Saturday, January 24, 2015

၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂၁ ရက်နေ့ ည ၇ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ ဆုံကုန်းကျေးရွာနေ ဒေါ်ညိုလုံး(၅၉)နှစ် သည် နေအိမ်တွင်ရှိနေစဉ် တစ်ရွာ တည်းနေ တူတော်စပ်သူ မောင်ရဲစိန် ရောက်ရှိလာပြီး ဦးလေး ဦးအောင်သန်းမှ ခေါ်ခိုင်းသည်ဟုဆို၍ တစ်ရွာ တည်းနေ မောင်တော်စပ်သူ ဦးအောင်သန်း(၅၀)နှစ်၏ နေအိမ်သို့ လိုက်သွားခဲ့ရာ ဦးအောင်သန်း မှာ နေအိမ်ဝိုင်း ၀င်ပေါက်အနီးလမ်းပေါ်တွင် ရင်ညွန့်အောက်၌ အကျယ် (၁)လက်မခန့်ရှိ ထိုးသွင်းဒဏ်ရာ (၁)ချက် ရရှိကာ လဲကျနေကြောင်း တွေ့ရှိရသဖြင့် မေးမြန်းခဲ့ ကြောင်း၊ ဦးအောင်သန်းအား ၄င်းတို့နှင့် တစ်ဝိုင်းတည်းနေ ဦးအောင်သန်း၏ တူဖြစ်သည့် သန်းနိုင် (၄၃)နှစ် မှ အရိုးအသွား (၁၃)လက်မခန့်ရှိ ဓါးဖြင့် ထိုးသွားကြောင်း သိရှိရပြီး ဦးအောင်သန်းအား ကျောက်ပန်းတောင်း မြို့နယ်ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသရန် ခေါ်ဆောင်သွားစဉ် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။

ဦးအောင်သန်းမှာ ၄င်း၏ ယာကွက်အား သန်းနိုင်ထံသို့ အပေါင်ထားခဲ့ရာမှ ပြန်ရွေးစဉ် တစ်ဦးနှင့် တစ်ဦး စကားများပြီး သန်းနိုင်မှ ဦးအောင်သန်း အား ဓါးဖြင့်ထိုးသဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

 ဖြစ်စဉ်နှင့် ပတ်သက်၍ သန်းနိုင်အား ဥပဒေအရ အရေးယူပေးပါရန် ၂၂.၁.၂၀၁၅ ရက်နေ့ တွင် ဒေါ်ညိုလုံး မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် နတ်မောက်မြို့နယ်၊ မြို့မရဲစခန်း (ပ) ၅/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video