၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၃၀ ရက်နေ့ ညနေ (၆း၄၅) နာရီအချိန် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့၊ သစ်တပွေရပ်ကွက်၊ ဗန္ဓုလရပ်၊ ရန်ကုန်-မန္တလေး ကားလမ်းမိုင်တိုင်အမှတ် ၃၆၁/၆ အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သိရှိရပါသည်။
ဖြစ်စဉ်မှာ ရေနံချောင်း မြို့တွင်းမှ မကွေးမြို့ဘက်သို့ သစ်တပွေရပ်ကွက်နေသူ မင်းမင်းထွန်း (၃၅) နှစ် မောင်းနှင် လာသော လိုက်ထရပ်အဖြူရောင် ယာဉ်အမှတ် 8D/xxxx သည် ကားလမ်း၏ ၀ဲဘက်သို့ တစ်ဘက်ယာဉ်ကြောမရှင်းဘဲ ချိုးကွေ့ဝင်လိုက်စဉ် မကွေးမြို့မှ ရေနံချောင်းမြို့ဘက် သို့ ရေနံချောင်းမြို့၊ မြို့မမြောက်ရပ်ကွက်နေသူ သက်ပိုင်စိုး(၂၄)နှစ် မောင်းနှင်ပြီး နောက်မှ တွင်းကုန်း ရပ်ကွက်နေသူ အေးလွင်(၄၄)နှစ် လိုက်ပါစီးနင်းလာသော ၁၉ယ/xxxxx ဇင်းနစ်-၁၁၀ အနက်ရောင် ဆိုင်ကယ်အား မျက်နှာချင်းဆိုင် ၀င်ရောက် တိုက်မိ၍ သက်ပိုင်စိုးတွင် ယာဒူး ပွန်းပဲ့ ဒဏ်ရာ၊ ၀ဲခြေမ ပွန်းပဲ့ဒဏ်ရာ၊ ယာခြေကျင်းဝတ် နာကျင်ဒဏ်ရာ၊ ယာလက်ဖျံပွန်းပဲ့ဒဏ်ရာ နှင့် အေးလွင်တွင် ယာလက်ဖျံ နာကျင်ဒဏ်ရာ၊ ယာခြေသလုံးပေါက်ပြဲဒဏ်ရာ၊ နောက်ကြော ၀ဲဘက်ခြမ်း ပွန်းဒဏ်ရာ၊ ၀ဲဒူးပွန်းပဲ့ ဒဏ်ရာတို့ ရရှိခဲ့ကြောင်းသိရှိရပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ မင်းမင်းထွန်း အား ရေနံချောင်းမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၁/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၃၈/ ၃၃၇ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။
0 comments:
Post a Comment