Friday, January 30, 2015

မကွေးမြို့ ၊ ၂၀၁၅ ဇန်န၀ါရီ ၃၀ ရက်

 ၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ဝ၈၃ဝ အချိန်ခန့်တွင် မင်းလှမြို့နယ်၊ မင်းလှမြို့မရဲစခန်းမှ နယ်ထိန်းအဖွဲ့ခေါင်းဆောင် ရဲအုပ် ဇော်မင်းနိုင်နှင့်အဖွဲ့သည် သဖန်းချောင်း ကျေးရွာ အတွင်း ကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ့နှင့်အတူပူးပေါင်း၍ လှည့်ကင်းဆောင်ရွက်နေစဉ် မင်းလှမြိှု့နယ်၊ မင်းလှမြို့မရဲစခန်း (ပ)၂ဝ/၂ဝ၁၃၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၅၈ အမှုမှ တရားခံပြေး ဇော်ဝင်းထွဋ်၊ ၂၃နှစ်၊ (ဖ)ဦးသန်းဌေး၊ ဗမာ/ဗုဒ္ဓ၊ ကျပန်း၊ သဖန်းချောင်းကျေးရွာ၊ မင်းလှမြို့နယ် နေသူအား သဖန်းချောင်းကျေးရွာ၊ ရွာလယ် လမ်းမတွင် ဖမ်းဆီးရမိသဖြင့် မင်းလှမြို့မရဲစခန်းတွင် ချုပ်နှောင်ထားရှိပြီး တရားစွဲတင်ပို့ရန် ဆောင်ရွက် လျှက်ရှိပါသည်။

မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့တွင် မှတ်ပုံတင် (၂၉) စာရင်းဝင်တရားခံပြေး (၁၂) ဦး၊ မှတ်ပုံတင် ၂၉ (ဂ) စာရင်းဝင်တရားခံပြေး (၂၃၄) ဦးရှိသည့်အတွက် ၂၉.၁.၂ဝ၁၅ ရက်နေ့ထိ၊ မှတ်ပုံတင် ၂၉(က) စာရင်းဝင် တရားခံပြေး (၂) ဦး ၊ မှတ်ပုံတင် ၂၉(ဂ) စာရင်းဝင်တရားခံပြေး (၇၂) ဦး ၊ စုစုပေါင်းစာရင်းဝင် တရားခံပြေး (၇၄) ဦး ဖမ်းဆီးရမိပြီးဖြစ်သဖြင့် ဖမ်းဆီးရမိမှု ရာခိုင်နှုန်းမှာ (၃ဝ.၁) ရာနှုန်းဖြစ်ကာ သတ်ဆိုင်ရာတရားရုံး များသို့ တရားစွဲတင်ပို့ခဲ့ကြောင်း သတင်းရရှိပါသည်။





0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video