်မှ ကျိုးကျသော(၁ဝ)လက္မပတ်လည်ခန့်ရှိ နဘဲသစ်ကိုင်းကျိုးပိနေသည်ကို တစ်ရွာ တည်းနေ ဦးစိုးဝင်း၊ ဦးသန်းအောင်တို့မှတွေ့မြင်၍ ၎င်းတို့မိသားစုထံအကြောင်းကြားပြီး နေအိမ်သို့ သယ်ဆောင်ခဲ့ရာ ၁၃ဝဝ အချိန် မမာကြည်မှာသေဆုံးသွားကြောင်း သိရှိရသဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန်အတွက် ချောက်မြို့နယ်၊ ဂွေးပင်နယ်မြေရဲစခန်း သေမှု သေခင်းအမှတ်စဉ် ၁/၂ဝ၁၅ အရ အမှုရေးဖွင့်ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment