Saturday, January 31, 2015

၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၃၀ ရက်နေ့ နံနက် (၅း ၄၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ အောင်လံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် အောင်လံမြို့၊ မကျီးကုန်း ရပ်ကွက်၊ ပြည်လမ်းပေါ်၌ ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ ဖြစ်စဉ်မှာ အောင်လံမြို့၊ ဈေးကုန်းရပ်ကွက်၊ အောင်မင်္ဂလာလမ်းနေသူ ဦးသံဒိုး(၆၃)နှစ် သည် နွားလှည်းပေါ်သို့ နွားချေးများ တင်ဆောင်ပြီး ယာခင်း၌ချရန် မကျီးကုန်းရပ်ကွက်တွင်းမှ ထွက်၍ ရန်ကုန်-ပြည်-မကွေး ကားလမ်းဘေးအတိုင်း ယာဘက်မှ နွားလှည်းမောင်းနေစဉ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းရှေ့ အရောက်တွင် ရန်ကုန်ဘက်မှ မကွေးမြို့ဘက်သို့ မကွေးခရိုင်၊ မကွေးမြို့၊ ကန်သာရပ်ကွက်၊ ၁၄ လမ်းနေသူ ယာဉ်မောင်း ဇော်ဝင်း(၆၄) နှစ် မောင်းနှင် လာသော ၄ဃ/xxxx ဖူဆို (၁၂)ဘီးယာဉ်သည် နွားလှည်းအား နောက်မှဝင်ရောက် တိုက်မိသဖြင့် နွားလှည်းမောင်းသူ ဦးသံဒိုးတွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ နှာခေါင်း/ပါးစပ် သွေးထွက် ဒဏ်ရာများ ရရှိ၍ သေဆုံးသွားခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ဇော်ဝင်းအား အောင်လံ မြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၅/၂၀၁၅၊ ပြစ်မှု ဆိုင်ရာ ဥပေဒပုဒ်မ ၃၀၄-က အရအမှုဖွင့်အရေးယူ ဆောင်ရွက်ထား ကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video